For your eyes only-16

7K 528 93
                                    

Unicode
_________

ကမ္ဘာပျက်တယ်ဆိုတာ ကိုယ့်အတွက်တော့
မင်းလေး ကိုယ့်ဘေးနားမှာ မရှိတော့တာပဲ။

ကိုယ်ဘာဆက်လုပ်ရမလဲ။
အကယ်၍ မင်းသာ ကိုယ့်ဘေးက
ထာဝရထွက်သွားမယ် ဆိုရင်..
ကိုယ်ဘယ်လို ပြန်တည်ဆောက်ရပါတော့မလဲ။

........................။

ခွဲစိတ်ခန်းရှေ့မှာ ငူငူကြီး ထိုင်နေသည်မှာဘယ်နှစ်နာရီလောက်တောင် ကြာပြီမသိ။ဆရာဝန်က ခုထိထွက်မလာသေးတော့ သူရင်တွေ မီးလောင်မြိုက်နေလေသည်။ဒီတစ်ခါပဲ...ဒီတစ်ခါပဲ..ဆုတောင်းပြည့်ချင်တယ်။ကျေးဇူးပြုပြီး ကျွန်တော့်ဘေးနားကို အဲ့ဒီကောင်လေးကို ပြန်ပို့ပေးပါ။

ဆော့ဂျင်ရဲ့ အဖေနဲ့အမေမှာလည်း သားအတွက် မျက်ရည်ကျရုံမှ တစ်ပါး။မိဘနှစ်ပါးမှာ ဖင်မထိုင်နိုင်ဘဲ ခွဲစိတ်ခန်းရှေ့မှာ​ ယောက်ယက်ခတ်အောင်လမ်းလျှောက်နေသည်။

"လူနာ ကင်ဆော့ဂျင် ရဲ့အုပ်ထိန်းသူ"

ခွဲစိတ်ခန်းထဲက ဆရာဝန်ထွက်လာသည်နဲ့ သူတို့အားလုံး အပြေးအလွှား သွားလိုက်သည်။

"ဒေါက်တာ..သားလေး အခြေအနေ..."

"ကျည်ဆံက ထုတ်လို့ပြီးသွားပါပြီ..ဒါပေမဲ့ အခုထိ သတိမရသေးပါဘူး။အခြေအနေက စိတ်ချထားရမဲ့ အခြေအနေတော့ မဟုတ်သေးဘူး။နောက်ထပ် တစ်နာရီလောက်ကြာမှ လူနာကို ကြည့်ခွင့်ရပါမယ်။ခွင့်ပြုပါဦး..."

တော်ပါသေးရဲ့။ရပြီ....မင်းလေး အသက်ရှင်တယ် ဆိုတာနဲ့တင် ကိုယ်ဖြေသိမ့်လို့ရပြီ။

" ဂျောင်ကု....ဦးလေးတို့ စကားနည်းနည်းပြောရအောင်"

ဆော့ဂျင်ရဲ့ အဖေ....တစ်နည်းအားဖြင့် သူ့ရဲ့ သူဌေး ကင်ဒေါင်ဂူ။

ဆေးရုံရှေ့ဘက်လမ်းလေးအတိုင်း လျှောက်လာသည်အထိ သူတို့ ဘာစကားမှ မပြောဖြစ်ကြ။

လမ်းလျှောက်လာကြရင်း သူ့ရှေ့ပိတ်ရပ်ပြီး ဒူးထောက်လိုက်တဲ့ ဆော့ဂျင် အဖေကြောင့် သူ အလန့်တကြား ဆွဲထူလိုက်သည်။

"CEO...ဘာ...ဘာလုပ်တာလဲ"

ကင်ဒေါင်ဂူမှာ ချက်ချင်းအသံမထွက်နိုင်သေးဘဲ ကျောပြင်တွေ လှုပ်တဲ့ထိ ရှိုက်ကြီးတငင်ငိုနေသည်။အမြဲတမ်းတိကျ ပြတ်သားပြီး ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်တဲ့ CEOလို လူမျိုးက ခုလို ဝမ်းပန်းတနည်း ငိုနေတာမြင်တော့ သူစိတ်မကောင်းတော့ ဖြစ်မိသည်။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now