13 💜

488 46 0
                                        

Unicode ♨

အခါတိုင်းညတွေကအိပ်ရတာ
အဆင်ပြေပေမယ့်
စောနကအခြေအနေကြောင့်
နေရထိုင်ရခက်နေမိတယ်
နှစ်ယောက်လုံး ကျောပေးကာအိပ်နေရင်း
အတွေးပေါင်းများစွာဖြင့်သာ....

အိမ်ပြန်ရောက်တော့
Sooမျက်နှာသစ်ပီး ကုတင်ပေါ်လာလှဲတဲ့အထိ
Chaeရေချိုးခန်းထဲကထွက်မလာသေး
တော်တော်လေးကြာတော့မှ
Sooဘေးနားမှာ လာလှဲလာသည်။
Sooလှည့်ကြည့်လိုက်တော့
ကျောပေးထားတဲ့ နောက်ကျောလေးကိုသာမြင်ရတယ်...
Sooလဲ ဟိုဘက်ပြန်လှည့်လိုက်ပြီး....
ကျောချင်းပေးလျက်နှစ်​ယာက်သား 💔

Chaeအိပ်မပျော်ပါ.....
အိပ်မပျော်ဘူးဆိုတာထက်
အိပ်လို့ကိုမရတာပါ....
အတွေးများစွာနဲ့သာ နာရီတွေတစ်ချက်ပြီးတစ်ချက်
ကုန်ဆုံးရင်း...
နောက်ကျောဘက်မှ​ Sooရဲ့အသက်ရှူသံလေးကို
ဖြည်းဖြည်း မှန်မှန်ကြားနေရတယ်
Sooအိပ်ပျော်သွားပြီဆိုတာ သေချာတာမို့
လှည့်ကြည့်လိုက်တော့
အိပ်မောကျနေတဲ့sooမျက်နှာလေးက အပြစ်ကင်းစွာ
Sooကဒီဘက်လှည့်အိပ်နေတာလား
အိပ်ပျော်ရင်းနဲ့ညောင်းပီးလှည့်လာတာဖြစ်မယ်

Sooမျက်နှာပေါ်ကျနေတဲ့ဆံပင်လေးတွေကို
တယုတယသပ်တင်ပေးလိုက်တယ်
Sooရဲ့ အသက်ရှူငွေ့နွေးနွေးဟာ
Chaeမျက်နှာကိုလာရိုက်ခတ်နေတယ်
ပထမဦးဆုံးsooနဲ့အတူတူအိပ်ဖူးတဲ့ညထဲက
အဲ့ဒီအသက်ရှူငွေ့နွေးနွေးလေးတွေကို
စွဲလန်းရင်ခုန်ခဲ့ရတာမို့
စတွေ့ထဲသဘောကျခဲ့ရတာမို့
အမြဲတမ်းအရိပ်တကြည့်ကြည့်ချစ်ခဲ့ရတာမို့
အခုလို ငြင်းလိုက်ရုံလေးနဲ့
Chaeလက်မလျော့နိုင်ပါ
Chaeချစ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘဲလေ
Chaeအချစ်တွေအမြစ်တွေ​ေနပြီ မ💜
မကလွဲပြီးဘယ်သူ့ကိုမှမချစ်နိုင်တော့တာ
သေချာတယ်💜

အိပ်မောကျနေတဲ့sooနဖူးလေးထက်သို့
Chaeခပ်ဖွဖွလေးနမ်းလိုက်တယ်ပြီးတော့...
ဆံနွယ်လေးတွေ...အမြတ်တနိုးနမ်းရှိုက်လိုက်တယ်
နောက်ပြီးတော့ Heart Shapeလေးဖြစ်တဲ့
Chaeအမြဲတမ်းခိုးကြည့်ပြီးရင်ခုန်ခဲ့ရတဲ့
နှုတ်ခမ်းလေးကို အချိန်အတော်ကြာကြာလေး
Chaeနှုတ်ခမ်းနဲ့ဖိကပ်နမ်းလိုက်တယ် 💗

CHAESOO in your area💜Opowieści tętniące życiem. Odkryj je teraz