EP 13 Zawgyi

3.6K 188 6
                                        

နှိုင်း ရဲ့ ကိုယ်ကို ပွေ့ပြီးအမြန် ဆေးရုံသို့ပို့လိုက်
ရသည်။ ဆေးရုံမှာအတော် ကြာအောင် ခွဲစိတ်
မှု ယူခဲ့ရသည်။ နှိုင်းရဲ့ ဗိုက်က ဒဏ်ရာဟာ ဓား
ဒဏ်ရာ ဖြစ် နေသည်။ သိပ်အနက်ကြီး မထိုး
သွားတာကိုဘဲ ကျေးဇူးတင် ရမည်။ နှိုင်းရဲ့ ဒဏ်ရာ
ကို ချုပ်ပြီး VIP အခန်းထဲသို့ နှိုင်းကိုထားလိုက်သည်
သို့ပေမဲ့ နှိုင်းက..

"မောင်..."

"အေး ပြော..နှိုင်း ဘာလိုချင်လို့လည်း ရေဆာလို့လား"

"မ ဟုတ် ဘူး..ငါ့ကို ဒီက ခေါ်သွားပါ..နော်.."

"ဘာလို့လဲ နင့် ဒဏ်ရာအခုမှ ချုပ်ပြီးခါစလေ.."

"လုပ်ပါ..ငါ့ကိုကူညီပါ.."

"ခနလေး ခန..ဒီကိစ္စ ဘယ်လိုဖြစ်လာလဲ နင်ငါ့ကို
ပြောပြရင် ငါကူညီမယ်"

သူမပြောလိုက်တော့ နှိုင်းက

"အင်း..ငါပြောပြမယ်..ငါ ကလပ်မှာ ကောင်မလေး
တယောက်နဲ့ ကနေတာ အဲ့ကောင်မလေး က
ငါ့ကို သန့်စင်ခန်း ဘက် ခေါ်သွားတယ်..ငါလည်း
မူးနေတာနဲ့ပါသွားမိတယ်..ပြီးတော့ သူက ဘယ်
ရောက်သွားလဲမသိဘူး ငါ့နောက်ကနေ ခေါင်းစွပ်
င်္အကျီ အနက်နဲ့ ယောက်ျားတယောက် ရောက်လာပြီး
ငါ့ကို ဓားနဲ့ ထိုးလိုက်တာဘဲ "

"ဘယ်လို အသလွတ်ကြီးလား..နင် ဒီရက်ပိုင်း
ဘယ်သူ နဲ့ ပြသနာဖြစ်ထားသေးလည်း ရန်ငြိုး
မရှိဘဲ နဲ့ မလုပ်လောက်ဘူးလို့ငါထင်တယ်"

"ငါ ဒီရက်ပိုင်း ပြသနာဖြစ်တာဆိုလို့ တယောက်
ဘဲ ရှိတယ်"

"ဘယ်သူလဲ?"

"ဆောက်လုပ်ရေး company ရဲ့ CEO ကောင်းမြတ်
နဲ့ ဘဲ "

ကောင်းမြတ်ဟူသောနာမည်ကိုကြားလိုက်ရတဲ့အတွက်မောင် မျက်ခုံးတွေကိုတွန့်ချိုးလိုက်ရင်း

"ကောင်းမြတ်လား..အဲ့ကောင်ငါသိတယ်..ဘယ်လို
ပြသနာဖြစ်တာလဲ နှိုင်း"

"အဲ့ကောင်နဲ့ငါ မနေ့က မြေကွက်တခု အပြိုင်ဝယ်ခဲ့
ကြတယ် ဒါပေမဲ့ အဲ့မြေကွက်ကို ငါ ရခဲ့တယ် အဲ့ဒါ
ကိုသူ မကျေနပ်ပုံရတယ် "

"အင်း..ဒီတိုင်းဆိုရင်တော့ နင့်ကိုတယောက်ထဲ
ထားခဲ့ ဖို့ အန္တာရယ်များတယ်..ငါ့အိမ်မှာလိုက်နေ
ပါ နောက်နေ့မှ ငါနင့်အိမ်လိုက်ပို့ပေးမယ် "

မောင့်ရဲ့ ကျွန် 🖤မောင့်ရဲ့ ကျွန် 🖤(Completed) Where stories live. Discover now