8

3.1K 445 34
                                        

ကြောင်လေးအဖြစ်ပြောင်းလဲသွားသော ဆော့ဂျင်ကို အိမ်၌သာ ခေါ်ထားမိသည်က သူစာမူတွေလက်စသတ်ပြီးလို ခေါင်းထဲပေါ်လာတဲ့ နောက်ထပ် ဝတ္တုတခုစရေးမိတဲ့အထိပင်။

Plot ပေါ်လာတဲ့အချိန် အမြန်ချရေးမှ mood
ဝင်တာမို့ ဒါရိုက်တာကြီးကိုပေးရမယ့် ဖိုင်တွေတောင် သူနောက်အပတ်လောက်မှပို့ပေးမယ်ဆိုပြီး ရက်ချိန်းပြောင်းခဲ့လိုက်သည်။

ဒီအတွက် ကြောင်ပေါက်လေးကိုလည်း သူနေတဲ့ guests house ကိုပြန်မပို့မိသေးပါ။
အလိုပဲ သူဒီမှာရှိနေကြောင်းကိုလည်းအကြောင်းမကြားခဲ့မိပါ။

ဒီလိုသာအကြောင်းကြားခဲ့လိုက်ရင် ကြောင်လေးရဲ့ဦးလေးဖြစ်သူတို့ လာခေါ်ကြလိမ့်မည်ဆိုတာ
သူသိပေမယ့် သူစိတ်က အကြောင်းကြားပေးချင်စိတ်ရှိမနေပါ။

~meow~~

သူအကြောင်းတွေးနေတာကိုသိ‌ေနသည့်အလား ဘေးနားလာပြီး နမြောင်‌ေမြာင်လုပ်နေတာကြောင့်။

" ငါအလုပ်တွေမအားဘူးနော်~~ ဂျစ်ကျမယ်မကြံနဲ့~~  အိမ်ပြန်ချင်တယ်ဆို လိမ်လိမ်မာမာနေ
ငါ ဒီတခုပြီးတာနဲ့လိုက်ပို့ပေးမယ်"

စကားအကုန်နားလည်နေသူလေးမို့ သူကိုခေါင်းလေးသာငြိမ့်ပြရင်း သူဘေးကထွက်သွားလေတော့သူပြုံးလိုက်မိသည်။

ဘယ်လောက်ပဲထိတ်ဆိတါတာကိုကြိုက်ပါတယ် ပြောပြော။
တယောက်ထဲနေရတာ သဘောကျပါတယ်ဆိုဆို
ကိုယ်ဘေးမှာစကားပြောဖော်တယောက်ရှိနေတာက စိတ်ထဲ နေလိုကောင်းတယ်မဟုတ်လား?

သူကတော့ ကြောင်လေးနဲ့
အဖော်ဖြစ်ကာ စားအတူ ၊ အိပ်အတူနဲ့
အခုလိုစကားတေ‌ွလည်းပြောဖြစ်ကြသေးသည်။

သူဒီနေ့လည်း Laptop တခုနဲ့အလုပ်ရှုပ်နေလို
မနက်ထဲကဘာမှမစားမိခဲ့ ၊ အားပြည့်အချိုရည်ပုလင်းကိုသာမော့သောက်ရင်း အကြောဆန့်သည်။
နည်းနည်းအညောင်းပြေကာမှ
စာထပ်ရိုက်ဖို့ပြင်နေတုန်း သူဘောင်းဘီစကိုဆွဲကိုက်လာတဲ့ပေါက်စ။

"ဘာလဲ!!"

ပါးစပ်လေးဟပြလာတာကြောင့် ဗိုက်ဆာလို့လား
မေးလေတော့ ခေါင်းကိုမြန်မြန်ဆန်ဆန်ငြိမ့်ပြလာရှာသည်။

အေ ပူချီကပ် ✅Complete  Where stories live. Discover now