A/N

3.9K 203 0
                                    

ပြီးပါပီရှင်၊ အနော်ရေးသမျှထဲမှာ ဇာတ်သိမ်းသွားတဲ့ fic က အလွန်ရှားပါတယ်၊ တစ်ပုဒ်ရေးနေရင်း idea ရလိုက် အသစ်ရေးလိုက် ၊ reader တွေက သောက်မြင်ကတ်လိုက်နဲ့ ကျင်လည်နေရတာပါလို့ :) vote များများပေးရင်တော့ ခ်ခ် မြန်မြန် update ပါ့မယ်နော် .. ဟီဟီး ခုလည်း teaser တင်ပြီး ဆွဲဆောင်လိုက်ဦးမယ် ^_^

Tiltle - How he made me fall in love in this summer

Cast - Chanyeol and OC (you)

Genere - Fancy, Romance , Humour

Teaser

သူကသာ မျက်လုံးကြီးမှိတ် နှုတ်ခမ်းကြီးစူရင်း ခိုညည်းသလိုထိုင်ညည်းနေတာ။ သူ့ appa နဲ့ umma ကတော့ ပြောရင်ပြောတဲ့အတိုင်းပဲ အထုပ်အပိုးတွေစပြင်ပေးနေကြပြီ။ နောက်တော့လည်း ယူစရာပစ္စည်းတွေကျန်နေခဲ့မှာစိုးတာနဲ့ သူပါထပြီး ဝိုင်းလုပ်ပေးလိုက်ရတယ်။ သွားပါပြီ .. ဒီနှစ် Summer ကတော့ တကယ့် ဘူပဲ။ Tokyo မြို့ကြီးကို သွားလည်ဖို့နေနေသာသာ ခုတော့ ဟိုးတောကြိုအုံကြားထိသွားရဦးမယ်တဲ့။ ဒါပေမယ့် သူမသိလိုက်တာက သူ့ဖေဖေနဲ့မေမေတို့ တစ်ယောက်နဲ့တစ်ယောက် မသိမသာမျက်စတွေပစ်ရင်း ကြိတ်ရယ်နေကြတာကို။

***********************************

Umm ... Okay ... သူပြောထားတာတွေထဲက တောကြိုအုံကြားဆိုတဲ့ တစ်ချက်ကိုတော့ ပြန်ရုတ်သိမ်းတယ်။ ပင်လယ်ကမ်းခြေမြို့လေးဖြစ်တာကြောင့် အခု Summer မှာ လည်ဖို့ပတ်ဖို့ အနားယူဖို့လာတဲ့သူတွေနဲ့ မြို့လေးကစည်းကားနေတော့ ပထမက သူထင်ထားတာနဲ့ တက်တက်စင်အောင်လွဲနေတာ။ ပြီးတော့ တောလို့သာပြောတာ .. Seoul နီးပါး ခေတ်မီပြီး တိုက်တွေကားတွေနဲ့ ဖွံ့ဖြိုးသင့်သလောက်ဖွံ့ဖြိုးနေခဲ့ပြီ။

ဒီတစ်နွေလုံး သူနေရမယ်ဆိုတဲ့နေရာရောက်တော့ အိမ်ကမထွက်လာခင်က 100% မကောင်းမြင်ထားတာကနေ 80% လောက်တော့ လျှော့ချပေးလိုက်တယ်။ အိမ်ကလေးက ကမ်းခြေနဲ့မလှမ်းမကမ်းမှာ ခြံနဲ့ဝန်းနဲ့သပ်သပ်ရပ်ရပ်ဆောက်ထားတဲ့ 2ထပ် တိုက်ပုလေးပါ။ Blue Navy ရောင်လေး ခပ်ပါးပါးသုတ်ထားတော့ ကြည့်လိုက်တာနဲ့ မျက်လုံးထဲအေးခနဲ။ သဘောအကျဆုံးကတော့ အိမ်ရှေ့ကပန်းခြံလေး။ အမြဲ Apartment ထဲမှာပဲ နေမထိလေမထိနေလာရတော့ ပန်းခြံလေးကိုကြည့်ရင်း Yoon တစ်ယောက် သဘောလည်းကျ အံ့လည်းအံ့သြနေတာမို့ ပါးစပ်ကလေးဟောင်းလောင်းဖြစ်နေတာ။

Love Strategy {Xiulay Version}Where stories live. Discover now