Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
                                 
                               
                              
တကိုယ်လုံး စောင်တွေနဲ့ပတ်ထားတဲ့ အမျိုးသားငယ်လေးကို ဂျောင်ကုမျက်မှောင်ကြုံကာကြည့်နေမိတော့ မျက်လုံးရွဲရွဲလေးတွေနဲ့ ပြန်ကြည့်လာပုံက သူရဲ့ *ချစ်စရာလေး*နဲ့တူနေသည်။
ဒါပေမယ့် ဘယ်လိုမှမဖြစ်နိုင်တာ
သူကြောင်လေးနဲ့ ဒီအမျိုးသားငယ်လေးက !!
ထိုအမျိုးသားငယ်လေးပြောလာတဲ့စကားကို အယုံအကြည်မရှိနိုင်တာမို့ ရဲစခန်းကိုဖုန်းဆက်သင့် ၊ မဆက်သင့်လည်းတွေးမိနေသလို ။
" မင်း ဘာအတွက်နဲ့ ငါအိမ်ထဲရောက်လာရတာလဲ? ဘာလိုချင်လိုလဲ??"
" ဗျာ!!"
" အရူးသမိုင်းရေးမယ်မကြံနဲ့ ၊ 
ငါအိမ် ၊ ငါအိပ်ယာပေါ် ဝစ်လစ်စလတ်နဲ့တက်နေရတဲ့အကြောင်းအရင်းက ဘာလိုချင်လိုလဲ!!
ငါအိမ်အသစ်ပြောင်းလာတယ်ဆိုတာလည်း မင်းသိနေတယ်မလား?"
" ဘာတွေပြောနေတာလဲ ဂျင်နားမလည်တော့ဘူး
ဒါပေမယ့် ဂျင်က လူကြီးကိုယ်တိုင် အိမ်ကိုခေါ်လိုလိုက်လာတဲ့ ကြောင်လေးပါ ၊ 
လူကြီးမယုံနိုင်ဘူးဆိုတာသိပေမယ့် 
ဂျင်လည်း လူပြန်ဖြစ်ရလို အရမ်းပျော်နေမိတာ 
ဆုတွေတောင်းရလွန်းလို လက်တွေလည်း မီးထွက်တော့မယ်~~ အခုမှ အခုမှ အရင်လိုပြန်ဖြစ်တယ် အဟီးး !!"
သူခန္ဓာကိုယ်သူ ပွတ်သပ်နေတဲ့ အမျိုးသားငယ်လေးကို သူမယုံကြည်ပါ။ အခုခေတ်က ရုပ်လေးသနားကမားနဲ့ လိမ်စားနေကြတာမဟုတ်လား?
" မင်း ငါအိပ်နေတုန်း ငါဓာတ်ပုံရိုက်ထားတယ်မလား!! ငါအောင်မြင်မူတွေကိုရိုက်ချိုးဖို့
မင်း မဟုတ်က ဟုတ်က ပုံတွေ ဖန်းတီးထားတယ်နေမလား!! အလိုလုပ်လိုကတော့ မင်းကို
ဒီနေရာမှာတင် လည်ပင်းညှစ်သတ်မယ် !!"
                                      
                                  
                                              YOU ARE READING
အေ ပူချီကပ် ✅Complete
Fantasyဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ်ပြောတဲ့ Petတွေ ၊အူယားဖို့ေကာင်းပါတဲ့ လူသားပေါက်စေတွကိုမှ မချစ်တက်ခဲ့တဲ့ကျတော်က ထူးထူးဆန်းဆန်း လူလည်းမဟုတ် သတ္တဝါလည်းမဟုတ်တဲ့ ပေါက်စလေးတကောင်ကိုမှ.....။
