For your eyes only-12

5.5K 520 58
                                    

Unicode
_________

ဝေးနေတယ် ဆိုတာ သိပေမဲ့....
သတိရတိုင်း အနားမှာ ရှိနေစေချင်တယ်။
အိမ်မက်မက်တိုင်း သူ့အနားရောက်ချင်တယ်။
နိုးထလာတိုင်း သူ့ကိုပဲ မြင်ချင်တယ်။
မဖြစ်နိုင်တဲ့ ဆောင်းအိမ်မက်ဟာ...
အမုန်းတွေ ဥပေက္ခာ တွေအောက်မှာ ဝပ်စင်းခဲ့ရပေါ့။

.......................... ။


အိပ်ရေးမဝလို့ စပ်ဖျင်းဖျင်း ဖြစ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ရင်း သူ့နောက်ကြောက အခန်း တံခါးဖွင့်သံကြောင့် ဆော့ဂျင်ခန္ဓာကိုယ်လေး တွန့်ကနဲဖြစ်သွားကာ ခါးကို မတ်နေအောင် ပြင်ထိုင်လိုက်သည်။

Koo လာပြီပဲ။ တစ်ညလုံး သူ့ကိုတစ်ယောက်ထဲ ထားရစ်ခဲ့သူကြီး။မျက်မှန်ဝိုင်းဝိုင်းလေးကို ပင့်တင့်လိုက်သလိုလိုနဲ့ kooရဲ့ မျက်နှာကို ခိုးကြည့်မိသည်။

ဆံပင်ခပ်အုပ်အုပ်ကို အသေအချာ ပုံသွင်း​ဖြီးထားပြီး ခပ်တည်တည် မျက်နှာထားကြောင့် Kooက ပိုပြီး လူကြီးဆန်ပုံ ပေါက်နေသည်။မေးရိုးတစ်လျှောက် နုနုစိမ်းစိမ်းလေးတွေက မုတ်ဆိတ်မွှေးလေးတွေ ရိပ်ထားသည့်ထင်။အတန်ကြာ ခိုးကြည့်ပြီးမှ မလုံမလဲဖြစ်ကာ အပြင်ထွက်ပြီး ကော်ဖီသောက်ဖို့ လုပ်လိုက်တော့....

"ဘယ်ကိုလဲ ကင်ဆော့ဂျင် "

"ဟို...ဟို...ကော်ဖီသောက်မလို့ပါ"

"တစ်ညလုံး မအိပ်ဘဲနဲ့ကို ကော်ဖီထပ်သောက်မလို့လား"

"မဟုတ်...."

"နွားနို့သောက်လိုက် ရော့..."

သူ့ရှေ့တည့်တည့်ကို နွားနို့ဘူးလေး ပစ်ချကာ ပိုက်လေးပါ တပ်လျက်သား။

မဆိုးပါဘူး။သောက်စရာ ဘူးတစ်ခုခုဆို ပိုက်နဲ့တပ်ပြီးမှ သောက်တပ်တဲ့ ကျွန်တော့်အကျင့်ကို Koo မှတ်မိနေသေးတာပဲ။ကော်ဖီသောက်ရင် ရင်တုန်မှာစိုးရိမ်လို့လား ။ကျွန်တော်ကတော့ ဟိုးခပ်ဝေးဝေးကနေ ခင်ဗျားအရိပ်ကလေးကို မြင်တာနဲ့ ရင်တုန်နေပြီးသား။

"နေပါစေ မသောက်တော့...."

"ဒီမှာ မင်းကိုစေတနာတွေရှိလွန်းလို့မထင်နဲ့။သေဒဏ်ကျခံရမဲ့ အ​​ပြစ်သားတစ်ယောက်က သတ်မှတ်ရက်မတိုင်ခင် ဖျားရင်နာရင် ဆေးကုပေးသလိုမျိုးပေါ့။မင်းကိုလည်း ငါ နှိပ်စက်လို့ မပြီးမချင်းကြားထဲမှာ အသေမခံနိုင်ဘူး။ အဲ့ဒါကို...မြဲမြဲမှတ်ထား ကင်ဆော့ဂျင်"

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now