11

3.2K 481 38
                                        

သူလေးနဲ့ခွဲရတော့မည်ဆိုသောအသိကြောင့်
ညကကောင်းကောင်းမအိပ်ပျော်သလို
အစောကြီးလည်းနေမိတာမို့လမ်းထွက်လျှောက်မိပါ‌ေတာ့သည်။

ဘယ်လောက်ပဲ ‌လေ့ကျင်ခန်းတွေလုပ်လုပ်
လေကောင်းလေသန့်တွေရူရူ ဆော့ကီလေးမျက်နှာသာ မြင်ယောင်လာနေသည်။

~ဟူးးး~~

အိမ်ပြန်လာတဲ့လမ်းတလျှောက်မှာ
သခင်နဲ့အတူပြေးလွှားနေတဲ့ ခွေးလေးတွေ ၊ ကြောင်လေးတွေ တွေ့ရတော့ သူပြုံးမိသွားသည်။
နောက်ရက်တွေကြရင် အိပ်ပုတ်ကြီးတဲ့ ဆော့ကီကို ရအောင်နိုးပြီး တူတူ‌အားကစားလုပ်ရမည်။

" မထဘူးဆိုပြီး ဂျစ်တိုက်နေမယ့် ပုံလေးအခုထဲကမြင်ယောင်နေပြီကွာ~~
ငါအပိုင်လေးက ငဆိုးလေး !!

သူအပိုင်ဆိုတဲ့စကားလုံးကိုသုံးပြီးခါမှ အသုံးအနှုန်း
မှားသွားလေပြီဟု သဘောပေါက်သွားမိသည်။

ဆော့ကီက ထူးဆန်းတဲ့သတ္တဝါလေးပဲ
သူအပိုင်လိုချင်တိုင်း အပိုင်ရနိုင်မှာမှမဟုတ်တာ။

သက်ပြင်းတွေဘယ်နကြိမ်မှန်းမသိ ချနေမိသောဂျောင်ကု အတွေးထပ်ဝင်လာသည်က
သူဆော့ကီလေးအစား တခြား ကြောင်လေးတကောင် မွေးကြည့်မယ်ဆိုရင်ရော !!!

အနားမှာရှိတဲ့ pet ရောင်းသည်ဆိုင်သို့
သူဝင်သွား‌မိလေတော့ ချစ်စရာကောင်းတဲ့
ယုန်လေးတွေ ၊ ခွေးလေးတွေ ၊ ဟန်စတားလေးတွေက သူကို အာရုံတစိုက်ကြည့်လာကြသည်။

" မဂ်လာပါ ဧည်သည့် ဘာလိုအပ်လိုလဲရှင့်!!"

အရောင်းဝန်ထမ်းကောင်မလေးက ကြောင်လေးတွေရှိရာနားမှာရပ်နေတဲ့ သူကိုမေးလာလေတော့။

" ကြောင်လေး !!"

" ကြောင်လေးလိုချင်လိုလား ဧည့်သည်
ဘယ်လိုအမျိုးအစားထဲလိုချင်လဲရှင့်
ညီမတို့ဆိုင်မှာ~~

ရှင်းပြပေးနေတဲ့ဝန်ထမ်းကောင်မလေးစကားကိုသူမကြားမိတော့ဘဲ ကြောင်လေးတွေရဲ့ မျက်နှာတွေကိုလိုက်ကြည့်မိတော့..

ချစ်စရာကောင်းတယ် ၊
တကောင်ထက်တကောင် ချစ်ဖို့ကောင်းတယ်

အေ ပူချီကပ် ✅Complete  Место, где живут истории. Откройте их для себя