EP 7 Uni

8.8K 371 13
                                    

အခန်းတခန်းရဲ့ မီးရောင်မှိန်မှိန်လေးအောက်မှာ
ကောင်းမြတ် ရဲ့ ဆေးလိပ်ငွေ့ကြောင့်အရာအရာဟာ
ကောင်းကောင်းမမြင်ရ ကုတင်ထပ်မှာ ကောင်းမြတ်
ဟာ ဘောင်းဘီတိုတိုတထည်သာဝတ်ထားပြီး
ဆေးလိပ်ဖွာနေသည်။ ဆေးလိပ်ဖွာရင်း JC မှာ
တွေ့ခဲ့သည့် ပျိုမဒီဦး အကြောင်းစဉ်းစားနေသည်။
ငယ်ငယ်ကထဲကအိမ်ချင်းကပ်ရပ်ဖြစ်ပြီး မိဘချင်းမှာ
လည်းရင်းနီးကာ ကောင်းမြတ် နဲ့ ပျို မှာလည်းအလွန်
ရင်းနီးကြသည်။ ပျို ဆယ်တန်းတတ်တဲ့အရွယ်မှာ
ကောင်းမြတ် ကနိုင်ငံခြားသို့အဖေကပညာသင်ရန်လွှတ်လိုက်၍ ပျိူ နှင့်ဝေးခဲ့ရခြင်းဖြစ်သည်။ ယခု ပြန်တွေ့တော့ ပျို့ဘေးမှာလည်းမိန်းကလေးတယောက်နဲ့ထိုမိန်းကလေး ဝတ်ပုံစားပုံကိုကြည့်ပြီးပေါ့သေးသေးမဟုတ်တာတော့ ကောင်းမြတ်သိသည်။ ထိုစဉ်ကောင်းမြတ်ရဲ့ခါးကိုလာရောက်ဖက်တွယ်တဲ့လက်တစုံ..

"အကို..ဒီည..ဒီမှာဘဲအိပ်ပြီးပြန်မှာမဟုတ်လား..?"

အဝတ်မဲ့နေတဲ့ကောင်လေးဟာ မွေ့ယာမှာထလိုက်ရင်းနောက်ကနေကောင်းမြတ်ခါးကိုဖက်တွယ်ရင်းချွဲ
ကာ ပြောသည်။ထိုကောင်လေးနာမည် မင်းခန့်ကို

ကောင်းမြတ်လည်း..မင်းခန့်ကို ရဲ့ လက်ကို ပြန်လည်ဆုပ်ကိုင်ရင်း...

"ညနက်နေမှတော့ ဒီညတော့ ဒီမှာဘဲအိပ်မှာညီ.."

"ဒါနဲ့ အကို က ဘာတွေစဉ်းစားနေတာလဲ..ဆေးလိပ်
တွေတလိပ်ပြီးတလိပ်သောက်နေတာ ညီတွေ့တယ်"

"အင်း.....အကိုနဲ့ငယ်ငယ်က ရင်းနီးတဲ့
ကောင်မလေး အကြောင်း.."

"ဟို ပျိုမဒီဦး လား.."

"ညီ က ဘယ်လိုသိတာလဲ.."

"အကိုဒီလောက်ခနခနပြောနေတာလေ ညီသိတာ
ပေါ့..အကို အဲ့ ဟာမ ကိုကြိုက်နေတာလား.."

"မင်းခန့်ကို ပျို့ကိုအဲ့ဟာမလို့မပြောနဲ့.."

"ဘာ!!အကိုက အဲ့ဟာမလို့ပြောတာကိုနာတယ်ပေါ့
လေ..အဲ့ဟာမဘက်ကနာတယ်ပေါ့လေ!!"

မင်းခန့်ကို ကောင်းမြတ် ကိုဖက်နေတာကိုဖယ်လိုက်
ပြီး ဒေါသထွက်စွာအော်ပြောလိုက်သည်။

"နာတာမဟုတ်ဘူး..တချိန်ချိန်မှာ သူက ငါ့ရဲ့မယား
လည်းဖြစ်လာနိုင်တာဘဲလေ.."

"အကို ကောင်းမြတ်!!"

"ငါ့ကိုပြန်မအော်နဲ့.."

"အော်မှာဘဲ..အကိုနဲ့အတူနေတဲ့ ကျွန်တော်ကရော
ဘာလဲ! ဘာလဲ!"

မင်းခန့်ကို သူ့ရင်ဘတ်သူရိုက်ကာ ကောင်းမြတ်ကို
အော်မေးလိုက်သည်။ ကောင်းမြတ် ကမင်းခန့်ကို ရဲ့
မျက်နာကိုသူ့လက်တဖက်နဲ့ကိုင်လိုက်ရင်း...

" ညီရာ...အကိုလည်းအကိုနဲ့တူတဲ့ရင်သွေးလိုချင်
တာပေါ့..အကိုမိန်းမမယူရင်...ညီ က ကလေး
မွေးပေးမှာလား..ဟမ်..ပြော ညီက ကလေးမွေးပေး
နိုင်လား..."

"အကို ကောင်းမြတ်!! "

မင်းခန့်ကို သူ့မျက်နာကိုကိုင်ထားတဲ့ ကောင်းမြတ် ရဲ့
လက်တွေကိုပုတ်ချပစ်ရင်း မျက်ရည်တွေဝဲကာအော်
ပြောလ်ိုက်သည်။ ရင်သွေးလိုချင်တယ်တဲ့လား..
မင်းခန့်ကို ယောက်ျားလေးဖြစ်တာကြောင့်ကလေးမမွေးနိုင်တာသိရက်နဲ့ ပြောနေသော ကောင်းမြတ်
စကားတွေကြောင့် မင်းခန့်ကို နာကျင်ကာဝမ်းနည်း
မိလာသည်။

"အဲ့ဒါကြောင့် ညီ ကို့ကိုယ်ချစ်မယ်ဆိုရင်...သည်းခံ
ရမှာပေါ့..အကိုက ညီ့ကိုမချစ်ဘူးမဟုတ်ဘူး
ချစ်တယ်..ဒါပေမဲ့...ကလေးလည်းလိုချင်တယ်လေ.."

မင်းခန့် ကောင်းမြတ် ကိုဘာစကားမှမပြောချင်တော့
နှလုံးသား တွေလည်းနာကျင်လှပြီ ကောင်းမြတ် ကို
ကျောပေးကာတဖက်သို့လှည့်အိပ်ပြစ်လိုက်သည်။
ကောင်းမြတ်လည်း မင်းခန့်ရဲ့ ကျောကိုကြည့်ရင်း
မင်းခန့် လည်ဂုတ်ကို တချက်နမ်းလိုက်ကာ...

"နားလည်ပေးပါကွာ..."

ထို့နောက်ကောင်းမြတ် မအိပ်သေးဘဲ ph ကိုယူ
ကာ ပျိုမဒီဦး ရဲ့အကြောင်းကို တပည့်တယောက်
အား ရှာခိုင်းလိုက်ပြီး ဘယ်မှာဘယ်သူနဲ့နေသလဲ
ပါ သိစေရန် စာပို့ပြီး ရှာခိုင်းလိုက်သည်။ မင်းခန့်ကို
ကတော့ ကောင်းမြတ်ရဲ့စိတ်ကိုနားမလည်တော့
ဘယ်လိုနားလည်ပေးရမှန်းကိုမသိတော့ လူအသိ
မခံဘဲတွဲလာခဲ့တာလည်းကြာလေပြီချစ်တယ်
သာပြောပြီးနာကျင်စေသောလုပ်ရပ်များကိုလည်းခနခနလုပ်တတ်သေးသည်။

တိုသွားတယ်ဗျာ..Line မကောင်းလို့
To be continued 💗
Thanks for reading 💙
Cmt မှာ ကြိုက်သလို​ဝေဖန်နိုင်ပါတယ်...❤

မောင့်ရဲ့ ကျွန် 🖤မောင့်ရဲ့ ကျွန် 🖤(Completed) Where stories live. Discover now