5

2.9K 421 19
                                        


ကားလေးထွက်သွားသည်ကိုပင် သတိမရှိသော ကြောင်လေး
ဆော့ဂျင်သည် အနောက်ခန်းက ဂျောင်ကုဝယ်လာသည့်
မုန့်ထုပ်တွေကြား တ်ုးဝင်ကာ သူအတွက်ဂျယ်လီကိုရှာနေခဲ့သည်။

*လိမော်သီးလည်းရှိနေတာပဲ အကိုဂီအတွက်ယူသွားရမယ်
အင့်~~ ဂျယ်လီ~ ဂျယ်လီမရှိပါလား
အကိုဆော့ နှာခေါင်းကဘာမှအနံ့ခံမကောင်းဘူး
ကွတ်ကီး!!! Aha~~ အရသာရှိလိုက်တာ
အကိုတို့ပါယူသွားရမယ်!!**

အိတ်ထုပ်တခုလုံးကိုပွစာကျဲအောင်မွှေနေသော ဆော့ဂျင်
သည် ယူသွားမည့်ပစ္စည်းတွေကများနေတာမို့ မနိုင်မနင်းဖြစ်နေရှာသည်။

ဂျောင်ကု
နောက်ခန်းက အသံတချို့ကြားနေရသည်မို့
အနောက်လှည့်ကြည့်မိပေမယ့် သူအထုတ်တွေထဲထိ မကြည့်နိုင်ခဲ့တာမို့ ကားကွေ့လို ပစွည်းတွေရွှေ့သွားသည်အထင်ဖြင့်
ကားကိုသာဆက်မောင်းနေမိခဲ့သည်။

ထိုအချိန် ဆော့ဂျင်သည်လဲ အခုထိ သူကိုသတိလာမပေးသေးသောကြောင့် အပြင်လေးကိုကြည့်မိချိန်သူရှိနေသော ကားလေးကထွက်နေမှန်းသိလိုက်ရသည်။

*ဟင်!! ကားက ကားကသွားနေတယ်????**

သူကြောက်လန့်ကာ အရှေ့ခန်းက ဆိုဖာပေါ် ကုတ်တက်မိတော့ ဂျောင်ကုကသူဘက်လှည့်ကြည့်သည်။

"မင်းးးးးးး!!!!"

သူနည်းတူစွာလန့်သွားပုံရတဲ့ဂျောင်ကုက
ထအော်လာသလို  ဘရိတ်အုတ်ချလိုက်ခြင်းကြောင့်
ဆော့ဂျင် အရှေ့နေကာမှန်ကြီးနဲ့ကားယားလေး
ပစ်ကပ်သွားရသည်။

~~mewo~~(⁠⊙⁠_⁠◎⁠)

"မင်း ဘယ်လိုလုပ်ပြီး ငါကားထဲရောက်နေတာလဲ?
ဟာ!! .....ငါမုန့်တွေ  ငါမုန့်တွေအကုန် မင်းဖျက်စီးလိုက်ပြီပဲ !!!!! မင်းက တကယ်ပဲ အဖျက်စီးရေးသမားပဲ~~ တောက်!!!"

ဂျောင်ကုနောက်ခန်းကိုအခုမှသေချာစစ်ဆေးမိလေတော့ ပွယောင်းပျက်နေတာများ~~
ဒါကြောင့် ဒေါသထွက်ထွက်ဖြင့် အော်ဟစ်မိလေတော့...

ဆော့ဂျင်က
ကိုယ်လေးနဲ့နားရွက်‌လေးကိုကြုံ ထားကာ အားနာနေသည့်ဟန်လေးပြုမူလာသည်။
သူစကားမှမပြောနိုင်တာ
အပြုအမူနဲ့ပဲ ပုံဖော်ရတာပေါ့။

အေ ပူချီကပ် ✅Complete  Where stories live. Discover now