For your eyes only-17

6.8K 505 45
                                    

Unicode
_______

ဒီနေ့ ကောင်းကင်ပြာကြီးလည်း အရမ်းလှတယ်။
သစ်ပင်လေးတွေလည်း လှတယ်။
တွေ့သမျှ...မြင်သမျှ အရာအားလုံးလှနေတယ်။
ဘာလို့ဆို...အဲ့ဒီကောင်လေး ကျွန်တော့်ဘေးရှိနေလို့...။

................။

ဆော့ဂျင် မျက်လုံးဖွဖွ ဖွင့်ကြည့်တော့ ကုတင်ဘေးက ခုံမှာ ထိုင်ပြီး အလုပ်ရှုပ်နေသည့် ထိုလူသား....။
ဆံပင်ခပ်အုပ်အုပ်ကို တစ်ချက်,တစ်ချက်ပင့်တင်လိုက်သောအခါ ဝေ့ကနဲ ဖြစ်သွားတာက ဘာနဲ့မှ မတူအောင် ကြည့်ကောင်းနေခဲ့သည်။ဘေးတိုက်ကြည့်တာတောင် ယောကျာ်းပီသသော မေးရိုးတို့ကြောင့် ချောမောမှုက အထင်းသား။ထိုလူသားသည် သူ့ကို အရမ်းချစ်သည်တဲ့လား...။မျှော်လင့်ခဲ့ရတဲ့ ပျော်စရာကောင်းသည့် နေ့လေးတွေက အမှန်တကယ်ရောက်လာတော့ ကြည်နူးမှုက ဘာနဲ့မှ မလဲနိုင်အောင် ချိုမြန်လွန်းသည်။

"နိုးနေပြီလား။ ကလေး စားဖို့ ကြက်ဥပူတင်းရယ် နွားနို့ရယ် ပေါင်မုန့်ရယ် လုပ်နေတာ"

ပြီးမှ စားစရာတွေ တင်ထားသည့် လင်ဗန်းလေးကို ယူလာကာ သူ့ရှေ့တည့်တည့်ချပေးသည်။

"သြော်...မေ့နေတာ...ကလေး မျက်နှာသစ် သွားတိုက်ရဦးမယ်....ကိုယ် စိတ်စောသွားတယ်"

"အင်း...ကျွန်တော် မျက်နှာသစ်လိုက်ဦးမယ်"

ဆော့ဂျင်က အတင်းထမယ် လုပ်တော့ သူက ခါးကနေ ထိန်းပြီး ပွေ့ချီလာသည်။ရပါတယ် ဆိုတဲ့ မျက်နှာ အမူအရာနဲ့ကြည့်လိုက်တော့...

"ငြိမ်ငြိမ်နေ....ကိုယ်ပဲ ချီပြီးခေါ်သွားပေးမယ်"

စိတ်ချမ်းသာပါစေတော့ ဆိုတဲ့ သဘောနဲ့ သူ့လည်ပင်းကို ပြန်လည်ဖက်တွယ်ထားတော့မှ ကျေနပ်သွားသည့်ပုံစံနဲ့ ပြုံးပြီး နဖူးလေးကို တစ်ချက် ဖွဖွ နမ်းသည်။

ရေချိုခန်းထဲရောက်တော့ ဆော့ဂျင် ကို ချပေးပြီး မျက်နှာသစ်ပေးမယ် လုပ်​ပြန်တာမို့ အတင်းငြင်းရသည်။

"အာ...နေပါစေ...ကျွန်တော့်ဘာသာ လုပ်မယ်။Koo အပြင်က စောင့်နေပေးပါလား"

ေဂျာင်ကုက အလျှော့မပေး။ မျက်နှာသစ်ပေးဖို့ ရေဖွင့်လိုက်တော့ ဆော့ဂျင်..သူ့ကိုယ်ကြီးကို တံခါးအပြင်ဖက်တွန်းပစ်လိုက်ရင်း...

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now