For your eyes only -13

5.9K 516 50
                                    

Unicode
_________

သွေးအေးသွားပြီ ဆိုတာ သိနေပေမယ့်လည်း
မင်းဆီက ဂရုစိုက်မှုလေးကို မျှော်နေမိတုန်းပဲ။
တိတ်တဆိတ်ပေါ့......။

.............။

ဂျောင်ကု အစောကြီးကတည်းက ကုမ္ပဏီ ကိုရောက်နေကာ အခန်းထဲမှာ ဂနာမငြိမ် ဖြစ်နေသည်။မနေ့က သူ့ရဲ့ အမှား​ကြောင့် ဆော့ဂျင် အဆင်ပြေရဲ့လားဆိုတာ သိချင်မိသည်။ ထိုင်ခုံမှာ ထိုင်လိုက်ရင်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်လိုက်, ပြန်ထိုင်လိုက်နဲ့ ခုချိန် သူ့အနားမှာသာ ခွေးတစ်ကောင်ရှိနေရင် မျက်စိနောက်ပြီး အကိုက်ခံရမှာ အသေအချာပင်။

ဘာတွေလုပ်နေလို့ ဒီလောက်နောက်ကျနေရတာလဲ။ခုထိကို မလာနိုင်သေးဘူး။နေမကောင်းများ ဖြစ်နေပြီလား။ဟိုတစ်ခါ သူ နမ်းတုန်းကလည်း မိုးရေထဲမှာ မေ့လဲသွားခဲ့သည်မဟုတ်လား။မဟုတ်မှလွဲရော နေမကောင်းဖြစ်နေပြီလား။

အတွေးပေါင်းစုံနဲ့ လူးလားခေါက်တုံ့ခေါက်ပြန်လျှောက်နေတုန်း တံခါးခေါက်သံကြားတော့မှ သူထိုင်ခုံမှာ ဖရိုဖရဲ ပြေးထိုင်လိုက်သည်။

မကြာမီ အခန်းထဲသို့ မျက်မှန်ဝိုင်းလေးကို တပင့်ပင့်နဲ့ ဝင်လာတဲ့ ကောင်လေး။ စ ဝင်လာကတည်းက သူ့ကို အလျဥ်းမကြည့်။

"အဟမ်း...ဟမ်း..."

ဂျောင်ကုက မသိမသာ ခိုးကြည့်ကာ ချောင်းဟန့်လိုက်ပေမဲ့ မျက်မှန်ကိုင်းလေးကို ပင့်တင့်ကာ ထိုင်ခုံကို နေရာပြောင်းပြီး သူ့ကို နောက်ခိုင်းထိုင်လိုက်တဲ့ ကောင်လေးကြောင့် သူ့စိတ်တွေ ထိန်းချုပ်မရကာ အသည်းတယားယားဖြစ်သွားသည်။

ကြည့်စမ်း....ဒါ သက်သက်ကို လုပ်တာ။ပါးစပ်က ထုတ်မပြောပေမဲ့ သူ့ကို စိတ်ဆိုးနေမှန်း သိသာအောင်ကိုလုပ်နေတာ။ကောင်းပြီ...မင်းကပဲ စိတ်ဆိုးနိုင်မလား။ ငါကပဲ နေနိုင်မလားလို့ ကြည့်ကြသေးတာပေါ့။

နောက်ခိုင်း​ပြီး ကွန်ပျူတာကိုသာ အသဲအမဲ အာရုံစိုက်နေသူကြီးကို ခိုးကြည့်လိုက်ရင်း ဆော့ဂျင် ဝမ်းနည်းမိသွားသည်။

Koo စိတ်ထဲမှာ ကျွန်တော့်ကို နည်းနည်းလေးတောင် အရေးမလုပ်တော့ဘူး မဟုတ်လား။ကျွန်တော်က ဘာတန်ဖိုးမှ မရှိတဲ့ကောင်မဟုတ်လား။စိတ်ထွက်ပေါက်အနေနဲ့ ခဏတာ အဖျော်ဖြေခံသာသာပဲ မဟုတ်လား။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now