10 💜

481 46 0
                                        

Unicode ♨

Second Day
Sooတို့ အိမ်လာလည်တာဒုတိယမြောက်နေ့
အားလပ်ရက်က ၃ရက်ရတာမို့
၂ညအိပ်ပြီး ၃ရက်မြောက်ညနေမှာ sooတို့ပြန်ကြမှာပါ........💗
.
.
.
.
Soo အိမ်ပြန်လာတာမို့ မိသားစုစုံအောင်ဆိုပြီး
Sooရဲ့ အမရော အကိုရောအပြင်ယောင်းမ (အကို့မိန်းမ)ပါ မနက်စောစောထဲက အိမ်ရောက်လာကြတယ်.....
အိမ်ကဒီနေ့မှ လူစုံတက်စုံနဲ့ စည်ကားနေလျက်...

Chaeနဲ့ sooမနက်စာစားဖို့ ထွက်လာ​တော့
လူစုံတက်စုံတွေ့ရလေသည်။

Soo: oppa ‼အို  ​ယောင်းမရောပါလား
ဟာ အိုနီးလဲရောက်နေတယ် လူစုံပါလား
တူမလေးရော oppa!!

Soo' oppa:  နင်ထတဲ့ချိန်လဲကြည့်အုံး ကျောင်းကိုပို့ထားခဲ့ပြီ

Sooတို့ထတာနောက်ကျသွားတယ်
အားလပ်ရက်ဆိုတာကြောင့်ရော
ညကလျှောက်လည်ထားတာရော
တော်တော်နဲ့အိပ်မပျော်တာရော
အားလုံးဆုံသွားတာကြောင့်ပါ😁😁

Soo လဲ chaeကို အိမ်သားသားလုံးနဲ့ထပ်မိတ်ဆက်ပေးလိုက်တယ်
Sooတို့က တစ်ဆွေလုံး တစ်မျိုးလုံးချောကြတာ...
Soo အမကလဲတော်တော်ကိုလှပါသည်
Sooအမက သူ့သူငယ်ချင်းတွေနဲ့အဆောင်မှာစုနေတာပါ တစ်ပတ်တစ်ခါလောက်ပဲအိမ်ပြန်လာတတ်တာပါ
Sooအကိုကတော့ သူ့မိသားစုနဲ့အိမ်ခွဲနေနေတာပါ
Soo အဖေကတော့ lawyerတစ်ယောက်ပါ
အေးအေးဆေးဆေးနဲ့ ခပ်ပျော်ပျော်နေတဲ့သူပါ
Soo အမေကလဲထိုနည်းတူပင်....

Chaeတို့ တနေ့လည်လုံး စကားပြောကြ စားကြသောက်ကြနဲ့ တော်တော်လေးကိုရင်းနှီးခဲ့ကြတယ်
မသိရင် chaeလဲ မိသားစုရင်းချာတစ်ယောက်လိုပင်
သူများအိမ်ဆိုပြီး စိတ်မသက်မသာမဖြစ်
ကိုယ့်မိသားစုလိုပင်....
Sooတို့အိမ်က chaeအတွက်
သက်သောင့်သက်သာရှိလှပါတယ် 💗

ညနေဘက်ရောက်တော့ ပြောထားတဲ့အတိုင်း
Sooနဲ့chae မူကြိုကျောင်းကိုသွားကြိုကြတယ်
Soo အကိုက ကားမောင်းပြီးလိုက်ပို့ပေးတယ်
.
.
.
.
.
Sooတို့ရောက်တော့ ကျောင်းဆင်းခါနီးပါပြီ
မကြာလိုက်ပါဘူး Bellတီးသံထွက်လာပြီး
ကလေးတွေ ဆူညံစွာ ခုန်ပေါက်ထွက်လာတယ်

Sooလဲရှေ့တိုးသွားပြီးတူမလေးကိုလိုက်ရှာလိုက်တယ်
တွေ့ပါပြီ....ပိုးအိတ်အနီလေးနဲ့ ကလေးလေး
Sooတို့ကိုမြင်တော့ ရီပြီးပြေးလာတယ်
Soo လဲပွေ့ချီလိုက်တယ်
Chaeကလဲ ခလေးပါးကိုညစ်ပြီး အူယားနေလေရဲ့

CHAESOO in your area💜Where stories live. Discover now