(10) 🐶🐧🐶 (10)

91 6 2
                                    

                 အိမ်ပေါက်မှာ ဖိနပ်ချွတ်နေပြီး အိမ်ထဲ ဝင်ဖို့လုပ်နေတုန်း
KyungSoo : Baekhyun
                 ဆိုတဲ့ ခေါ်သံလေးကြောင့် မော့ကြည့်လိုက်တော့ ဧည့်ခန်းဝကနေ ရပ်ပြီး သူ့ကို ကြည့်နေတဲ့ ပင်ဂွင်း မျက်လုံးဟောက်ပက်နဲ့ ညက ကျွန်တော်ဖုန်းလဲမဆက် ပြန်လဲမလာတော့ သူအိပ်မပျော်ဘူးထင်ပါတယ်
KyungSoo : Baekhyun!
                   ကျွန်တော်မထူးတော့ နောက်တစ်ကြိမ်ထပ်ခေါ်တာကြောင့် သူနဲ့လဲ မျက်နှာချင်းမဆိုင်ရဲတာကြောင့်
Baekhyun : ကိုယ်ပင်ပန်းနေလို့ နောက်မှ စကားပြောရအောင်
                   သူပြောလာမဲ့ စကား သူမေးလာမဲ့ မေးခွန်းတွေကို ကြိုသိနေပေမဲ့ ပြန်ဖြေနိုင်စွမ်းမရှိတာကြောင့် ဦးအောင် ငြင်းလိုက်တော့ သူက မျက်နှာတစ်ချက်ပျက်သွားပြီး
KyungSoo : အင်း မင်းသွားနားလိုက်တော့
                    ဆိုကာ စားပွဲပေါ်မှာ တင်ထားတဲ့ သူရဲ့ ကားသော့ကို လှမ်းယူလိုက်တော့
Baekhyun : ဘယ်သွားမလို့လဲ Kyung လေး
                    ဆိုတော့ ကျွန်တော့်ကို တချက်မျှ လှည့်မကြည့်ဘဲ ကျောခိုင်းထားရက်ကနေပဲ
KyungSop : Sehun ဆီ သွားမလို့
                    ဆိုတော့ ကျွန်တော် ဘာမှ ဆက်မပြောနိုင်တော့ ပုံမှန်ဆို ခုလိုရှားရှားပါးပါး ရတဲ့ အားလပိရက်မျိုးမှာ သူလဲ တစ်ယောက်ထဲ အပြင်မထွက်သလို ကျွန်တော်ကလဲ ခွင့်ပြုမှာမဟုတ်ပေမဲ့ ဒီနေ့တော့ ကျွန်တော့်မှာ ဘာမှ ပြောပိုင်ခွင့်မရှိ ကျွန်တော်ဘက်က စပြီး အိမ်ပြန်မလာဘဲ နေခဲ့တာ နောက်ပြီး အကြောင်းလဲ မကြားခဲ့ဘူးဆိုတော့ သူကျွနိတော့်ကို နဲနဲတော့ စိတ်ဆိုးနေမှာပေါ့ နောက်ပြီး ခုဟာက သူ့ညီအိမ်သွားမှာဆိုတော့ တားလို့လဲ မရဘူးလေ
------------------------------------------------
KyungSoo : ကျွန်တော် ဘာဆက်လုပ်ရမလဲ Hyung တို့ရယ် ခုချိန် ဘာမှကို မစဉ်းစားနိုင်တော့ဘူး ရူးတော့မလိုပဲ
Chanyeol  : နေပါဦး Kyung လေးရယ် ဘာမှ သေသေချာချာသိရသေးတာ မဟုတ်ဘူး Hyung တို့ သေချာစုံစမ်းကြည့်ပါဦးမယ်
Kris             : ဟုတ်ပါတယ် KyungSoo ရယ်  Hyung တို့ စုံစမ်းပေးမှာမို့ KyungSoo က ဘာမှ မတွေးနဲ့နော်
                   Sehun ဆီသွားမယ်လို့ Baekhyun ကို ပြောလာခဲ့ပေမဲ့ တကယ်တမ်းကျ အကိုလုပ်သူရဲ့ အိမ်ထောင်ရေးအကြောင်း ညီလုပ်သူကို ပြောမပြချင်တာကြောင့် ကော်ဖီဆိုင်တစ်ဆိုင်မှာ ခဏထိုင်နေတုန်း Kris Hyung တို့ လင်လင်နှစ်ယောက်နဲ့ တွေ့တာကြောင့် တူတူထိုင်ပြီး တိုင်ပင်ဖြစ်ခြင်းသာ……
KyungSoo : မဟုတ်ဘူး Hyung တို့ရဲ့ မဟုတ်ဘူး စုံစမ်းစရာကိုမလိုတော့တာ
Chanyeol  : နေပါဦး Kyung လေးရယ် Kyung လေးက ဘာတွေ သိထားလို့လဲ Hyung တို့ကို ပြောပြပါဦး ဒါမှ Hyung တို့က ဝေဖန်ပေးလို့ ရမှာပေါ့
KyungSoo : ဟိုတစ်လောက သူအလုပ်ကနေပြန်လာတော့ သူ့ပုံစံက အရင်နဲ့မတူပဲ နဲနဲထူးဆန်းနေတယ် မရွှင်မလန်းနဲ့ ပြီးတော့ ပြန်ရောက်ချင်း ပငိပန်းလို့ဆိုပြီး ကျွန်တော့်ကို ဖက်ထားတာ အကြာကြီး ပြီးတော့ သူအဝတ်အစားတွေချွတ်ပြီး အောက်ထပ်ဆင်းသွားတုန်း သူ့အဝတ်အစားတွေကို လျှော်ဖို့ သိမ်းတော့ သူ့အင်္ကျီမှာ……သူ့အင်္ကျီမှာ နှုတ်ခမ်းနီရာတွေနဲ့ ရေမွှေးနံ့တွေရတယ် နောက်ပြီး သူ့မွေးနေ့တုန်းက ရုပ်ရှင်သွားကြည့်တုန်း Honey ဆိုတဲ့ မိန်းကလေး တစ်ယောက်လာနှုတ်ဆက်တယ် အဲ့အထိ ကျွန်တော်သံသယမဝင်ပါဘူး ဒါမဲ့ အဲ့နေ့က……အဲ့နေ့က သူ့အင်္ကျီကရတဲ့ ရေမွှေးနံ့က အဲ့နေ့ အဲ့မိန်းကလေးရဲ့ ခန္ဓာကိုယ်ကရတဲ့ ရေမွှေးနံ့နဲ့တူတူပဲ နောက်ပြီး သူ……သူမနေ့ညက အိမ်ပြန်မလာဘူး
                  ကျွန်တော်စကားအဆုံး Hyung တို့ လင်လင်နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းတွေသာ ချရင်း……
KyungSoo : ကျွန်တော်က ယောက်ျားလေး ဖြစ်နေလို့လား ဘာမှ မရှိတဲ့ ပြားချပ်ချပ်ခန္ဓာကိုယ်ကြောင့်လား နှလုံးရောဂါသည်ဖြစ်နေလို့လား သူလိုအပ်ချိန်တိုင်း အဆင်သင့်ရှိမနေပေးနိုင်လို့လား သူ့ရဲ့ ရင်သွေးလေးကို မမွေးပေးနိုင်လို့လား
Chanyeol  : KyungSoo တော်ပါတော့ ဘာတွေ တွေးနေတာလဲ KyungSoo ရယ် Hyung တို့ သေချာအောင် စုံစမ်းပေးပါ့မယ် နော်
KyungSoo : အဟင့် ဟင့်
                မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုကြွေးနေတဲ့ ကောင်လေးရဲ့ ပုခုံးကို ဖက်ပြီး နှစ်သိမ့်ပေးရုံကလွဲရင် ဘာမှ လုပ်မပေးနိုင် Kris Hyung ကို ကြည့်လိုက်တော့လဲ ဘာမှ မတတ်နိုင်သလို မယုံကြည်နိုင်သလို ကောင်လေးကို အားရအောင် ငိုခိုင်းပြီးမှ သူ့ကို အိမ်ထိပြန်လိုက်ပို့ပေးခဲ့တယ် Kris Hyung ကတော့ မနက်စောစော ကုမ္ပဏီသွားရမှာမို့ အရင်ပြန်နှင့်တယ်လေ ကျွန်တော်ကတော့ သူ့ကို လိုက်ပို့ပေးခဲ့တယ် သူ့ပုံစံက တစ်ယောက်ထဲ ကားမောင်းပြီး ပြန်လို့ အဆင်မပြေနိုင်ဘူးလေ အခုတောင် အချိန်အတော် နောက်ကျပြီး အတော်မှောင်နေပြီ Kyung လေးတောင် တစ်လမ်းလုံးငိုလာတာနဲ့ အိပ်ပျော်နေပြီ သူတို့ အိမ်ကို ပြန်ရောက်တော့ Baekhyun က အိမ်ရှေ့မှာ ငုတ်တုတ်လေးထိုင်နေသောကြောင့်
Chanyeol  : Baekhyun မအိပ်သေးဘူးလား
                  ကျွန်တော့်ကို မြင်တော့ အိပ်ငိုက်နေတဲ့ မျက်လုံးအစုံက ပြုးကျယ်လာပြီး
Baekhyun : Hyung က ဒီကို ဘယ်လိုလုပ် ဟင် Kyung…Kyung လေး
Chanyeol  : ရှုး တိုးတိုး Baekhyun  Kyung လေး အိပ်နေတယ်
                    ကျွန်တော့်ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ Kyung လေးကို တစ်လှည့် ကျွန်တော့်ကို တစ်လှည့်ကြည့်ကာ သူ့မျက်လုံးအကြည့်က ချက်ချင်းပြောင်းသွားကာ ကျွန်တော့်ရင်ခွင်ထဲက Kyung လေးကို လက်လွှဲယူလိုက်ပြီး
Baekhyun : Kyung လေးကို လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် အခု သူ့အိမ်လဲ ပြန်ရောက်နေပြီ သူ့ခင်ပွန်းနဲ့လဲ တွေ့နေပြီဆိုတော့ Hyung ပြန်လို့ရပြီ ကျေးဇူးတင်ပါတယ်
                   ဟုဆိုကာ တံခါးကို ဆောင့်ပိတ်သွားတဲ့ ကောင်လေးကို ကြည့်ရင်း ပြုံးမိတယ် သူ့ဟာလေးကို လိုက်ပို့ပေးတာနဲ့ပဲ
အူတွေ ပုပ်ပြီး ကျွန်တော့်ကိုတောင် အတင်းမောင်းထုတ်နေတာ ဒါတောင် ကျွန်တော်က လူပျိုလူလွတ်မဟုတ်ဘူး ယောက်ျားကြီး ငုတ်တုတ်နဲ့ ဒီလောက် Kyung လေးကို ချစ်ပြီး သဝန်တိုတတ်တဲ့ ကောင်လေးက ဖောက်ပြန်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး Kyung လေး တစ်ခုခု အထင်လွဲနေတာနေမှာ ငါသေချာ စုံစမ်းကြည့်ရမယ်
-----------------------------------------------
               ကျွန်တော်အိပ်ရာကနိုးလာတော့ လက်မောင်းပေါ်က လေးလံတဲ့အရာတစ်ခုကြောင့် မျက်လုံးဖွင့်ပြီးအသာလေးလှည့်ကြည့်လိုက်တော့ ကျွန်တော့်လက်မောင်းကို ခေါင်းအုံးပြီး အိပ်နေတဲ့ ပင်ဂွင်းပေါက်ရဲ့ မျက်နှာဖူးဖူးလေးကို ကြည့်ရင်း ချစ်သဒ္ဒါတွေပိုလာရတာကြောင့် သူရဲ့ ပါးမို့မို့လေးထဲကို နှာခေါင်းနစ်ဝင်သွားတဲ့အထိ ဖိကပ်နမ်းရှိုက်လိုက်ပြီး သူ့ရဲ့ နဖူးလေးကို စမ်းကြည့်လိုက်တယ်
Baekhyun : အင်းးး ကိုယ်ပူတော့မရှိတော့ဘူးပဲ
                 ညက ရုတ်တရက်ကြီး အဖျားတွေ တက်လာလို့ ကျွန်တော့်မှာ ရေပတ်ဝတ်တင်ပေးနေရတာနဲ့ တစ်ညလုံးမအိပ်ရသေးဘူး တော်သေးတယ် အဖျားကျသွားလို့ လောလောဆယ်တော့ သူ့ကို ဆေးတိုက်ဖို့ ဆန်ပြုတ်လေး ဆင်းပြုတ်လိုက်ဦးမယ် ကျွန်တော့်လက်မောင်းကို ခေါင်းအုံးအိပ်နေတဲ့ သူ့ခေါင်းလေးကို အသာမ ခေါင်းအုံးပေါ် ရွှေ့ပေးခဲ့ပြီး ကျွန်တော်ကတော့ ဆန်ပြုတ်ပြုတ်ဖို့ အောက်ဆင်းလာခဲ့တယ်
                  ပင်လယ်စာ ဆန်ပြုတ်ပြုတ်နေရင်း ဟိုကောင်မလေးကိုတောင် သတိရမိတယ် ဘာရယ်တော့ မဟုတ်ဘူး ပင်လယ်စာဆန်ပြုတ် သွားပို့ပေးရင် ကောင်းမလားလို့ ဘာပဲပြောပြော သူအခုလိုဖြစ်ရတာ ကိုယ့်အပြစ်မကင်းဘူးလေ ဆန်ပြုတ်ပြုတ်နေတုန်း နောက်ကနေ အသံကြားလို့ လှည့်ကြည့်လိုက်တော့ မီးဖိုချောင်အပေါက်ဝမှာ ကျွန်တော့်ကို လက်ပိုက်ပြီး ကြည့်နေတဲ့ ပင်ဂွင်းကို ပြုံးပြလိုက်ကာ
Baekhyun : Kyung လေး နိုးပြီလား လာ ငါဒီမှာ ပင်လယ်စာ ဆန်ပြုတ်လုပ်ပေးထားတယ်
KyungSoo : ဘာလို့ ပင်လယ်စာ ဆန်ပြုတ်လဲ
Baekhyun : မင်းနေမကောင်းဘူးလေ
KyungSoo : ငါ နေမကောင်းဘူး?
               ဆိုပြီး မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ပြန်မေးနေသော သူ့လက်ကို သွားဆွဲခေါ်လာကာ
Baekhyun : လာ ထိုင် ဒီမှာ
                ပင်လယ်စာ ဆန်ပြုတ်ထည့်ပေးလိုက်တော့ ကောင်းကောင်း သောက်တာပဲ
Baekhyun : Kyung လေး
KyungSoo : ………
                 သူက ဆန်ပြုတ်သောက်မပျက်ဘဲ ကျွန်တော့်ကို ဘာလဲဆိုသော သဘောဖြင့် မေးဆတ်ပြတယ်
Baekhyun : မနေ့က မင်းဘယ်သွားတာလဲဟင်
                 သူ့ကို ကျွန်တော့်ကို မျက်လုံးပင့်ကြည့်တာကြောင့်
Baekhyun : အာ မနေ့က မင်းက Sehun ဆီသွားမယ်ဆိုပြီး မနက်ထဲက ထွက်သွားတာ ညထိ ပြန်မလာဘူးလေ ငါဖုန်းဆက်ချင်ပေမဲ့ မင်းညီဆီ သွားတာပဲဆိုပြီး မဆက်တာ ဒါမဲ့ ပြန်လာတော့ မင်းကို Chanyeol Hyung ပြန်လိုက်ပို့တာလေ အဲ့ဒါကြောင့်
KyungSoo : မင်းက ငါ့ကို မယုံကြည်တာလား
Baekhyun : အဲ့လိုမဟုတ်ဘူးလေ Kyung လေးရဲ့ ငါက မင်း Chanyeol Hyung နဲ့ ဘယ်သွားတာလဲ သိချင်လို့ပါ သူနဲ့ နှစ်ယောက်ထဲ သွားတာလားဆိုတာကိုလေ
KyungSoo : အဲ့လိုမေးထဲက မင်းငါ့ကို မယုံကြည်တာလေ
Baekhyun : Kyung လေး!!
KyungSoo :  ငါသိပါတယ် မင်းငါ့ကို စိတ်ပျက်နေပြီဆိုတာ
Baekhyun : Kyung လေးရာ ဘာတွေ ပြောနေတာလဲ ငါက မင်းကို ဘာလို့ စိတ်ပျက်ရမှာလဲ
KyungSoo : ငါ့မှာ စိတ်ပျက်စရာတွေ အများကြီးပဲလေ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် တောက်ပနေတဲ့ မျက်လုံးတွေ ကာလာလှလှလေးချယ်ထားတဲ့ ပါးပြင် နှုတ်ခမ်းပါးပါးနီနီလေး အသံချိုချိုသာသာလေးလဲ မရှိဘူးလေ အနံ့မွှေးတဲ့ ရေမွှေးလဲမသုံးဘူးလေ မင်းလိုအပ်ချိန်တိုင်းလဲ အဆင်သင့်မဖြစ်ပေးနိုင်ဘူးလေ ပြီးတော့ မင်းရဲ့ ရင်သွေးလေးကိုလဲ မွေးမပေးနိုင်ဘူးလေ
Baekhyun : Kyung လေး!!
KyungSoo : နေဦး Baekhyun အဲ့တာတွေကြောင့် မင်းငါ့ကို စိတ်ပျက်ကောင်းစိတ်ပျက်နိုငိတယ် ငါ့လို ရောဂါသည်တစ်ယောက်အနားမှာ နေရတာ မင်းအတွက် ဘာအကျိုးမှ မရှိဘူးဆိုတာ သိပါတယ် မင်းအတွက်သာယာတဲ့လမ်းကို ရွေးချယ်နိုင်တယ် ဒါမဲ့ ငါ့ကို သစ္စာဖောက်ဖို့တော့ မကြိုးစားပါနဲ့ ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါ ငါက အလွယ်တကူကွာရှင်းပေးမှာမို့လို့
Baekhyun : Kyung လေး! မင်းတော်တော့!
                  ကျွန်တော်သူ့ကို အော်လိုက်မိတယ် သူ့စိတ်ထဲ ဘယ်တုန်းက ဒီလို ဝမ်းနည်းစိတ်တွေ ဝင်သွားတာလဲ
Baekhyun : ငါ့လောက် မင်းကို ချစ်တာ ငါပဲရှိတယ် Kyung လေး မင်းကို သစ္စာဖောက်ဖို့ အိမ်မက်တောင်မမက်ခဲ့ဖူးဘူး မင်းမို့လို့ ငါ့အချစ်တွေကို သံသယဝင်ရက်တယ်
KyungSoo : ငါသံသယဝင်တာမဟုတ်ဘူး အတိအကျ ပြောနေတာ မင်းအနောက်မှာ ခြေရှုပ်နေတာ သိလို့ ဘာပြသနာမှ မတက်ခင် မင်းနဲ့ လမ်းခွဲဖို့ ပြောနေတာ
Baekhyun : လမ်းခွဲဖို့……လမ်းခွဲဖို့ ဟုတ်လား Kyung လေး ဟက် မင်းငါ့ကို မယုံကြည်တာပဲ ဒါဆို မင်းပြော ငါရှုပ်နေတယ်ဆိုတာ သေချာနေတဲ့ မင်းရဲ့ သက်သေ ပြောလေ မင်းပြော!
                 ကျွန်တော့်ကို မျက်ရည်အဝဲသားနဲ့ တချက်ကြည့်ပြီး အပေါ်တက်သွားကာ ခဏနေတော့ အင်္ကျီတစ်ထည်ကို ကိုင်ပြီး ပြန်ဆင်းလာတယ် ပြီးတော့ အဲ့အင်္ကျီနဲ့ ကျွန်တော့်မျက်နှာကို ပစ်ပေါက်လိုက်သောကြောင့် အင်္ကျီကို ကောက်ကြည့်လိုက်တော့ ကျောကုန်းမှာ နှုတ်ခမ်းနီရာတွေ ဒီအင်္ကျီက ဒါ Honey နေမကောင်းလို့ သူ့ကို အိမ်ပြန်လိုက်ပို့တဲ့နေ့က ဝတ်ခဲ့တဲ့ အင်္ကျီပဲ ဒါဆို ဒီနှုတ်ခမ်းနီရာက
*Kharjima Oppa Honey Oppa ကို အရမ်းချစ်တယ်* သူမ ကျွန်တော့်ကို ဖက်လိုက်တုန်းက ပေသွားခဲ့တာနေမှာ
Baekhyun : မ…မဟုတ်ဘူး Kyung လေး ဒါ မင်း…မင်း အထင်လွဲနေတာပါ ငါရှင်းပြပါ့မယ်
KyungSoo : မင်းကောင်မလေး နေမကောင်းဘူးမလား
Baekhyun : ဟင်!
KyungSoo : ဆေးရုံတောင်တက်ခဲ့ရသေးတယ် ဟုတ်တယ်မလား မင်းအခုချိန် သူ့ဆီ သွားသင့်တယ်
Baekhyun : ငါနဲ့သူနဲ့က မင်းထင်သလို မဟုတ်ပါဘူး Kyung လေးရယ်
              တီ…တီ…တီ…တီ…
                  ရုတ်တရက်မြည်လာတဲ့ ဖုန်းမြည်သံကြောင့် Contact ကို မကြည့်ဘဲ ကိုင်လိုက်တော့
Baekhyun : Xello
Eunji          : Xello Baekhyun shi ကျွန်မ  Eunji ပါ
Baekhyun : အာ ဟုတ်ကဲ့ Eunji shi ပြောပါ
Eunji          : Honey အကြောင်းပြောချင်လို့ပါ ရှင်အခုကျွန်မကို လာတွေ့ပေးပါ
                  သွားမတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ သူမက ကိုယ့်ကြောင့် သေမလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ အသိနဲ့ပဲ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ရတယ်
Baekhyun : ဟုတ်ကဲ့ ကျွန်တော် လာတွေ့ပါမယ်
                  ဖုန်းချပြီး ပင်ဂွင်းကို လှမ်းကြည့်တော့ ကျွန်တော့်ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး
KyungSoo : Honey က အရမ်းလွမ်းနေပြီ ထင်တယ် သွားတွေ့လိုက်ပါဦး
                    အဆုံးထိ ကျွန်တော့်ကို ရွဲ့နေသေးတဲ့ သူ့ကိုဘာမှပြန်မပြောတော့ဘဲ Eunji ချိန်းထားတဲ့ နေရာကိုသာ ထွက်လာခဲ့တော့တယ်
                    Baekhyun ထွက်သွားတာနဲ့ KyungSoo တစ်ယောက် ကြမ်းပြင်ပေါ် အရုပ်ကြိုးပျက်ထိုင်ချကာ အစီးအတားမရှိတဲ့ မျက်ရည်တွေကလဲ ကျဆင်းလာသလို အသက်ရှုရတာလဲ ခက်ခဲလာလေသည် သူအဆင်ပြေမယ်ဆို သူပျော်မယ်ဆို အဆင်ပြေတယ် ငါ့လို ရောဂါသည်တစ်ယောက်နားမှာ နေပြီး ဘာလုပ်မှာလဲ သူ့ကို လွတ်လပ်ခွင့်ပေးလိုက်တော့မယ် ဘယ်လိုပဲပြောပြော သူ့ဘက်က အမှန်တရားကို ဖွင့်ဟဝန်ခံလာမှာကို သည်းမခံနိုင်ဘူး သူ့ဘက်က စပြီး ကွာရှင်းခွင့်တောင်းလာမှာကိုလဲ ခံနိုင်ရည်မရှိတာမို့ ငါ့ဘက်ကစပြီး ပြောလိုက်ရတာ စိတ်မကောင်းပါဘူး Bakkie ပျော်ရွှင်ပါစေနော်
                  တွေးရင်းတွေးရင်း အသက်ရှုကျပ်လာကာ ရင်ဘတ်တွေအောင့်လာတာကြောင့် Kris Hyung ကို ဖုန်းလှမ်းဆက်လိုက်ရသည်
KyungSoo : Xello Hyung
Kris             : Kyung လေး ငိုနေတာလား ဘာဖြစ်နေတာလဲဟင်
KyungSoo : Hyung ဟင့်~
Kris             : Kyung လေး! Kyung လေး! ဟာ ဒုက္ခပါပဲ ဒီကောင်လေးကတော့ ဘာဖြစ်နေပြန်ပြီလဲ မသိဘူး Chanyeol ကို ဖုန်းဆက်ပြီး သွားခေါ်ခိုင်းဦးမှ
                 တီ…တီ…တီ…တီ
Chanyeol  : Xello Hyung
Kris            : ကလေး အိမ်မှာလား
Chanyeol  :  အင်းလေ ကလေးက ဘယ်သွားရမှာလဲ
Kris            : Hyung ဆီ စောစောက Kyung လေး ဖုန်းဆက်တယ် အသံကတော့ ငိုနေတဲ့ပုံပဲ ပြီးတော့ ဖုန်းကျသွားလို့
Chanyeol  : တကယ်လား Hyung ဒီကလေး ဘာဖြစ်နေပြန်ပြီလဲမသိဘူး ကလေးသွားကြည့်လိုက်ဦးမယ်
Kris            : omm ကလေး
-----------------------------------------------
Chanyeol  : Kyung လေးရေ Kyung လေး Hyung ဝင်လာပြီနော်
                  ဘာသံမှမကြားရတာပေမဲ့ အိမ်တံခါးကြီးက ဒီအတိုင်းဖွင့်ထားတာကြောင့် အသာလေးအိမ်ထဲဝင်သွားတော့ ဧည့်ခန်းထဲမှာ ဖြူစုတ်ပြီး သတိလစ်နေတဲ့ ကောင်လေးကို မြင်လိုက်ရတော့ မြင်ကွင်းတွေ နှစ်ထပ်ဖြစ်သွားသလို
Chanyeol  : KyungSoo ya,KyungSoo ya သတိထားပါဦး KyungSoo ya
                     နောက်ဆုံး ကျွန်တော်လဲ သူ့ကိုယ်လေးကို ဆွဲပွေ့ပြီး အမြန်ဆုံးဆေးရုံကို ခေါ်လာခဲ့ရတယ် နဲနဲလေးနောက်ကျသွားလို့ မဖြစ်ဘူးလေ သူ့အခြေအနေက ဆေးရုံအရောက် နောက်ကျရင် တစ်ဘဝလုံးကွဲကွာသွားနိုင်တာမို့ ခဏလေး ခဏလေး အားတင်းထားပေးပါ Kyung လေး Hyung မင်းကို ကူညီမှာမို့ မင်းက အားတင်းထားပေးပါနော်
-----------------------------------------------
Baekhyun : ဗျာ! ဦးနှောက်ကင်ဆာ နောက်ဆုံးအဆင့်ဟုတ်လား
Eunji           : ဟုတ်ပါတယ် ကုလို့လဲ မမှီတော့ပါဘူး နောက်သုံးလပဲ နောက်သုံးလနေရင် ကျွန်မတို့ကို သူထားခဲ့တော့မှာ အကိုရဲ့ ခင်ပွန်းလဲ နေမကောင်းဘူးဆိုတာ သိပေမဲ့ ညီမအတ္တကြီးပါရစေ အရမ်းတစ်ကိုယ်ကောင်း ဆန်သွားတာ သိပေမဲ့ အကိုက ကူညီပေးလို့မရဘူးလား ညီမသူငယ်ချင်းက အကို့ကို အရမ်းချစ်ခဲ့တာ ကျောင်းတက်နေတဲ့အချိန်ထဲက အကို ညီမတို့အခန်းရှေ့လာရင် သူ့မျက်နှာလေးက အမြဲပြုံးနေတာ အကိုမလာတဲ့နေ့မျိုးဆို ဘယ်သူ့ကိုမှ စကားမပြောတော့ဘဲ နေတာ ပြီးရင် အကိုရဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းကို ဓာတ်ပုံလေးတွေ ရိုက်ထားတာ ဒါကြောင့် ညီမတို့ပါ အကျင့်ဖြစ်လာပြီး အကို့ကို တစ်နေရာရာမှာ တွေ့တာနဲ့ လက်ကအလိုလိုဓာတ်ပုံရိုက်ပြီးသား ပြီးရင် သူ့ကို သွားပေးလိုက်တိုင်း အရမ်းတွေ ပျော်နေခဲ့တာ အကို့ခင်ပွန်းနဲ့ အကိုလက်ထပ်တဲ့ နေ့ကလဲအိပ်ဆေးတွေသောက်ဖို့လုပ်ခဲ့သေးတယ် ညီမအချိန်မှီတွေ့ခဲ့လို့သာ
                   အခုကြားနေရတာ ဘာတွေလဲ Honey က ဦးနှောက်ကင်ဆာနောက်ဆုံးအဆင့် ရောဂါသည်လေးလား ဟူး ဘယ်လိုအခြေအနေတွေလဲကွာ
                ကျွန်တော့်လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်ရည်အဝဲသားနဲ့ ပြောနေတဲ့ ကောင်မလေးက သူ့သူငယ်ချင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော်ခန့်မှန်းမိနေပါပြီ
Eunji          : အကို့အတွက် မတရားဘူးဆိုတာ သိပါတယ် ဒါမဲ့ အကိုက ညီမကို ကူညီပေးလို့ မရဘူးလား သုံးလပါပဲ အကို သုံးလပဲ ညီမသူငယ်ချင်းအနားမှာ နေပေးလို့မရဘူးလား အကိုက သနားကြင်နာတတ်တယ်လေ
                 စကားပြောတာ အရမ်းသေသပ်တဲ့ မိန်းကလေးပါလား သူလိုချင်တဲ့ အကူအညီကို မရရအောင် ယူတတ်တယ် တော်ပါပေတယ်
Baekhyun : ဟူး ကောင်းပါပြီ ဘာပဲပြောပြော သေတော့မဲ့လူတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေတာ ကုသိုလ်ရပါတယ် အကို ကူညီပါ့မယ်
Eunji           : ကျေးဇူးတင်ပါတယ် အကို ဒါပေမဲ့လေ ဒီအကြောင်းတွေ အကိုသိပြီးပြီဆိုတဲ့ အကြောင်း သူမကို မပြောပြပါနဲ့ ဘယ်သူ့ကိုမှလဲ မပြောပါနဲ့နော် သူက သူ့ကို ရောဂါသည်တစ်ယောက်လို့ မြင်ကြမှာ အဲ့လိုဆက်ဆံကြမှာကို အရမ်းမုန်းတာ
Baekhyun : အင်းပါ အကိုနားလည်ပါတယ်
Eunji           : ကျေးဇူးတင်ပါတယ် အကို ဒါဆို သွားရအောင် သူနိုးနေလောက်ပြီ
------------------------------------------------
                 ဆေးရုံခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘေးမှာ ခေါင်းငိုက်စိုက်ချပြီး ထိုင်နေတဲ့ကောင်လေးတစ်ယောက်ရယ် အဲ့ကောင်လေးကို နှစ်သိမ့်ပေးနေတဲ့ ကောင်လေးတစ်ယောက်ရယ်
                   ထိုစဉ်ဆေးရုံခန်းတံခါးပွင့်လာပြီး ဆေးရုံဝတ်စုံဖြူနဲ့ ဆရာဝန်တစ်ယောက် ထွက်လာသောအခါ လမ်းလျှောက်နေတဲ့ ကောင်လေးက ချက်ချင်းပြေးသွားလေသည်
Doctor       : လူနာနဲ့ ဘာတော်လဲမသိဘူး
Chanyeol  : သူ့အကိုပါ
Doctor       : ဒါဆို ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပေးပါ
                  ဆိုကာ ထွက်သွားသော ဆရာဝန်ရဲ့ ကျောပြင်ကို ကြည့်ပြီး သုံးယောက်လုံး စိတ်တွေ လေးလံနေကြတယ် Sehun က သူလိုက်မယ်အတင်းပြောနေလို့ သူ့ကို တားနေတုန်း သူ့မိန်းမရောက်လာလေသည်
Luhan        : Hunnie
Sehun         : Noona
             Luhan ရဲ့ ရင်ခွင်ထဲ တိုးဝင်သွားတဲ့ Sehun ကို
Chanyeol  : Sehun က အခု အရမ်းစိတ်လှုပ်ရှားနေတာမို့ Hyung ပဲ လိုက်သွားလိုက်မယ် Hyung နဲ့ Luhan က Sehun ကို စောင့်ပြီးနေခဲ့လိုက်နော်
Kris             : omm ကလေး ဆရာပြောတာ သေချာနားထောင်ခဲ့နော်
Chanyeol  : Nae Hyung
-----------------------------------------------
Doctor       : လူနာ Kim KyungSoo ရဲ့ အကိုနော်
Chanyeol  : Nae
Doctor       : အကိုအရင်းလား
Chanyeol  : Arnyi အသိအစ်ကိုပါ
Doctor       : အာ ဟုတ်ကဲ့ ဒါနဲ့ လူနာမှာ အိမ်ထောင်ရှိလား
Chanyeol  : Nae ရှိပါတယ် ဘာ…ဘာလို့လဲ မသိဘူး
Doctor       : arr Nae လူနာမှာ ကိုယ်ဝန်သုံးလရှိနေပါတယ်
Chanyeol  : ဗျာ
                  ကျွန်တော် ကိုယ့်နားကိုယ်တောင် မယုံနိုင်လောက်အောင် အရမ်းပျော်သွားသော်လဲ ဆက်ကြားရတဲ့ အကြောင်းအရာတွေက အပျော်တွေ အကုန် ဖျက်စီးပစ်လိုက်သလို
Doctor       : ဒါပေမဲ့ သူဒီကလေးကို မွေးဖို့ ခက်ခဲလိမ့်မယ်
Chanyeol  : ခင်ဗျာ
Doctor       : သဘာဝကို ဆန့်ကျင်ပြီး ကိုယ်ဝန်ဆောင်ခြင်းဖြစ်တဲ့အပြင် သူ့မှာ နှလုံးရောဂါကလဲ ကျွမ်းနေပြီ အဲ့တော့ ရွေးချယ်မှရမယ်
----------------------------------------------
Sehun        : Hyung ကျွန်တော့်…ကျွန်တော့် Hyung အဆင်ပြေတယ်မလား
Chanyeol  : …………
Sehun        : Hyung!!
Kris             : ကလေး ဘာဖြစ်နေတာလဲ စိတ်ပူအောင်လို့
Chanyeol  : Kyung လေး…Kyung လေးမှာ ကိုယ်ဝန်ရှိနေတယ်တဲ့
Luhan        : yarr အဲ့ဒါ ဝမ်းသာစရာပေါ့
Kris             : Baekhyun ဆီ ဖုန်းဆက်ရအောင်
Sehun         : Nae ကျွန်တော်ဆက်လိုက်မယ်
----------------------------------------------
                 ဖုန်းဆက်ပြီးမကြာခင်မှာ အပြေးအလွှားရောက်လာတဲ့ Baekhyun
Baekhyun : Kyung လေး သက်သာရဲ့လား
KyungSoo : ငါအဆင်ပြေပါတယ်
Baekhyun : တော်သေးတာပေါ့ Kyung လေးရာ ငါစိတ်ပူသွားတာပဲ
Chanyeol  : Baekhyun ငါနဲ့ ခဏလိုက်ခဲ့
                 Baekhyun ကို အပြင်ကို ခေါ်ထုတ်လာပြီး
Baekhyun : Hyung ဘာလို့လဲ
Chanyeol  : မင်း ဘယ်သွားနေတာလဲ Baekhyun
Baekhyun : ဗျာ
Chanyeol  : Kyung လေးက မင်းဖောက်ပြန်နေတယ်လို့ ဘာလို့ တထစ်ချ ပြောနေရတာလဲ
Baekhyun : ကျွန်တော်
             Chanyeol Hyung ကို ပြောဖို့လုပ်တုန်း နားထဲဝင်လာတာ Eunji လေးရဲ့ မျက်ရည်အဝဲသားနဲ့ ပြောခဲ့တဲ့ စကားတွေ

*ဦးနှောက်ကင်ဆာနောက်ဆုံးအဆင့်တဲ့*
*နောက်သုံးလနေရင် ကျွန်မတို့ကို သူထားခဲ့တော့မှာ*
*သုံးလပဲ ညီမသူငယ်ချင်းအနားမှာ နေပေးလို့ မရဘူးလား*
*ဘယ်သူ့ကိုမှ မပြောပါနဲ့နေိာ*

Baekhyun : ကျွန်တော်အခု Hyung ကို မပြောပြနိုင်သေးဘူး Hyung ဒါမဲ့ နောက်ကျရင် Hyung အကုန်နားလည်သွားမှာပါ
Chanyeol  : Hyung မင်းကို ယုံချင်ပါတယ် မင်း Kyung လေးကို ဘယ်လောက် ချစ်တယ်ဆိုတာ Hyung တို့ အကုန်သိနေတာပဲ Hyung မင်းကို မစွပ်စွဲချင်ပါဘူး Hyung မင်းကို အချိန်အတိုင်းအတာ တစ်ခုပေးမယ်
Baekhyun : ကျွန်တော့်ကို ယုံပါ Hyung ကျွန်တော် Kyung လေးအပေါ် သစ္စာဖောက်ဖို့ တစ်ခါမှ မစဉ်းစားဖူးပါဘူး
Chanyeol  : ok လေ ဒါဆို မင်းနဲ့ Hyung အပေးအယူတစ်ခုလုပ်ကြတာပေါ့ မင်းရဲ့ ဇာတ်လမ်းကို Hyung ကို မပြောပြနိုင်သေးသရွေ့ Kyung လေးကို Hyung အိမ်မှာ ခေါ်ထားမယ်
Baekhyun : Hyung!
Chanyeol  : မဟုတ်ရင် မင်းလဲ ဒီရက်ပိုင်း အိမ်ပြန်နောက်ကျမှာပဲမလား သူ့ကို တစ်ယောက်ထဲ အိမ်မှာထားခဲ့ဖို့ စိတ်ချမှာလား
Baekhyun : ကောင်းပါပြီ Hyung Hyung တို့ ခေါ်ထားလိုက်ပါ သုံးလပါပဲ Hyung သုံးလပြည့်တာနဲ့ Hyung တို့ သိချင်နေတဲ့ အရာတွေအကုန် ကျွန်တော်ပြောပြပါ့မယ်
Chanyeol  : ok Sehun တို့ကိုတော့ မင်းက အလုပ်ရှိနေတာမို့ မင်းအလုပ်သွားနေတုန်း Kyung လေးတစ်ယောက်ထဲ နေဖို့ စိတ်မချလို့ ငါခေါ်ထားတယ်လို့ပဲ ပြောလိုက်မယ်
Baekhyun : ကျေးဇူးတင်ပါတယ်
Chanyeol  : လာ အထဲဝင်ကြစို့
                ကျွန်တော် သူ့ကို ယုံချင်ပါတယ် သူက အဲ့လိုကလေးမျိုးမဟုတ်ဘူး မင်းတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ ဒီ relationship ကို လွယ်လွယ်ကူကူနဲ့ အပျက်စီးမခံဘူးလို့ ငါယုံကြည်ပါရစေနော်
----------------------------------------------
ဘာတွေဆက်ဖြစ်မလဲ ကျွန်တော်လဲမသိဘူး စာရေးသူကို သွားမေးလိုက်ဦးမယ် စာရေးသူက ပြောတယ် နောက်အပိုင်း နဲနဲကြာဦးမယ်တဲ့ ကျွန်တော်သိဘူးနော် စာရေးသူ ပြောခိုင်းလို့ လာပြောတာ😝😝😝

This is my penguin🐧🐧🐧Where stories live. Discover now