Unicode ♨
JennieKimဆိုတာ လူကြည့်တော့သာ
ချေသလိုလို ဂရုမစိုက်သလိုလိုနေတတ်ပေမယ့်
အရမ်းစိတ်ထားနူးညံ့တဲ့ကောင်မလေးပါ
ခုလဲchaengငိုနေတာမြင်တော့
Jenတကယ်စိတ်မကောင်းဘူး
တော်တော်လေးကိုဝမ်းနည်းမိတယ်
ငိုချပစ်ချင်လာသလိုလိုကိုဖြစ်တယ်
Soo Unnieဆိုတာ Jenရဲ့အမဆိုလဲဟုတ်တယ်
သူငယ်ချင်းဆိုလဲဟုတ်တယ်...
အဖွဲ့ထဲမှာJenနဲ့အရင်းနှီးဆုံးကsooပဲ
Sooရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်ကလဲJenပဲ
ဒီကိစ္စကိုကျမှ sooကဘာလို့မပြောပြခဲ့တာလဲ
အချိန်တွေတူတူနေတာကြာလာတာနဲ့အမျှ
Sooစိတ်ဘယ်လိုရှိမလဲဆိုတာ
Jenခန့်မှန်းတတ်နေခဲ့ပြီ
Soo unnieက chaeကိုချစ်တယ်ဆိုတာ
Jenသိတယ်
ဒါပေမဲ့ unnieက ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုပဲ
ဦးစားပေးရွေးချယ်တတ်တယ်
ဒါကြောင့်လဲchaengကို
ချစ်ရက်နဲ့မရွေးခဲ့တာဖြစ်မယ်
အချစ်ဆိုတာထူးဆန်းတယ်
Jenလေ chaeကိုတကယ်နားလည်တယ်
Jenကိုယ်တိုင်လဲ Lisaအပေါ်မှာအဲ့လိုခံစားနေရတာမို့
ပိုပြီးနားလည်တယ်
Jenရဲ့အချစ်အကြောင်းပြောရမယ်ဆိုရင်
အရမ်းအကတော်တဲ့lisaကို
Jenမနာလိုဖြစ်ခဲ့ဖူးပါတယ်
အဲ့လိုမနာလိုရာကနေ....
သူ့အကြောင်းကအမြဲအတွေးထဲမှာပါလာရာကနေစပြီး lisaနဲ့ရင်းနှီးလာတဲ့ချိန်မှာ
သူ့ရဲ့ရိုးသားပွင့်လင်းမှုတွေက
Jenရဲ့မသိစိတ်ထဲမှာနေရာယူသွားခဲ့တာ
ခုဆိုlisaကို Jenအရမ်းချစ်နေခဲ့ပါပြီ
ဒါဟာ Jenရင်ထဲကအမှန်တရားပါ❤
နောက်ပီးJenဆုံးဖြတ်လိုက်တာတခုက
Chaengကို ကူညီပြီး
Soo unnieရဲ့အချစ်တွေဝန်ခံလာအောင်
လုပ်ပေးမယ်ဆိုတာပေါ့
------------------
JisooKim ခံစားရသမျှကို ဖုံးကွယ်ဟန်ဆောင်ပြီး
ပျော်ပျော်နေတတ်တဲ့ကောင်မလေးမို့
ခုလဲchaeကို မချစ်ဖူးလို့ဟန်ဆောင်ဖို့ကို
သူရွေးချယ်လိုက်တယ်
ဒါကခါတိုင်းနဲ့မတူဘူးchae
ငါ့အတွက်တော်တော်ခက်ခဲတယ်
Chaeမျက်ရည်ကျတာမြင်ရင်
ရင်ကွဲမတတ်ပဲ
ခုရော chaeငိုနေတာလား
Chaeရယ် chaeကလေ
ကလေးစိတ်ပဲရှိသေးတာသိလား
တခုခုဆိုဝမ်းနည်းလွယ်ပြီး ငိုနေတုန်းပဲ
Unnieက အဲ့ဒီမျက်ရည်တွေကိုသုတ်ပေးတဲ့သူပဲဖြစ်ချင်ခဲ့တာ
ငိုအောင်လုပ်မယ့်သူဖြစ်ချင်တာမဟုတ်ဘူး chae
ဒါကြောင့်မို့ ကျေးဇူးပြုပြီးမငိုပါနဲ့ chaeရယ်💔💔
YOU ARE READING
CHAESOO in your area💜
Fanfictionအောင်မြင်ကျော်ကြားလျက်ရှိသော K-pop Girl group "BLACKPINK" ဆိုသည်မှာလဲ 💜 Jisoo Chaeyoung chaesoo💜 Jennie Lisa Jenlisa💜 Blink🐰
