part 42

1.6K 122 19
                                    


ချစ်ဦးကားမောင်းနေတုန်းတဒီးဒီးတုန်လာတဲ့ဖုန်းလေးကြောင့်ငဲ့ကြည့်လိုက်တော့သစ္စာဖောက်ကျက်သတုန်းကောင်ဆီက...

“ ပြော...ခွေးကောင်...”

“ဟေ့ဟေ့...ငါအခုမင်းဦးလေးဖြစ်နေပြီနော်ချစ်ဦး..ဘယ်လိုတေမလေးမစားလာပြောနေတာလဲ...အခုချက်ချင်းပြန်ပြောင်းခေါ်.... ”

“ချီးကိုဘဲပြန်ပြောင်းခေါ်ခိုင်း...ခွေးသား...မင်းကိုငါ့ကိုလာမခေါ်နဲ့လို့ပြောမထားဘူးလား..ဘာကိစ္စလာခေါ်နေရတာလဲ...သေချင်နေတာလား... ”

“ အံမယ်..ငါကရောခေါ်ချင်နေတယ်များထင်နေလား...ဒီမှာငါ့အချစ်ကမင်းနဲ့အဆက်အသွယ်မလုပ်ရဘူးဆိုပြီးမျက်နှာညှိုးနေလို့သာ...မင်းလိုfaကောင်ဆီကိုကံညံ့ခံပြီးဖုန်းဆက်ရတာရှင်းလား...”

“မင်း...ခွေးကောင်ကောင်းမြတ်သူ...မင်းသေဖို့ပြင်ထား...မင်းကိုအခုလာသတ်မှာ... ”

“ဟဟ..မကြောက်တာအခါတစ်ရာပါကျော်သန်းရာ..အား...ဦးငယ်...မောင်ကစတာ..အ..နာ..နာတယ်လို့... ”

“ ဘာစတာလဲ...သူများတူကိုဖျတ်လို့ဖျတ်ဆီးနဲ့ဘာကျော်သန်းလဲ...နောက်တစ်ခါခေါ်ကြည့်မင်းသေမယ်နော်ကောင်း..”

“အင်းပါ..အင်းပါနောက်မခေါ်တော့ဘူး..အာ့လွှတ်ပါအုန်းဗျာ..မောင့်နားပြတ်တော့မယ်..ဟင့်...ဦးငယ်ကလုပ်ရက်လိုက်တာဗျာ...”

“အရမ်းနာသွားတာလား... ”

“နာတာပေါ့ဗျ... ”

“ sorryပါကောင်းရာ...ဦးငယ်အားပါသွားတာဖြစ်ရမယ်....အုံဖွ..အုံဖွနော်...”

“အုံဖွမလိုချင်ဘူး...အာဘွားပေး..အဲ့ဒါမှပျောက်.... ”

“ကောင်းမြတ်သူ!!!!....တနှာရူးကောင်...မင်းအဖေဖုန်းကိုင်ထားသေးတာလဲအမှတ်ရအုန်းခွေးသားရဲ့... ”

သူ့ကိုဖုန်းခေါ်ထားပြီးချစ်စခန်းထဖို့ပြင်နေတဲ့ကောင်ကြောင့်ချစ်ဦးဒေါသထွက်ကာအော်လိုက်မိသည်...ဦးငယ်ကိုလွမ်းပေမဲ့သွားမတွေ့ဖြစ်တာအဲ့ကောင်ကြောင့်က ထိပ်က..အခုမှအပျိုဖော်ဝင်ကာစမိန်းကလေးလိုဦးငယ်ကငေါက်လိုက်တာနဲ့မျက်ရည်လေးတဝဲဝဲလုပ်ပြနေတဲ့ကျက်သရေမရှိတဲ့မျက်ခွက်ကိုမကြည့်ချင်လို့အပြင်...ပလီပလာများနေတာမှန်းမသိဘဲနဲ့အပီအပြင်ကြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ကိုယ့်ဦးလေးကိုလဲမကြည့်ချင်လို့...ကိုယ့်ဦးလေးအိမ်ထောင်ရေးအဆင်ပြေတာဝမ်းသာမိပေမဲ့...၂ပတ်လောက်ကလေးနဲ့အဲ့ကောင်ဆီမှာပြားပြားဝပ်သွားတာတော့မဖြစ်သင့်ဘူးလေ...တကယ်...မဆီလျော်လိုက်တာ...

ချစ်ခြင်းဖြင့်ပြုပြင်စေ (Completed )Where stories live. Discover now