(1) 🐶🐧🐶 (1)

478 21 10
                                    

Ks' omma  : သားရေ Kyunggie ထတော့လေ ကျောင်းနောက်ကျတော့မယ်
KyungSoo  : Nae Omma
Ks' omma  : သားဆင်းလာရင် ညီလေးကိုပါ နှိုးခဲ့နော်
KyungSoo : Nae
                  ကျွန်တော်လဲ အိပ်ရာတွေ သိမ်းပြီး တစ်ဦးတည်းသော ညီငယ်လေးကို နှိုးဖို့ ဟိုဘက်ခန်းကို အရင်ကူးသွားလိုက်တယ်
အခန်းထဲမှာ စောင်ပုံတွေနဲ့ လုံးထွေးပြီး ခေါင်းအုပ်တွေနဲ့ အရုပ်တွေကလဲ ကြမ်းပြင်ပေါ်မှာ ဟိုတစ်ရုပ်ဒီတစ်ရုပ် ကွန်ပျုတာကလဲ ပွင့်လျက်သား ဒီကောင်လေး ညက ဂိမ်းဆော့ပြီး ကွန်ပျုတာမပိတ်ခဲ့ပြန်ဖူးဘဲ
KyungSoo : Hunnie ရေ Hunnie ထတော့လေ
Sehun        : အာ Hyung ကလဲ အစောကြီးရှိသေးတယ်
KyungSoo : မစောတော့ဘူးလေ ကျောင်းသွားရဦးမှာ
Sehun        : ခဏလေးပါဗျာ
KyungSoo : Kim Sehun!
Sehun        : Nae ထပါပြီ Hyung ကလဲ
              ဆိုပြီး စူပုတ်ပုတ်နဲ့ ရေချိုးခန်းထဲ ဝင်သွားသော ညီဖြစ်သူကို ကြည့်ကာ သက်ပြင်းသာ ချမိတော့တယ် ညီလေးက သူ့ထက် တစ်နှစ်ငယ်တယ် ဒီနှစ်ဆို ပထမနှစ်ကျောင်းသားပေါ့ သူက ဒုတိယနှစ်လေ သူတို့ ညီအကိုနှစ်ယောက်ကို ပြောင်းပြန်မွေးထားသလား အောက်မေ့ရတယ် ညီက အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ယောက်ျားပီသတယ် သူကကျ အရပ်ပုပု မျက်လုံးပြုးပြုးနဲ့ ချစ်ဖို့ကောင်းတယ် သူချစ်ဖို့ ကောင်းတယ်ဆိုတာကို သိပေမဲ့ သူ့ကို ချစ်ဖို့ကောင်းတယ်လို့ ပြောတာမကြိုက်ဖူး ကျွန်တော်က အနေးအေးတယ် တော်ရုံတန်ရုံလဲ စကားမပြောဖူး တချို့ သူငယ်ချင်းတွေက ကျွန်တော့်ကို မာနကြီးတယ်ဆိုပြီး သိပ်မပေါင်းကြဘူး အမှန်က ကျွန်တော်က မာနမကြီးပါဘူးဗျာ ကျွန်တော်မှာ သူငယ်ချင်းတော့မရှိဘူး ဒါပေမဲ့……
Sehun        : Hyung!!
KyungSoo : Chan!!
Sehun        : ဟာဗျာ Hyung က မမိုက်ပါဘူး ကိုယ့်ညီတစ်ယောက်လုံး ခေါ်နေတာကို ယောင်တာက Chan တဲ့
KyungSoo : ဟီးဟီး Hunna Miyan
Sehun        : အဲ့တစ်ယောက်ကို ခုထိ မမေ့သေးဘူးလား Hyung ရယ်
KyungSoo : …………
Sehun        : ဟူး ထားပါတော့ လာ ကျောင်းသွားရအောင် ဒီနေ့ ကျွန်တော် မောင်းမယ်နော်
KyungSoo : အေးပါ မောင်းမောင်း
--------------------------------------------
Girls           : Arr Oppa!!
                 ကျောင်းရောက်တာနဲ့ အော်ကြီးဟစ်ကျယ်တွေ လုပ်ပြီး ပြေးလာတဲ့ မိန်းကလေးတွေကြောင့် အနဲငယ်တော့ စိတ်ရှုပ်သွားရတယ် ဒါနဲ့ ကျွန်တော် ဒီကျောင်းမှာ တက်မှာ အဲ့မိန်းကလေးတွေ ဘယ်လိုသိကြပါလိမ့် ဘယ်လိုဖြစ်ဖြစ်ပါ ကျွန်တော်ရဲ့ အကျင့်ကိုက မာနမကြီးတတ်ဘဲ ဘယ်လိုလူမျိုးကိုမဆို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတတ်တာမို့ အားလုံးကို အလိုက်သင့်လေး ပြန်ပြုံးပြလိုက်တော့
Girls            : အား သေလို့ရပြီ ငါသေလို့ရပြီ
                   အဲ့လိုပဲ အင်း ဒါကလဲ ကျွန်တော့် အားနည်းချက်တစ်ခုလို ဖြစ်နေတာ အရမိးချောအောင် မွေးပေးထားတဲ့ မွေးသမိခင်ကိုသာ ကျေးဇူးတင်ရတော့မှာပါပဲ
--------------------------------------------
Sehun        : Hyung ဟိုရှေ့မှာ မိန်းကလေးတွေ အများကြီးပဲ ဘာလဲ မသိဘူး သွားကြည့်ရအောင်
KyungSoo : ဟာ Sehun ကလဲ ရှုပ်ရှုပ်ရှက်ရှက် လာပါကွာ သွားရအောင်
Sehun        : Hyung ကလဲ လာပါ ခဏ သွားကြည့်ရအောင်ပါ
                ဆိုပြီး ရှေ့ကနေ ကော့တော့တော့နဲ့ ထွက်သွားတော့ ညီတော်မောင်နောက် အပြေးလိုက်ရပြန်လေသည်
KyungSoo : Yarr Kim Sehun ငါ့ကို စောင့်ဦးဟ
            ဘုတ်
Kyungsoo : အင့်
--------------------------------------------
                 ပွဲတော်လို အုံခဲနေတဲ့ မိန်းကလေးတွေ ကြားကနေ တိုးဝှေ့ပြီး အပြေးထွက်လာရတယ် အေးဆေး သူတို့ရှဲသွားတဲ့အထိ စောင့်ပြီးမှ ထွက်ရင် သေချာတယ် ကျွန်တော် ဒီနေ့ မပြောနဲ့ မနက်ဖြန်တောင် အခန်းရောက်မှာ မဟုတ်ဖူး သူတို့ကြားကနေ အတင်းထွက်လာတော့ ရှေ့ကနေ လုံးတုံးတုံးနဲ့ ပြေးလာတဲ့ ကလေးတစ်ယောက်နဲ့ ဝင်တိုက်မိတော့ ထိုကလေးက အင့်ကနဲ အသံထွက်ပြီး ဖင်ထိုင်ရက်လေး ပြုတ်ကျတော့တာပဲ
Baekhyun : ဟေ့ ညီ…ညီလေး အဆင်ပြေရဲ့လား
Kyungsoo : အဆင်ပြေမလားဗျ ဒီမှာ မထနိုင်တော့ဘူးလေ နဲနဲပါးပါး ထူပေးပါလားဗျ
               တင်ပါးအောက်ကို လက်လေးထည့်ပြီး နှုတ်ခမ်းလေးတထော်ထော်နဲ့ ပြောနေတဲ့ ကောင်လေး ပင်ဂွင်းလေးကျနေတာပဲ ဟက် ချစ်ဖို့ကောင်းလိုက်တာ
Baekhyun : ကဲ အကို့ လက်ကို ကိုင်ပြီး ထလိုက် နော်
              ပြောပြီး လက်ကမ်းပေးလိုက်တော့ လက်ကို မကိုင်ဘဲ ကျွန်တော့်ကို မော့ကြည့်ပြီး ဆူပုတ်ပုတ် လုပ်နေသေးတာကြောင့်
Baekhyun : arr ဟုတ်ပြီ လက်ကို ကိုင်ပြီး မထချင်ရင် အကိုက ပွေ့ချီသွားရမှာပေါ့
KyungSoo : ရတယ် ရတယ် လက်ပဲပေး
               ဟက် ဟက် ရယ်ရတယ်ကွာ ကျွန်တော်လဲ သူ့ကို ဆွဲထူးပေးလိုက်ပြီး
Baekhyun : ဒါနဲ့ ညီက ဘယ်နှစ်တန်းလဲ ဒီကို ဘာလာလုပ်တာလဲ အာ အမတွေဘာတွေနဲ့ လိုက်လာတာလား ညီရဲ့အမက ဘယ်မှာလဲ အကို လိုက်ရှာပေးမယ်လေ
KyungSoo : ခင်ဗျား ဘာတွေ ပြောနေတာလဲ ကျွန်တော်က ဒီက ကျောင်းသားဗျ
Baekhyun : Borr!
                 သူ့ကိုယ်သူ ဒီက ကျောင်းသားပါလို့ ပြောနေတဲ့ ကောင်လေးကို သေချာကြည့်မိတယ် လုံးဝ အလယ်တန်းကျောင်းသား အရွယ်လေးကို
Baekhyun : မဖြစ်နိုင်တာ
Sehun        : Hyung!!
                 လို့ အော်ပြီး ကျွန်တော်တို့ရှိရာကို ပြေးလာသော အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက်
Sehun       : အံမယ်လေး မောထှာ Hyung ဘယ်ရောက်သွားတာလဲ
KyungSoo : ငါက ဘယ်ရောက်ရမှာလဲ မင်းသာ မိန်းကလေးတွေ အများကြီးရှိတဲ့ထဲ သွားပြီး ငါ့ကို ထားခဲ့တာလေ
Sehun        : Miyannae Hyung
KyungSoo : ဒါနဲ့ အဲ့မှာ လူတွေ အုံနေတာ ဘာလဲ
Sehun        : ဘာမှ မဟုတ်ပါဘူး Hyung ရာ နဲနဲချောတဲ့ ကောင်လေးတစ်ယောက်ပါ
KyungSoo : aww မိန်းကလေးတွေလဲ အဲ့တာတွေ ခက်တာ
Sehun        : ဟုတ်ပါ့ ဒါနဲ့ သူက ဘယ်သူ!!
ဟင် ခင်ဗျား စောစောကလူ
                    ကျွန်တော်လဲ ထိုကောင်လေးကို ပြုံးပြလိုက်တယ်
KyungSoo : သိလို့လား သူ့ကို
Sehun        : လာလာ Hyung ခဏလာ
                ဆိုပြီး ဟိုပုတုတုကောင်လေးကို ဆွဲခေါ်သွားပြန်လေသည်
Sehun        : စောစောက မိန်းကလေးတွေ အများကြီးအုံနေတဲ့ ကောင်လေးချောချောဆိုတာ သူလေ
KyungSoo : aww သူလား
               ခွီ နှစ်ယောက်သား ခပ်လှမ်းလှမ်းကို သွားပြီး ကျွန်တော့်အတင်းပြောကြတယ်တဲ့ မကြားချင်ယောင်ဆောင်ပေးလိုက်ပါမယ်လေ
ပြီးတော့ ကျွန်တော့်ကို နှစ်ယောက်သား တစ်ချက်ပဲ လှည့်ကြည့်ကာ ပုခုံးဖက်ပြီး ထွက်သွားတော့ စိတ်ထဲမှာတမျိုးကြီး တစ်ခုခုလစ်ဟာသွားသလို တစ်စုံတစ်ခု ဆုံးရှုံးလိုက်ရသလိုကြီး
----------------------------------------------
                   ကျောင်းရုံးခန်းကို အရင်သွားပြီး ကျွန်တော်တို့ အတန်းကို သင်မဲ့ ဆရာ Wu Kris ဆိုတဲ့ တစ်ယောက်နဲ့ တခါတည်း စာသင်ခန်းကို လိုက်လာခဲ့တယ်
Kris            : ဒါက မင်းရဲ့ စာသင်ခန်းပဲ Baekhyun ဆရာက မင်းရဲ့ အတန်းပိုင်ပါ လာ ကျောင်းသားတွေနဲ့ မိတ်ဆက်ပေးမယ်
Baekhyun : Nae Sam
Kris             : ကဲ အားလုံးပဲ Attention please!! ဒီနေ့ ဆရာတို့ အတန်းကို ကျောင်းသားသစ်တစ်ယောက်ပြောင်းလာတယ် လာ ဝင်ခဲ့
Baekhyun : Annyeonwasaeyo Byun Baekhyun mitha ရှေ့လျှောက် အားလုံးနဲ ခင်ခင်မင်မင်နေချင်ပါတယ် ကူညီပေးကြပါဦး
Kris             : ကဲ ကျောင်းသားတွေ တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်ပါဦး
Boy 1           : Annyeon ငါ့နာမည်က Min Young ပါ အတန်းခေါင်းဆောင်
Anna           : Annyeon ငါက Anna ပါ
……
……
……
……
……
……
……
……
……
……
……
Kris             : Baekhyun အဆင်ပြေတဲ့ နေရာမှာထိုင်လိုက်နော်
Baekhyun : Nae Sam
                   ကျွန်တော်လဲ ထိုင်လို့ အဆင်ပြေမဲ့ နေရာကို လိုက်ကြည့်လိုက်တော့ ဟိုနောက်ဆုံးတန်းမှာ တစ်ယောက်ထဲ ထိုင်နေတဲ့ ကောင်လေးကို သွားတွေ့ရလေသည်
Baekhyun : Sam ကျွန်တော် ဟိုးနောက်ဆုံးတန်းမှာ ထိုင်လို့ရမလား
Kris            : omm ရတယ်လေ KyungSoo
KyungSoo : Nae Hyung
Kris            : သူ့ကို လိုအပ်တာ ကူညီပေးလိုက်ဦး နော်
KyungSoo : Nae Hyung
                 ကျွန်တော်လဲ ထိုကောင်လေးရဲ့ ဘေးကို ဝင်ထိုင်လိုက်ပြီး
Baekhyun : Annyeon Baekhyun ပါ
KyungSoo : သိတယ်
Baekhyun : ငင့်
KyungSoo : ………
Baekhyun : ငါ မင်းကို KyungSoo လို့ ခေါ်လို့ရတယ်မလား
KyungSoo : ငါ့နာမည်က KyungSoo လေ KyungSoo ကို KyungSoo လို့ မခေါ်တော့ မင်းက ဘယ်လို ခေါ်ချင်လို့လဲ
                  ကျွန်တော့်ရှေ့က ကောင်လေးကို သေချာကြည့်မိတော့ ပုပုသေးသေးလုံးလုံးလေးနဲ့ ပင်ဂွင်းလေးကျနေတာပဲ
Baekhyun : ပင်ဂွင်း
KyungSoo : Borr!!
Baekhyun : aww ပင်ဂွင်း…ပင်ဂွင်းလေးတွေ ချစ်ဖို့ကောင်းတယ်နော်
                    ကျွန်တော့်ကို မျက်စောင်းတစ်ချက်ထိုးပြီး သူ့စာသူ ပြန်ဖတ်နေသောကြောင့် ကျွန်တော်လဲ ဘာစကားမှ ထပ်မပြောတော့ပေ
MinYoung : Baekhyun shi
Baekhyun : arr ဟုတ်ကဲ့ MinYoung shi
Baekhyun : ကျွန်တော် ခင်ဗျားကို ခင်ဗျားရဲ့ Locker ခန်းကို လိုက်ပို့မယ်
Baekhyun : arr ဟုတ်ကဲ့
              Locker ခန်းကို သွားတဲ့ လမ်းမှာ
Baekhyun : arr MinYoung shi
MinYoung : MinYoung လို့ပဲ ခေါ်ပါ
Baekhyun : Nae MinYoung ဟိုလေ KyungSoo က ဘယ်လို လူမျိုးလဲဟင်
MinYoung : သူက လူကောင်းတစ်ယောက်ပါ အနေအေးတယ် တော်ရုံတန်ရုံတော့ သူနဲ့ သူငယ်ချင်းဖြစ်ဖို့ မလွယ်ဘူးဗျ သူကလဲ ဘယ်သူနဲမှ သိပ်မပေါင်းဘူး သူ့ညီလေး ရှိတယ် အဲ့ကောင်လေးနဲ့ပဲ ရောတာ သူ့မှာ သူငယ်ချင်းမရှိဘူး ဒါပေမဲ့ သူက သဘောတော့ ကောင်းပါတယ်
Baekhyun : aww Nae Gomawow
Baek'pov   : ဒီနေ့က စပြီး ငါမင်းရဲ့ အခင်ဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစားပြမယ် KyungSoo
---------------------------------------------
At Break Time,
                Break Time ရောက်တော့ ပစ္စည်းတွေ သိမ်းပြီး ထွက်သွားဖို့ လုပ်နေတဲ့ သူရဲ့ လက်ကို လှမ်းဆွဲလိုက်တော့
KyungSoo : Wae?
Baekhyun : ဟိုလေ Canteen သွားမလို့
               ကျွန်တော့်ကို မျက်မှောင်တချက် ကျုံ့ကြည့်ပြီး
KyungSoo : သွားပါလား ငါက ဘာလုပ်ပေးရမှာလဲ
               ဆိုပြီး ပြန်လှည့်ထွက်ဖို့ လုပ်နေသောကြောင့်
Baekhyun : မင်းအဲ့လိုတော့ မလုပ်နဲ့လေကွာ ငါမှ Canteen မသွားတတ်တာကို
                  Canteen မသွားတတ်ဘူးဆိုတဲ့ နေရာမှာ အသံကို လိုတာထက် ပိုတိုးပြီး ပြောလိုက်တော့ နောက်ကျောခိုင်းနေတဲ့သူက သူရဲ့ ခြေလှမ်းတွေကို ရပ်လိုက်ကာ သက်ပြင်းတစ်ချက်ချပြီး
KyungSoo : ငါက ငါ့ညီဆီ သွားရဦးမှာ မင်းအတွက် အနှောင့်ယှက်မဖြစ်ဘူးဆိုရင်တော့ ငါနဲ့လိုက်ခဲ့
              Yehet,ပထမအဆင့် Canteen တူတူသွားဖို့တော့ အောင်မြင်ပြီကွ သူက အဲ့လောက်ကြီးလဲ ပေါင်းရသင်းရမခက်ပါဘူး
-------------------------------------------
                    ကျွန်တော်နဲ့ သူနဲ့ ပထမနှစ်ကဂျုနီယာတန်းဘက် လျှောက်လာရင်း လမ်းမှာ သူရဲ့ ပုခုံးကိုလှမ်းဖက်လိုက်တော့ ကျွန်တော် ပုခုံးရင်းပေါ် အုန်းကနဲ ကျရောက်လာတဲ့ သူရဲ့ လက်တစ်စုံ သူရိုက်လိုက်တာ အဲ့လောက် အားမပြင်းပေမဲ့ သူနဲ့ ရင်းနှီးဖို့အတွက် မူယာမာယာတွေ ထုတ်သုံးရတော့တာပေါ့ ငယ်ငယ်က အပျော်တမ်းအနေနဲ့ သရုပ်ဆောင်သင်တန်း တက်ထားဖူးတာ အကျိုးတော့ရှိသားပဲ လိုတာထက် မျက်နှာကို ပိုရှုံ့မဲ့ကာ ပုခုံးကို လက်တစ်ဖက်နဲ့ အုပ်ကိုင်ထားပြီး မျက်ရည်တွေပါ ဝဲလာကာ ခန္ဓာကိုယ်ကို အနဲငယ်ကုန်းလိုက်ပြီး အရမ်းနာနေတဲ့ ပုံစံ သရုပ်ဆောင်လိုက်တော့ သူ့လက်သူ ပြန်ငုံ့ကြည့်ကာ အရမ်းအံသြသွားတဲ့ပုံနဲ့ ကျွန်တော့်ကို ကြည့်ပြီး
KyungSoo : ဒီဒီမှာ မင်းအဆင်ပြေရဲ့လား
Baekhyun : …………
                  သူမေးတာကို ပြန်မဖြေဘဲ အံကိုကြိတ်ပြီး ဖြေးဖြေးလေး ခေါင်းခါပြလိုက်တော့
KyungSoo : ငါငါ တောင်းပန်ပါတယ် မ…မရည်ရွယ်ပါဘူး မင်းက ရုတ်တရက် ငါ့ကို လာဖက်တော့ယောင်ပြီး ရိုက်…ရိုက်လိုက်မိတာပါ
Baekhyun : အား နာလိုက်တာ သေတော့မှာပဲ ငါက မင်းနဲ့ သူငယ်ချင်းဖြစ်ချင်လို့ ကြိုးစားကြည့်ရုံလေးပါ အဲ့လောက် ရိုက်ဖို့ လိုလို့လား ကျစ် မင်းတကယ်ကွာ
                    ဆိုပြီး သူ့နားကနေ လှည့်ထွက်လိုက်တော့ ကျွန်တော့် လက်ကို လှမ်းဆွဲကာ
KyungSoo : Baek…Baekhyun
                   ဟင်းဟင်း ဒါပဲလေ သူအဲ့လောက် စိတ်ဓာတ်မမာဘူးဆိုတာ ကျွန်တော် ရိပ်မိပါတယ်
KyungSoo : ငါငါ မင်းနဲ့ သူငယ်ချင်း လုပ်မယ်လေ နော် ငါ့ကို စိတ်မဆိုးပါနဲ့
                  ကျွန်တော့်အကွက်ထဲတော့ ဝင်လာပြီ နဲနဲတော့ မူလိုက်ပါဦးမယ်
Baekhyun : တော်ပါပြီ ငါမင်းနဲ့ သူငယ်ချင်း လုပ်ဖို့ မကြိုးစားတော့ပါဘူး နောက်တစ်ခါဆို ငါ့အရိုးတွေ ကျိုးသွားမလား မသိဘူး
KyungSoo : မဖြစ်ပါဘူး မဖြစ်ဘူး ငါနောက်တစ်ခါ မင်းကို မရိုက်တော့ပါဘူး ခုကလဲ ယောင်သွားလို့ပါ တောင်းပန်ပါတယ် ငါ…ငါ မင်းနဲ့ သူငယ်ချင်းဖြစ်ပေးပါ့မယ်
Baekhyun : တကယ်နော်
KyungSoo : omm
Baekhyun : ဒါဆို မင်းညီလေးကို သွားခေါ်မယ်လေ လာ
                  သူရဲ့ ပုခုံးကို လှမ်းဖက်လိုက်သည် ဒီတစ်ခါတော့ သူ ကျွန်တော့်ကို ရိုက်လဲ မရိုက်တော့သလို ငြင်းလဲ မငြင်းတော့ပါ ဒီလိုနဲ့ သူ့ညီလေးရဲ့ အတန်းနားရောက်လာတော့ မနက်က သူ့ပုခုံးကို ဖက်ပြီး ထွက်သွားတဲ့ အရပ်ရှည်ရှည်နဲ့ ကောင်လေးက သူ့ဆီ ပြေးလာပြီး
Sehun        : Hyung နောက်ကျတာဗျာ
KyungSoo : sorry Hunnie
Sehun        : ဒါနဲ့ သူကဘယ်သူလဲ Hyung ကို နှောင့်ယှက်နေတာလား ကျွန်တော် ဆုံးမလိုက်ရမလား
Baekhyun : Annyeon Baekhyun ပါ သူ့ သူငယ်ချင်း
Sehun         : Hyung ရဲ့ သူငယ်ချင်း? ဟုတ်လား Hyung?
KyungSoo : omm ဟုတ်တယ် Hunnie
                  ထိုအခါမှ စောစောက ကျွန်တော့်ကို သူ့အကိုကို နှောင့်ယှက်နေတယ်ဆိုပြီး ဆုံးမမယ်ဆိုတဲ့ ကောင်လေါ်က နှစ်လိုဖွယ် ပြုံးပြကာ
Sehun        : Annyeon Hyung Kim Sehun ပါ KyungSoo Hyung ရဲ့ တစ်ဦးတည်းသော ညီလေး ကျွန်တော့်ကို ညီအရင်းလေးလို သဘောထားပြီး မုန့်တွေဘာတွေ ဝယ်ကျွေးလို့ရတယ်သိလား
KyungSoo : Kim Sehun ညီလေးလို သဘောထားပြီး ဆုံးမလို့ ရတယ်လဲမဟုတ် ဘာ မုန့်ဝယ်ကျွေးလို့ရတယ်လဲ
Baekhyun : မင်းက ဆက်ဆံရေးပြေပြစ်သားပဲ မင်းအကိုလို မဟုတ်ဖူး
                 ထိုစကားနောက်မှာ ကျွန်တော့်ဆီ ကျရောက်လာတာ ပင်ဂွင်းမျက်စောင်း
Sehun         : ဟုတ်တယ် Hyung က အဲ့လိုပဲ အကိုက သူရဲ့ ဒုတိယမြောက်သူငယ်ချင်းပဲ
Baekhyun : ဟင် ပထမသူငယ်ချင်းကရော?
Sehun         : ကျွန်တော်လေ
KyungSoo : တော်ပြီ တော်ပြီ သွားကြမယ်
                  ဘာပဲဖြစ်ဖြစ် KyungSoo နဲ့ သူငယ်ချင်း ဖြစ်နေပြီပဲ Best Friend ဖြစ်အောင် ကြိုးစားဖို့ပဲ လိုတော့တာ
------------------------------------------------
                 Canteen မှာ ကျွန်တော်တို့ သုံးယောက် စားသောက်နေတုန်း Sehun ဆီမှ အံသြတကြီးအော်သံကို ကြားလိုက်ရလေသည်
Sehun        : Hyung Hyung ဟိုဟိုမှာ ဟိုလူ
                သူရဲ့ အော်သံကြောင့် ကျွန်တော်ရော ပင်ဂွင်းလေးရော သူညွှန်ပြရာ နောက်ကို လှည့်ကြည့်မိတော့
KyungSoo : ဟင် ကို…ကိုကို
                 WTF!! အခု KyungSoo က ကိုကိုလို့ ခေါ်လိုက်တာလား သူက ဘယ်သူမို့လို့ KyungSoo က ကိုကိုလို့ ခေါ်ရတာလဲ ကျွန်တော်လဲ သူတို့ညီအစ်ကို နှစ်ယောက် ကြည့်နေရာ နေရာကို လှည့်ကြည့်လိုက်တော့
                   ကျွန်တော်တို့နှစိယောက်ရဲ့ ကျောဘက် Sehun ရဲ့ မျက်နှာချင်းဆိုင်ဝိုင်းမှာ ဂိမ်းထိုင်ဆော့နေတဲ့ ကောင်လေးချောချောလေးတစ်ယောက်
                 
KyungSoo : ကိုကိုက ဒီကို ဘယ်လို ရောက်နေတာလဲ
Sehun        : ဒီကို ကျောင်းပြောင်းလာတာ နေမှာပေါ့
KyungSoo : အား ငါတော့ ကံတွေ ကောင်းပြီ ကိုကို ငါ့ကို သတိထားမိအောင် လုပ်ရမယ်
Baekhyun : အဟမ်း သူက ဘယ်သူလဲ
မင်းရဲ့ ခွက်ရှ်လား
KyungSoo : အမှန်ပြောရရင် ဟုတ်တယ် ငါ အဲ့တာကြောင့် သူငယ်ချင်းမထားတာ အဲ့ကိစ္စကို သိရင် ငါ့ကိုရွံသွားကြမှာ ဒါကြောင့် အစထဲက ဘယ်သူ့ကိုမှ မပေါင်းတာ မင်းရော ဘယ်လိုလဲ ငါ့ကို ခင်ချင်သေးလား
Baekhyun : ဘာလို့ မခင်ချင်ရမှာလဲ ထူးဆန်းတဲ့ ကိစ္စလဲမဟုတ် လူတစ်ယောက်က တခြားလူတစ်ယောက်ကို ချစ်တာလေ မထူးဆန်းပါဘူးဟ ငါကူညီမယ်
KyungSoo : မင်း တကယ်လား
Baekhyun : ဒါပေါ့ ဒါမဲ့ မင်းငါ့ကို တစ်ခုပြန်ပေးရမယ်
KyungSoo : ဘာလဲ
Baekhyun : ထာဝရအတွက် မင်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်ခွင့် ဘယ်လိုလဲ ပေးမှာလား
                သူတစ်ချက်တော့ တွေသွားသည် ပြီးမှ
KyungSoo : ဒါပေါ့ မင်းကို ငါ အချစ်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ပေးမယ်
Baekhyun : Ok ငါ့ကို သူ့အကြောင်းတွေ ပြောပြမှ ရမယ်
KyungSoo : သူ့နာမည်က Chanyeol
Baekhyun : သူ့ကို ဘယ်အချိန်က စကြိုက်တာလဲ
KyungSoo : အထက်တန်းထဲက သူက ငါတို့ဘေးအိမ်မှာနေတာ
Baekhyun : နောက်တော့
KyungSoo : အထက်တန်းပြီးတော့ သူဂျပန်မှာ ကျောင်းသွားတက်တာ သူ့မိသားစုလဲ အိမ်ပြောင်းသွားတာ အဲ့ထဲက မတွေ့တော့တာ
Baekhyun : ok မနက်ဖြန်ကစပြီး ငါမင်းကို ကူညီမယ် မင်းကတိတော့ မမေ့နဲ့နော်
KyungSoo : အေးပါ
------------------------------------------
Chanyeol'pov,
                  ကျွန်တော် ဂျပန်ကနေ ပြန်လာပြီး ဒီကျောင်းမှာ လာတက်နေတဲ့ တခုတည်းသော ရည်ရွယ်ချက်က သူ့ကြောင့် ကျွန်တော် ချစ်ရတဲ့သူက ဒီကျောင်းမှာ ရှိနေလို့ပေါ့ ဒါပေမဲ့ သူကတော့ ကျွန်တော့်ကို ရှိတယ်လို့တောင် ထင်မှာ မဟုတ်ပါဘူး သူက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တယ် ကျွန်တော့်ကို ဂရုတောင် စိုက်ခဲ့တာ မဟုတ်ဖူး အထက်တန်းကျောင်းသားဘဝထဲက သူနဲ့ ကျွန်တော်က အသက်တော့ ကွာတယ် အများကြီးတော့ မဟုတ်ဖူး နှစ်နှစ်လောက်ပါပဲ ဟော ဟိုမှာ သူလာနေပြီ ကျွန်တော်ရဲ့ ထုံးစံအတိုင်း သူရဲ့ ခြေရာတွေကို လိုက်နင်းပြီး သူ့နောက်လိုက်ရတော့မှာပေါ့
Someone  : ကောင်လေး မင်းငါ့နောက် ဘာလို့ လိုက်နေတာလဲ
Chanyeol  : ရော် ခက်ပြီ မသိလို့ မေးနေတာလား Hyung ရယ် Hyung ကို ချစ်လို့ပါဆိုတာ ဘယ်နှစ်ခါ ပြောရမှာလဲ
Someone  : ငါမှ မင်းကို မချစ်တာ
Chanyeol  : အပြတ်ကြီးကို ပြောတော့တာပါလား Hyung ရယ် နဲနဲပါးပါး စဉ်းစားပါဦးလို့
Someone  : ဘာမှ စဉ်းစားစရာ မလိုဘူး ငါက ဒီကျောင်းမှာ အားလုံးရဲ့ လေးစားခြင်းကို ခံရတဲ့သူ မင်းလို လူမျိုးနဲ့ ငါက ဘယ်လိုလုပ် ချစ်လို့ရမှာလဲ
Chanyeol  : ဘာလို့လဲ Hyung ထားပါ ကျွန်တော်ဘက်က တစ်ဖတ်သတ်ပဲ ချစ်နေဆိုရင်လဲ အဆင်ပြေပါတယ် Hyung နားမှာ ရှိနေရရင် ပြီးရော
Someone  : မင်း တော်တော် ပြောရဆိုရခက်တဲ့ ကလေးပဲ
                ပြောပြီး ထွက်သွားတဲ့ Hyung နောက် ဆက်လိုက်မသွားတော့ပေမဲ့ သူကြားအောင် စကားတစ်ခွန်းတော့ အော်ပြောလိုက်သေးတယ်
Chanyeol  : Hyung ကျွန်တော့်ကို ဘယ်လိုပဲ ပြောပြော ဘယ်လိုပဲ ဥပေက္ခာပြုပြု ကျွန်တော်က ပြောင်းလဲသွားမှာ မဟုတ်ဖူးနော် တစ်နေ့ထက်တစ်နေ့ Hyung ကိုပဲ ပိုချစ်နေမှာ
Someone'pov : ငါမင်းနားလည်အောင် ဘယ်လိုပြောရမလဲ ကောင်လေးရယ် ဟူး ခက်ပါတယ်
--------------------------------------------
                 BaekSoo fic ပါပဲ Baeksoo တွေချည်းပဲ ရေးနေလို့ စိတ်ချိုးကြလား စိတ်ချိုးကြနဲ့နော် နောက်ကျ တခြား  OTP တွေပါ ရေးပေးမှာပါ လောလောဆယ်တော့ ဒါလေးပဲ ဖတ်ပေးကြဦးနော် ဒါနဲ့ KyungSoo က Chanyeol ကို ကြိုက်နေတာဆို Chanyeol ရဲ့ Hyung က ဘယ်သူဖြစ်မလဲဟင်
------------------------------------------
         

This is my penguin🐧🐧🐧Where stories live. Discover now