EP 10 Uni

6.9K 401 6
                                    

ပျို တကိုယ်လုံးနာကျင်စွာနိုးထလာခဲ့သည်။ နိုးနိုး
ချင်း တင်းကြပ်စွာ ပွေ့ဖက်ခံထားရလို့ သေချာ
ကြည့်လိုက်တော့ မောင်က သူမ ကိုပွေ့ဖက်
ထားသည်။ အိပ်ယာ ဘေးမှာ ဆေးထုပ်တွေနဲ့
ရေဇလုံကြောင့် မောင် သူမ ကို မနေ့ညက တည
လုံး ကိုယ်ပူကျအောင်လုပ်ပေးခဲ့ဟန်တူသည်။
သူမ နဖူး သူမ စမ်းလိုက်တော့ ကိုယ်ကအေးနေ
လေပြီ အဖျားမရှိတော့ သူမ ကို ပွေ့ဖက်ထားပေး
တဲ့ မောင့်ကိုသူမ သေချာကြည့်ရင်း..ဘယ်လက်
တဖက်နဲ့ မောင့်မျက်နာ အစိတ်အပိုင်းတခုချင်းစီ
ကို ထိကြည့်နေမိသည်။ မောင်က..အတော်လှတဲ့
မိန်းကလေးပါ.. မိတ်ကပ် မလိမ်းထားတဲ့ မောင့်
မျက်နာက ကြည်လင်ပြီး နုဖက် နေလေသည်။
ပျို သူမ ရဲ့ မျက်နာကိုငေးနေရင်း မောင့် မျက်ခွံ
လေးတွေက လှုပ်လာသည်။ မောင့် မျက်ခွံတွေ
လှုပ်လာတာကြောင့် ပျို အိပ်ချင်ယောင်ပြန်ဆောင်
နေလိုက်သည်။ မောင်က နိုးလာပြီး ပြုံး စိစိ နှင့်
ပျို့ ရဲ့ မျက်နာ နားသို့တိုးကပ်သွားသည်။
ပျို တယောက် အသက်ရှူ နေတဲ့လေနွေးနွေးက
မျက်နာနားပိုတိုးကပ်လာသလိုခံစားရလို့မျက်လုံး
ဖွင့်ကြည့်လိုက်တော့ မောင်က သူမ ရဲ့ နှုတ်ခမ်း
ကိုစိုက်ကြည့်ရင်းအနားတိုးကပ်လာတာကြောင့်
သူမ အမြန် ဖယ်လိုက်ကာ မောင် သူမ နှုတ်ခမ်း
တွေကိုမသိမ်းပိုက်ခင် ရေချိုးခန်း ထဲ ပြေးလိုက်
သည်။ မောင့်ရဲ့ တခစ်ခစ် ရယ်သံ လွှင်လွှင်လေး
ဟာ အခန်းထဲမှာ ကျန်ရစ်လို့နေသည်။

ပျိုလည်းမျက်နာသစ်ပြီးတာနဲ့ အိပ်ခန်းထဲ သို့ပြန်
ဝင်လာတော့ သူမက အဝတ်အစား ဘာညာတောင်
လဲ ပြီး​နေပြီ မနက်စာ ဆန်ပြုတ် ပန်းကန်ကို ကိုင်
ရင်း ပျို့ ကိုတွေ့တော့ သူမ ထိုင်နေတဲ့ ဘေးက နေရာကိုလက်ပုတ်ပြသည်။ သဘောကတော့သူ့နား
လာထိုင်ပေါ့ ပျို လည်း သူမ ကိုဘာမှပြန်ပြောမနေ
ဘဲ သူမ ထိုင်နေတဲ့ ဆိုဖာခုံပေါ်ထိုင်လိုက်တော့
သူမက..

"ဒီမှာ ဆန်ပြုတ် သောက်လိုက်နော်..ပြီးရင် ဆေးတစ်
လုံး ကျန်တာ သောက်လိုက် မောင် ဒီနေ့ အလုပ်နား
တယ်.."

သူမ အလုပ်နားတယ်ဆိုရင် ပျို ကြောက်ရသည်။
သူမက အလုပ်နားပြီဆို ပျို့နားမှာ ကော် လို ကပ်နေ
တတ်သည်လေ။ ပျို ဆန်ပြုတ်ပန်းကန်ကိုကြည့်ပြီး
မစားချင်တာကြောင့် သူမ ကိုပြောလိုက်သည်။
ကိုယ်တိုင်ကလည်း ဆန်ပြုတ်မကြ်ိုက်..

"မောင်..ပျို ဆန်ပြုတ် မကြိုက်ဘူး "

ပျို ပြောလိုက်တော့ မြင့်မြတ်မောင် ဆိုတဲ့သူမက ပြုံး
ကာ..ဆန်ပြုတ်ပန်းကန်ကိုယူလိုက်ပြီး

"မောင် ခွံကြွေးမယ်လေ နော်.."

"ဟင်..မကြိုက်ပါဘူးဆိုနေ"

"ဆေးသောက်ရမယ်လေ..နည်းနည်းလေးစား
မစားရင် လဲကျတဲ့အထိ နမ်းပြစ်မှာနော် "

မောင်က ပြောရင် ပြော သလိုလုပ်တတ်တာကြောင့်
ပျို လန့်ပြီး ခေါင်းညိမ့် ပြ လိုက်သည်။ ထိုအခါ မောင်
က သွားစွယ်လေးပေါ်တဲ့အထိ ရယ်ပြရင်း ပျို့ကို
ဆန်ပြုတ် ခွံ့​ကြွေးတော့သည်။ မောင် ခွံ့ကြွေးလို့
ဘဲလား လန့်ပြီး စားလိုက်လို့ဘဲလားမသိ ဆန်ပြုတ်
တပန်းကန်လုံး ကုန်သွားခဲ့သည်။ ဆန်ပြုတ် ကုန်သွားပြီး ၁၅မိနစ်လောက်နေတော့ ပျို ဆေးသောက်
လိုက်သည်။ ထင်တဲ့အတိုင်း မောင် ဆိုတဲ့ ထို
အမျိုးသမီး ကအလုပ်ပိတ်တာနဲ့ ပျို့အနားမှာ ကော်
လိုကပ်တော့သည်။ အခုလည်း ပျို ဆေးသောက်
ပြီး TV ကြည့်နေတာ ကို ပျို့ ခါး ကိုလာသိုင်းဖက်
ပြီး ပုခုံးပေါ်မေးလာတင်ထားသည်။ ပျိုက အဲ့လို
မဖက်နဲ့ပူတယ်ဆိုတော့ ac ဖွင့်ထားပေးသည်။
သူမ နဲ့အတူတူကြည့်နေတုံး သူမရဲ့ phလာတာ
ပျို လှမ်းတွေ့လိုက်သည်။ ပျို လှမ်းကြည့်လိုက်တော့
Ph no က ဝတီတဲ့...သူမက ph ကို မကိုင်ဘဲ စက်ပိတ်လိုက်ပြီး ပျို့ ရဲ့ ပုခုံးပေါ် ခေါင်းလာမှီထားသည်။
ခေါင်းမှီထားပြီးငြိမ်ငြိမ်မနေ လည်ပင်း နဲ့ ပုခုံးသား
တွေကိုလည်း လာကိုက်နေသေးသည်။ မနက်ဖြန်
ပျို တို့ အဝေးသင်တွေ uni သွားရမယ့်နေ့ဘဲ မောင်
လိုက်ပို့မှာ ပျို သိတာကြောင့် uni မှာ ဘယ်သူနဲ့မှ
ပြသနာ မဖြစ်ဖို့ ဆုတောင်းမိသည်။ အထူးသဖြင့်
ယောက်ျားလေးတွေနဲ့ပေါ့ မောင်က ပျို ယောက်ျား
လေးတွေနဲ့ခေါ်တာမကြိုက်ဘူးလေ ဟိုနေ့ကလို
မျိုး ထပ်ဖြစ်မှာကြောက်မိတယ်။

တိုသွားတယ် စာရိုက်ရအဆင်မပြေလို့ပါ
To be continued ❤
Thanks for reading 💙
Cmt မှာကြိုက်သလိုဝေဖန်နိုင်ပါတယ်💗
ခင်ဗျားတို့ရဲ့အစုလေး..🙆💗

မောင့်ရဲ့ ကျွန် 🖤မောင့်ရဲ့ ကျွန် 🖤(Completed) Where stories live. Discover now