12 💜

477 48 0
                                        

Unicode ♨

"ချစ်တယ်sooyaa"
"တကယ်ပါအရမ်းကိုချစ်မိနေပြီ"

Chaeပြောလိုက်တဲ့အသံက မကျယ်လှပါဘူး
ပြီးတော့ soo ကြိုတွေးထားပြီးသားပါ
ဒါပေမဲ့ တကယ်လဲကြားလိုက်ရတော့
Sooတစ်ကိုယ်လုံးတုန်ခါသွားသလိုပဲ
ချစ်တယ်တဲ့ နားထဲမှာပဲ့တင်ထပ်နေတယ်
Sooဘာမှသေသေချာချာမကြားနိုင်တော့
ရင်တွေလဲပေါက်ကွဲမတတ်ခုန်နေတာကို
Sooဘယ်လိုထိန်းရမလဲ chaeရယ်....

ဘာမှပြန်မပြောဘဲ
ကြောင်တောင်တောင်လေးကြည့်နေတဲ့sooကြောင့်
Chaeလဲ sooပုခုံးလေးကိုကိုင်ကာ..

Chae:  တခုခု​ပြောအုံးလေ sooရဲ့

Soo : ........

Chae:  chaeကိုမယုံလို့လားဟင်...
Chaeလေ sooကိုပထမဆုံးစမြင်ဖူးထဲက သဘောကျခဲ့ရတာပါ  တခုခုတော့ပြောပါအုံးsooရယ် chaeကိုစိတ်ဆိုးသွားတာလားဟင်

Sooရဲ့ မျက်ဝန်းထဲမှာ chaeကို စိတ်မဆိုးဘဲ
စိတ်လှုပ်ရှားနေမှုကိုသာမြင်တွေ့ရတယ်

Soo:  sooလေ  chaeကိုယုံပါတယ်.....ဒါပေမဲ့...

ဒါပေမဲ့ လို့ပြောပြီး ခေါင်းငိုက်ဆိုက်ကျသွားတဲ့sooကြောင့် chaeအားမလိုအားမရဖြစ်ကာ
တခုခုထပ်ပြောမယ်အလုပ်...
Sooပြန်မော့ကြည့်လာပြီး ပြောလိုက်တဲ့စကားက...

Soo: မဖြစ်နိုင်တာပဲကို chaeရယ်......
ရီဝေစွာကြည့်ပြီးပြောလာတဲ့ soo

Chae: ဘာကိုမဖြစ်နိုင်ရမှာလဲ sooရဲ့
Chae sooကိုချစ်တယ် sooလဲchaeကိုပြန်ချစ်ရင်
ပြီးပြီပဲလေ sooဘာကိုတွေဝေနေတာလဲ....

Soo:  ကလေးအတွေးတွေ မတွေးပါနဲ့chaeရယ်
Sooတို့တွေက Idolsတွေလေ သာမန်လူတွေတောင်ဒါမျိုးဆိုတာ အခက်ခဲတွေလဲအများကြီးရှိသလို..

Sooစကားမဆုံးသေးခင်...

Chae: အဲ့ဒီအခက်ခဲတွေအားလုံးကို chaeရင်ဆိုင်နိုင်တယ် sooသာchaeဘေးနားမှာ ယုံယုံကြည်ကြည်နဲ့ လက်တွဲပေးထားမယ်ဆိုရင်ပေါ့

Sooသက်ပြင်ချလိုက်ပြီး
Soo:  Chae သေချာစဉ်းစားကြည့်ပါ ဒါကတကယ်မဖြစ်နိုင်ဘူးနော်

Chaeကို ချစ်တယ်ဆိုတဲ့အရိပ်ယောင်တွေsooမျက်ဝန်းတွေထဲမှာ တွေ့နေရပါလျက်နဲ့ငြင်းနေတဲ့sooကြောင့်

CHAESOO in your area💜Tempat cerita menjadi hidup. Temukan sekarang