17 💜

672 52 0
                                        

Unicode ♨

Sooရေချိုးပြီး​တော့ အခန်းထဲမှာ
ဆံပင်ရေစိုများကို dryerဖြင့် မှုတ်နေတုန်း
အပြင်မှဆူညံသံများကိုကြားရသည်။
သေချာနားထောင်လိုက်တော့ chaeရဲ့အော်သံကို
မပီမပြင်ကြားရလေသည်။
Sooလဲအဝတ်စားအမြန်လဲပြီး
အပြင်ထွက်မယ်အလုပ်
အသံများကပိုဆူလာကာ အခန်းရှေ့ရောက်လာပြီး
တံခါးခေါက်သံကြားရလေသည်။

Sooတံခါးဖွင့်လိုက်တော့
Sooဘယ်လိုမှထင်မှတ် မထားတဲ့ပုံစံနဲ့chae
ဝိုင်နံတွေလဲ ထောင်းလို့
လက်မှာလဲခွက်တစ်ခွက်ကိုင်ထားပြီး
Sooကို အပြစ်တင်စကားတွေပြောနေသည်။

Jenနဲ့Lisaကလဲ မျက်မှာပျက်နေကြသည်။
Chaeခုလိုဖြစ်နေတာ sooကြောင့်ဆိုတာတွေ
သူတို့chaeကိုပြောလို့မနိုင်ကြောင်း ရှင်းပြသည်။
နောက်တော့Chaeကို အခန်းထဲသေချာပို့ပေးလိုက်ပါလို့ပြောပြီးထွက်သွားကြသည်။

Sooချော့မော့ခေါ်လာတော့
Chaeက အသာတကြည်ပဲလိုက်လာလို့တော်သေးသည်။
အခန်းထဲရောက်တော့ chaeကို ကုတင်ပေါ်တင်ပေးလိုက်ပြီး ပြန်ထွက်မယ်အလုပ်
ဆွဲထားတဲ့လက်တစ်စုံကြောင့်
Sooပြန်ကြည့်လိုက်တော့ရီဝေစွာကြည့်နေတဲ့ chae

Chaeရယ်အဲ့လိုမကြည့်ပါနဲ့
Chaeမျက်လုံးတွေက sooကိုထွက်မသွားဖို့
အသနားခံနေသလိုလို
မအေရဲ့ဂရုစိုက်ယုယမှုကို မျှော်လင့်နေတဲ့
ကလေးငယ်တစ်ယောက်လိုမျိုး မျက်ဝန်းတွေ
ခုလိုမျိုး chaeကိုမြင်ရတာ
Sooရင်တွေနာလိုက်တာchaeရယ်
Sooကို မုန်းလိုက်ပါတော့လားကွယ်😪

ရင်နာနာနဲ့ပဲ chaeလက်လေးကိုဖြုတ်ချမယ်လုပ်တော့
အားနဲ့ဆောင့်ဆွဲလိုက်တော့ chaeကြောင့်
Sooတစ်ကိုယ်လုံး chaeကိုယ်ပေါ်ပစ်ကျသွားလေသည်။

Sooသူ့ရင်ဘတ်ကို လက်နဲ့ထောက်ကာ
ထိန်းထားပေမယ့်
မျက်နှာနှစ်ခုက နီးကပ်စွာ....
ရင်ခုန်သံတွေကမြန်ဆန်စွာ....
ကျောကိုခပ်တင်းတင်းဖက်လာတဲ့လက်တွေ....
ရုန်းဖို့မေ့နေခဲ့လောက်အောင်ပင်
Chaeရဲ့မျက်ဝန်းတွေက
ဆွဲဆောင်မှုအားကောင်းလှပါသည်။

တဖြည်းဖြည်းနီးကပ်လာတဲ့နှုတ်ခမ်းတစ်စုံ💋
နောက်ပြီးတော့ sooကိုယ်ကို တစ်ပတ်လှိမ့်လိုက်လေသည်။
Soo chaeရဲ့ခန္ဓာကိုယ်အောက်ရောက်သွားသည်။chaeရဲ့လက်တစ်ဖက်က sooပုခုံးနားမှာထောက်ထားသည်။
ကျန်တစ်ဖက်က sooရဲ့ အောက်နှုတ်ခမ်းလေးကို
ဖွဖွလေးဆွဲပွတ်ကာ....
လေသံတိုးတိုးဖြင့်..

CHAESOO in your area💜Where stories live. Discover now