EP 16 Zawgyi 💗

4K 183 27
                                    

မောင်..မောင်ဆိုတဲ့မိန်းကလေးက အပြင်ပန်း
မှာ မာကျောချင်သယောင်နဲ့ တကယ်တော့
မောင်က သိပ်ကိုအားငယ်တတ်တဲ့ မိန်းကလေး။

မောင် မောင်က ကျွန်မရဲ့ မာနတွေကို ချိုး ချင်ခဲ့တယ်
ဒါပေမဲ့ မောင် က သူ့မာနတွေကိုချိုး နှိမ်ပြီး ကျွန်မ
ရှေ့ဒူးထောက် ရင်း ကျွန်မကိုချစ်ခွင့်ပန်ခဲ့တယ်။

မောင်က မိန်းကလေး တယောက်ပါ ကျွန်မလည်း
အားနည်းတဲ့မိန်းမသား တယောက်ပါဘဲ ဒါပေမဲ့
မောင့်ရင်ခွင်က ကျွန်မ တစ်ဘဝလုံးကို လုံခြုံစေ
တယ်ဆိုတာ ကျွန်မ ယုံတယ် ။

မောင် က မဆိုသလောက်လေး စိတ်ဆက်ပြီး
ဘယ်သူ့ ကိုမှ မကြောက်တတ်တဲ့ သူမျိုးက
ကျွန်မ မုန်းမှာကိုတော့ မောင်က ကြောက်သတဲ့။

ပျို့  ကိုအတင်းသိမ်းပိုက်ခဲ့ တဲ့အချိန်တုံးက
မောင့် ကိုဆို အသားတောင် မထိချင်လောက်
အောင် မုန်းခဲ့ ပေမယ့် အချစ်ဆိုတဲ့အရာက
ထူးဆန်းတယ်..သူ့မှာ ပုံစံ ဘယ်နမျိုးတောင်
ရှိနေနိုင်တာလည်း စတွေ့ တုံးက ပျို အရမ်း
မုန်းခဲ့တဲ့ မြင့်မြတ်မောင် ဆိုတဲ့ မောင်ဟာ
အခု ပျို့  ဘဝ ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးချစ်သူ
ဖြစ်နေလေ ရဲ့ ။

မြန်မာနိုင်ငံမှာ မိန်းကလေးချင်းချင်းယူတာ
ယောက်ျား လေး အချင်းချင်းယူတာ ခွင့်မပြုကြပေမယ့် ဝိုင်း ကဲ့ ရဲ့ ကြ ပေမယ့် မောင့် ကို ကြောက်လို့
ဘဲလား မောင့် company ရဲ့ အရှိန်အဝါကြောင့်
ဘဲလားတော့မသိ ပျို တို့အတွဲကို ဘယ်သူ့မှ
မထိရဲဘူး ။ အထူးသဖြင့် ယောက်ျားတွေ
ပျို ဟာ မောင့် ချစ်သူပါလို့သိတဲ့ ယောက်ျား
အားလုံးဟာ အလိုက်သသိ
ပျို့ အနားကို မကပ်ရဲကြတော့ဘူး။

ဒါပေမဲ့ လည်း အဲ့ထဲမှာ မင်းခန့်ကို နဲ့ အကိုကောင်းမြတ်တော့ မပါခဲ့ ဘူး အကိုကောင်းမြတ် က တခါတလေ ပျို့  Uniမှာ ခန့် ကိုလာကြို သလိုနဲ့ ပျို့ကိုလာ
စကားပြောတတ်တယ် ပျို လည်း မောင်မကြိုက်တဲ့
လူ ဖြစ်နေတာက တကြောင်းရယ်..ကောင်းမြတ်
နဲ့ ပျို စကားပြောတိုင်း မသိမသာလေး ပျက်ယွင်း
နေတဲ့ ခန့် မျက်နာရယ်ကြောင့် တတ်နို်င်သလောက်
ခပ်ဝေးဝေးက ရှောင်တယ်။

မောင့်ရဲ့ ကျွန် 🖤မောင့်ရဲ့ ကျွန် 🖤(Completed) Where stories live. Discover now