7K 507 28
                                        

" !!!!အားးးးးးးးးးး

သတ်ပြစ်မယါ!!!
မင်းတို့ နှစ်ကောင်လုံးကို သတ်ပြစ်မယ်!!!


မနက်စောစောစီးစီး ထွက်ပေါ်လာတဲ့ အသံနက်ကြီးကြောင့် ခြံထဲနားနေတဲ့ ငှက်တွေပင် ထပျံကြသည်အထိ။

မကြာပါ လှေခါးကိုပင်
ဖြိုချတော့မည်ထင်ရတဲ့ခြေသံဖြင့် အောက်ထပ်ဆင်းလာသောသူသည်
စာရေးဆရာကြီး ဂျွန်ဂျောင်ကုပင်။

" ‌ဂျောင်ဟီး!!! ဂျွန်ဂျောင်ဟီးးး!! ဘယ်မှာလဲ"

" ကိုကို ဘာဖြစ်လိုလဲဟင်!!"

ဒေါသတကြီးအော်ခေါ်သံကြောင့် နံနက်စာပြင်နေတဲ့ဂျောင်ဟီး  မျကိနှာငယ်လေးဖြင့်ထွက်လ
ာလေတော့ လက်ထဲက စာရွက်တွေကို သူမ မျက်နှာနားကောက်ပေါက်လိုက်ရင်း။

" နင် သားတွေဘယ်မှာလဲ!!!
နင်ရဲ့ လူလား မျောက်လား မသဲကွဲတဲ့
အမွှာနှစ်ကောင် ဘယ်မှာလဲ???"

" ဘာ ဘာဖြစ်ပြန်ပြီလဲ ကိုကိုရယ်
ဂျောင်ဟီး ရင်တွေတုန်လိုက်တာ!!"

" နင်က ရင်ပဲတုန်
ငါကတော့ နင်တို့သားအမိတွေ ငါအိမ်ရောက်လာထဲက သွေး တိုးတာ~~
အခုအချိန်များတိုင်းရင် သွေးပေါင်ချိန်စက်ကြီးပါ ပေါက်ထွက်သွားနိုင်တယ်သိလား??"

သူအော်သံကြောင့် ခန္ဓာကိုယ်လေးပါ ကျုံသွားတဲ့
အငယ်မကိုကြည့်ရင်း သူဒေါသကပိုထွက်လာမိတုန်း။

" ဘာ ဘာဖြစ်လို့လဲ ယောက်ဖ!!!"

ဧည်ခန်းထဲ ရှိနေပုံရတဲ့ ယောက်ဖက သူတို့အနားအပြေးရောက်လာလေတော့.. သူခေါင်းကိုသာ ဖိနှိပ်ထားရင်း။

" ဘာဖြစ်ရမှာလဲ ဟိုလောက်နဲ့မျောက်စပ်ကျထားတဲ့ နှစ်ကောင်ပေါ့ ~~   မနက်ဖြန် ဒါရိုက်တာကိုပေးရမယ်ကျတော် ဇာတ်ညွှန်းစာရွက်တွေအပေါ်
တောက်!!!

သူဆက်‌မပြောနိုင်လောက်အောင် ဒေါသထွက်လာသည်မို့ အသက်ကိုသာပြင်းပြင်းရူလိုက်လေတော့ ယောက်ဖက သူပြစ်ချထားတဲ့ စာရွက်တွေကို ကောက်ကိုင်ကာ။

အေ ပူချီကပ် ✅Complete  Dove le storie prendono vita. Scoprilo ora