For your eyes only-18{U & Z}

6.9K 492 78
                                    


Unicode
_______

နံနက်ခင်းတစ်ခုကို အစပြုလိုက်သည်နှင့် သူ သိပ်ချစ်တဲ့ လူသားလေးသည် ရင်ခွင်ထဲမှာ ခပ်ကွေးကွေးလေးနှင့်...အိပ်လို့ကောင်းဆဲ။

အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းပြီးနောက် အကြောတစ်ချက်ဆန့်လိုက်ကာ ထ ထိုင်လိုက်သည်။ပြီးတော့ ဘေးမှာ အိပ်ပျော်နေဆဲ ကောင်လေးကို တစ်မေ့တစ်မော ငေးကြည့်မိရင်း ပါးပြင်နုနုကို တစ်ချက်မွှေးကာ နှိုးလိုက်သည်။

"Jin....."

သူ အတင်းလှုပ်နိုးနေတာကြောင့် မျက်နှာလေးရှုံ့မဲ့ကာ ပါးစပ်ကလည်း အပျင်းသံလေးတွေ ထွက်ပေါ်လာသည်။ ပြီးမှ မျက်လုံးတွေ ပွင့်လာပြီး သူ့ကို လက်ကမ်းပေးရင်း ပြောလာသည်။

"ချီ..."

ကြည့်ပါဦး။ ချွဲနေလိုက်တာ...။

ခါ​းကနေ ပွေ့ချီလိုက်တာကြောင့် ခြေထောက်နှစ်ဖက်က သူ့ခါးပေါ်ကို ချိတ်တွယ်လာကာ လက်ကလေးနှစ်ဖက်ကလည်း သူ့လည်ပင်းတွေကို ဖက်တွယ်လာသည်။ခါးပေါ်က သူ့လက်တွေက နယ်ကျွံပြီး ကောင်လေးရဲ့ တင်ပါးလုံးလုံးလေးကို ဖျစ်ညှစ်မိတော့ မျက်နှာလေးရှုံ့မဲ့ကာ ပါးဖောင်းဖောင်း နှစ်ဖက်က ရဲသွားသည်။

"အာ...Kooနော်..လက်က.."

"ချစ်စရာလေးကွာ...ကိုက်ဆွဲချင်စရာလေး"

"ဘယ်လိုဖြစ်နေတာလဲ "

"ကိုယ့်ကို morning kiss လေး ပေးပါဦး။ပေးရင် လွှတ်မယ်..မပေးရင်မလွှတ်ဘူး"

လူကို လှုပ်လို့မရအောင် ချုပ်ထားပြီး အကျပ်ကိုင်နေတဲ့ ဂျောင်ကုကြောင့် ဆော့ဂျင်မှာ အတင်းရုန်းလေ နစ်လေမို့ မတတ်သာတော့တဲ့အဆုံး စိတ်ကို လျှော့ကာ အသက် ဝ ဝ တစ်ချက်ရှုသွင်းလိုက်ရင်း....

"အဲ့ဒါဆို.. မျက်လုံးမှိတ်ထား"

ဆော့ဂျင် ပြောလိုက်တော့ နာခံစွာဖြင့် မျက်လုံးတွေ
မှိတ်သွားကာ အပြုံးတွေနဲ့ သူ့အနမ်းကို ခံယူဖို့ပြင်နေတဲ့ဂျောင်ကုကို ကြည့်ပြီး အကြံရသွားသည်။

"အ..."

နူးညံ့ငြင်သာသည့် အနမ်းတစ်ပွင့်အစား အောက်နှုတ်ခမ်းပြည့်ပြည့်ကို ကိုက်ချလိုက်သည်။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now