EP 20 Zawgyi

2.9K 153 8
                                    

ခန့်ရဲ့နှုတ်ခမ်းသားကိုကောင်းမြတ်ခပ်ကြမ်းကြမ်း
နမ်းပြီးပြန်လွှတ်ပေးလိုက်သည်။ ထို့နောက်
ခန့်ကို ထားခဲ့ကာ ကားမောင်းရင်းအပြင်သို့
ထွက်သွားတော့သည်။သူဘယ်ကိုသွားတာ
လည်း ခန့်မသိ ခန့် ဒဏ်ရာတွေကိုဆေးမထည့်
ဘဲကုတင်ဘေးမှာ ထိုင်ချလိုက်ကာ ဖြင့်

"အကိုက..ငါ့ကိုချစ်ရောချစ်သေးရဲ့လား..မဟုတ်
ဘူး..ချစ်ရော ချစ်ခဲ့ရဲ့လား.."

ခန့် ကျလာတဲ့မျက်ရည်တွေက ပါးပေါ်ကဒဏ်
ရာတွေကိုထိကာစပ်ပေမယ့်မသုတ်ပစ်ခဲ့
နံရံမှာကပ်ထားတဲ့ မင်းခန့် နဲ့ ကောင်းမြတ်
တို့ ကျောင်းတုံးက ရယ်ရယ်မောမောရိုက်
ခဲ့တဲ့ပုံလေးကို လှမ်းကြည့်ရင်း ခန့် ရဲ့
အတွေးတွေဟာ အတိတ်ဆီသို့...

Flash back........

ခန့်တို့ ၉တန်း နှစ်က ဖြစ်သည်။ ခန့် ထပ် ကောင်းမြတ် က တစ်နှစ်ကြီးတာကြောင့် ကောင်းမြတ်က
ဆယ်တန်းဖြစ်သည်။ ထိုနေ့က ကောင်းမြတ် က
ကျူ ရှင်မှာ ဗိုက်ဆာတယ် စားစရာလည်းမရှိဘူး
ပြောတာကြောင့် ခန့် မုန့်ဝယ်ရင်း ကောင်းမြတ်
ကျူ ရှင် ထဲ ထိ ပို့ပေးခဲ့သည်။ မုန့်ပို့ပေးရင်း
ကောင်းမြတ် က ခန့်ကို..

"ခန့် မပြန်နဲ့ဦးနော်..အတူပြန်ကြမယ် ဒီတစ်ချိန်
ပြီး ရင် ပြီးပြီထင်တယ်ကွ.."

ထင်တယ် ဆိုတဲ့စကားဟာမသေချာပေမယ့်လို့
ခန့် ကတော့ ပြုံးကာ ခေါင်းငြိမ့်ရင်း ကျူ ရှင်နား
မှာ ရှိတဲ့ အုတ်ခုံမှာ ထိုင်စောင့်နေခဲ့သည်။
ထိုစဉ် ကောင်းကင်က တိမ်တွေဟာ တဖြေး
ဖြေး မဲမှောင်လာပြီး မိုးရွာချတော့သည်။
ကံ ဆိုးချင်တော့ ခန့်မှာ ထီးပါမလာခဲ့ ခန့်
အုတ်ခုံလေး မှာ ထိုင်ရင်း ကောင်းမြတ် တို့
ကျူ ရှင်လွှတ်သည်အထိ မိုးရွာကြီးထဲထိုင်
စောင့်ခဲ့သည်။ တစ်နာရီကျော်လောက်ကြာ
သွားတဲ့အခါမှာတော့ ကောင်းမြတ် တို့ ကျုရှင်
လေး လွှတ်ခဲ့သည်။ မိုးကတော့ကောင်းနေဆဲ
ကျူ ရှင် ထဲ က နေ ကောင်းမြတ် ထွက်လာပြီး
အပြင်ရောက်တော့ ကောင်မလေး တယောက်
ကို မိုးမစိုစေရန် ဂရုစိုက်ကာထီးမိုးပေးနေလေ
သည်။ကြည့်ရတာခန့်စောင့်နေသည်ကိုမေ့
သွားပုံရသည် သူက ကောင်မလေး ပုခုံးကို
ဖက်ပြီး ပြုံးကာပျော်နေတာကြောင့် ခန့်သူ့ကို
ခေါ်မနေတော့ဘဲ မိုးရွာထဲ တယောက်ထဲ
သာပြန်ခဲ့တော့သည်။

မောင့်ရဲ့ ကျွန် 🖤မောင့်ရဲ့ ကျွန် 🖤(Completed) Where stories live. Discover now