(11) 🐶🐧🐶 (11)

107 6 6
                                    

Chanyeol  : KyungSoo ဘာမှ မတွေးဘဲ အေးဆေး နေနော် ကျန်တာတွေ အကုန် Hyung တို့ပဲ တာဝန်ယူပြီး Hyung တို့ပဲ ဖြေရှင်းပေးမှာမို့ Kyung လေးက ကျန်းမာရေးပဲ ဂရုစိုက်နော်
KyungSoo : Hyung ဟင့်
                ရုတ်တရက် ကျွန်တော့်ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ငိုနေသော ကောင်လေးရဲ့ ခေါင်းလေးကို အသာလေး ပွတ်သပ်ပေးနေမိတယ်
Chanyeol  : မငိုနဲ့တော့လေ ကလေးရဲ့ ကိုယ်ဝန်ရှိနေတဲ့အချိန် အရမ်းငိုရင် ကလေးလေးက မျက်လုံး ပြုးလိမ့်မယ်
KyungSoo : Hyung!!
Kris            : ဟုတ်သားနော် ကလေး သေချာ ကြည့်စမ်း
Chanyeol  : ဘာကိုလဲ Hyung ရဲ့
Kris            : KyungSoo က မျက်လုံးပြုးတယ် Baekhyun က မျက်လုံးမှေးတယ်လေ
Chanyeol  : အဲ့တော့?
Kris            : သူတို့ ကလေးရဲ့ မျက်လုံးက ဘယ်လိုနေမလဲ စဉ်းစားလို့မရဘူး
Chanyeol  : အာ Hyung ကလဲ တစ်ဖက်က ပြုးပြီး တစ်ဖက်က မှေးမှာပေါ့
Kris             : အေးနော် ဟုတ်သား
KyungSoo : Hyung တို့!!
Krisyeol    : ဟားဟား
Kris            : ကဲ ခဏလောက် အိပ်လိုက်ဦး Hyung တို့ နေ့လည်စာစားဖို့ လာနှိုးမယ်နော်
KyungSoo : Nae Hyung!
Chanyeol  : ဘာမှမတွေးပဲ အိပ်နော်
KyungSoo : ဟုတ်
                    KyungSoo ကို သေချာမှာပြီး အောက်ထပ် ဆင်းလာကာ နောက်ကျနေပြီဖြစ်တဲ့ နေ့လည်စာကို အမြန်ချက်ဖို့ ပြင်ရသည် နေ့လည်စာ ချက်နေတုန်း နောက်ကနေ ခါးကို သိုင်းဖက်လာတဲ့ ကလေးကြီးကြောင့် ပြုံးမိသည်
Chanyeol  : ဘယ်လိုဖြစ်နေတာလဲ Hyung ကလေး နေ့လည်စာချက်နေတယ်လေ
Kris             : ကလေးကလဲ!
                ခါးကို ဖက်ထားတဲ့ လက်တွေကို ဖြုတ်ချပြီး စူပုတ်ပုတ်နဲ့ ဆိုလာတဲ့ ချစ်သူကို ကြည့်ကာ ပြောင်းလဲသွားတဲ့ စိတ်ဓာတ်တွေကို အံသြမိတယ် ဘယ်သူ သိနိုင်မှာလဲ အရင်က ကိုယ် တစ်ဖတ်သတ် ချစ်ခဲ့ပြီး ကိုယ့်ကို အဖက်မလုပ်ခဲ့တဲ့ ကိုယ့်ခွက်ရှ်က ကိုယ့်အပိုင် ဖြစ်လာမယ်လို့ အရင်က ကိုယ်ကသာ သူ့ကို အသဲအသန် ချစ်ခဲ့ပေမဲ့ သူ့ဆီက ဥပေက္ခာပဲပြုခံခဲ့ရတယ် သူနဲ့လက်ထပ်ပြီးတော့မှ မင်္ဂလာဦးညမှာ အရက်မူးလာကာ ကိုယ့်ကို ချစ်တယ်ဆိုပြီး သိမ်းပိုက်ခဲ့တဲ့ အချိန်ကစပြီး  ကိုယ်ဘက်က အသဲအသန်ချစ်ခဲ့ရတဲ့ သူက ကိုယ့်ကို မျက်စိအောက်က အပျောက်မခံနိုင်တော့အောင် ချစ်လာတော့တာပဲ
Chanyeol  : Hyung ညကျရင် ကလေးနဲ့ အတူ မနေချင်ဘူးလား
Kris             : ဟင် ကလေး…ကလေး တကယ် ပြောတာလား
                 ရှက်ပြုံးလေးနဲ့ ခေါင်းငြိမ့်ပြတော့ ထီဆုကြီး ပေါက်တဲ့အလား လက်သီးလက်မောင်းတွေ တန်းပြီး အော်ကာ ထမင်းစားပွဲမှာ ငြိမ်ငြိမ်လေး သွားထိုင်နေပြန်သည် အဲ့ကလေးကြီးကလေ အရင်က ကျူတာ ဖြစ်ခဲ့ဖူးတယ်ဆိုတာ ကြိမ်ပြောရင်တောင် မယုံနိုင်
Kris             : Kyung လေး သနားပါတယ်နော် ကလေး
                  ရုတ်တရက် ပြောလာတဲ့ Hyung ရဲ့ စကားကြောင့် သက်ပြင်းတစ်ချက် ချပြီး
Chanyeol  : ကလေး Baekhyun ကို ယုံကြည်ချင်တယ် Hyung Kyung လေးကို သူ ဘယ်လောက်ချစ်လဲ ကျွန်တော်တို့ အသိဆုံးပဲ Kyung လေးအပေါ် သူ သစ္စာဖောက်တယ်ဆိုတာ မျက်စိနဲ့ တွေ့လို့သာ ယုံရတယ်
Kris            : ဘယ်လို? မျက်စိနဲ့ တွေ့လို့? ဟုတ်လား?
Chanyeol  : ဟုတ်တယ် Hyung ဟိုတစ်နေ့က ဆေးရုံက လူနာတွေကို အာဟာရဒါန သွားလုပ်ရင်း Baekhyun နဲ့ ဆေးရုံဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့တယ် သူငယ်ချင်းဆက်ဆံရေးတော့ ဟုတ်ပုံမရဘူး ဘာလို့ဆို ကောင်မလေးက Baekhyun ရင်ခွင်ထဲမှာ ငိုနေတာ
Kris            : Baekhyun က အဲ့လို ကလေးမျိုး မဟုတ်ပါဘူး
Chanyeol  : ကလေးလဲ အဲ့တာကြောင့် စဉ်းစားနေတာ
Kris             : ဒါပေမဲ့လဲ လူ့စိတ်ဆိုတာတော့ ပြောလို့မရဘူးလေ ကိုယ့်စိတ်ကိုတောင် မပိုင်တာ သူ့စိတ်က ဘယ်လိုလဲ ကိုယ်မသိနိုင်ဘူးလေ ဘယ်လောက်ရင်းနှီးနှီး
Chanyeol  : ဟုတ်ပါတယ် Hyung နော် Baekhyun လို ကျွန်တော့်ကို သစ္စာဖောက်ဖို့ စဉ်းစားရင် အရှင်မထားဘူး သိလား
Kris             : ဒီ Yoda လေးကိုတောင် ချစ်လို့ မဝသေးတာကို
                ပြောပြောဆိုဆို နောက်ကနေ သိုင်းဖက်ပြီး ကုတ်ပိုးတစ်ခုလုံး အနှံ့ လိုက်နမ်းနေတဲ့ Hyung ကျွန်တော့်ကို ထားခဲ့ဖို့ မကြိုးစားပါနဲ့နော် Hyung မရှိရင် ကျွန်တော် သေသွားနိုင်တာမို့
--------------------------------------------
Baekhyun : JiJi!
Eunji          : Oppa!!
Baekhyun : Honey အခြေအနေ ဘယ်လိုလဲ
Eunji          : သူသူ ညီမကို မမှတ်မိတော့ပြန်ဘူး Oppa ဟင့်
             မျက်နှာကို လက်နဲ့အုပ်ပြီး ငိုနေတဲ့ ကောင်မလေးရဲ့ ပုခုံးကို အသာပုတ်ပြီး နှစ်သိမ့်ပေးနေမိတယ် ပြီးတော့ ဆေးရုံခန်းထဲ ဝင်လိုက်တော့
Honey        : Oppa နောက်ကျလိုက်တာ Honey စောင့်နေတာ
Baekhyun : Honey Oppa ကို မှတ်မိလား
Honey        : Honey က Oppa ကို ဘာလို့ မေ့ရမှာလဲ
                 ဒါဆို သူ ကျွန်တော့်ကိုတော့ အချိန်တိုင်း မှတ်မိနေပြီး ကျန်တာတွေကို မေ့လိုက် သတိရလိုက် ဖြစ်နေတာပဲ
Honey         : အား! Oppa
                 ရုတ်တရက်ကြီး ခေါင်းကို ဖိကိုင်ပြီး အော်နေတာကြောင့်
Baekhyun : Honey! Honey! ဘာဖြစ်လို့လဲ JiJi ရေ JiJi လာပါဦး
                  အော်ခေါ်သံအဆုံးမှာ ပြေးဝင်လာတဲ့ Eunji ရဲ့ မျက်နှာမှာ စိုးရိမ်ပူပန်မှုက အပြည့်
Eunji           : Honey! Honey! သတိထားပါဦး ခဏနော် ညီမ ဆရာဝန် သွားခေါ်လိုက်ဦးမယ်
                  ဆရာဝန်တွေ ရောက်လာတော့ ချက်ချင်း အရေးပေါ်ခွဲစိတ်မှု လုပ်ရမယ် ဒီခွဲစိတ်မှုက ရောဂါပျောက်ကင်းမသွားနိုင်ပေမဲ့ အနဲငယ် သက်သာသွားအောင် လုပ်ပေးနိုင်သလို နောက်ဆုံး ခွဲစိတ်မှုနဲ့ သူမကို နောက်ဆုံး မြင်ရခွင့်လဲ ဖြစ်သွားနိုင်တယ်တဲ့ မိသားစုမရှိတဲ့ သူမလေးအတွက် ဆုံးဖြတ်ချက်က ကျွန်တော်နဲ့ Eunji လက်ထဲမှာ Eunji ကို လှမ်းကြည့်တော့ ငိုသာ ငိုနေသောကြောင့် ကျွန်တော်လဲ သက်ပြင်းတစ်ချက်ချပြီး သူမဆီကို လျှောက်သွားကာ
Baekhyun : Eunji ညီမလေး အကို ပြောတာ သေချာ နားထောင်နော် ညီမလေး အခု အရမ်း ခံစားနေရမယ်ဆိုတာ အကိုနားလည်ပါတယ် ဒါမဲ့ အကိုတို့ လက်လွှတ်ပေးသင့်ပြီ ညီမလေး အကိုတို့ရဲ့ အတ္တတစ်ခုထဲကြောင့် သူ့ကို ထပ်ပြီး မနာကျင်စေချင်တော့ဘူး ဒီလို အခြေအနေဆိုးကြီးကနေ အကိုတို့က သူ့ကို ကယ်တင်ပေးလိုက်နိုင်ရင်တောင် သူ့အတွက် ဒီထက် ပိုနာကျင်စရာတွေချည်း ရှိလာမှာလေ အကိုတို့ သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ရအောင် ဒီနည်းက သူ့အတွက် ပိုအဆင်ပြေပါလိမ့်မယ်  အကိုတို့သူ့ကို သုံးလဆိုပေမဲ့ ငါးလတောင်ဆွဲထားနိုင်ခဲ့တယ်လေ ခုတော့ လက်လွှတ်လိုက်ရအောင် နော် ညီမလေး
Eunji          : ဟင့် ~ဟင့်~
                 နောက်ဆုံး ကျွန်တော်လဲ ဆရာဝန်ကြီးတွေကို ခွဲစိတ်ဖို့လက်ခံကြောင်း လက်မှတ်ထိုးပြီး ငိုနေတဲ့ Eunji ကို ခဏလေး ဖက်ပြီး နှစ်သိမ့်ပေးထားမိတယ် နောက်ဘဝဆက်တိုင်း ဒီလိုရောဂါဆိုးကြီးကနေ ကင်းဝေးပါစေ ညီမလေးရေ
----------------------------------------------
                 ဒီနေ့ညမှာ သူ့ကို ခွဲစိတ်ဖို့ အဆင်သင့် ဖြစ်နေလေပြီ ပြန်သတိရလာနိုင်သလို ကျွန်တော်တို့နဲ့ ထာဝရ ခွဲခွာသွားရတာလဲ ဖြစ်နိုင်တယ်လေ Eunji ကတော့ မနက်စောစောထဲက ပစ္စည်းတွေ သိမ်းနေလေပြီ ကျွန်တော်ကတော့ ဒီတစ်မနက်လုံး Honey အနားမှာနေပြီး အဖော်လုပ်ပေးနေမိတယ် သူ့ကို ဟာသလေးတွေ ပြောပြပေး ဂိမ်းလေးတွေ တူတူ ဆော့ပေး သီချင်းတွေ ဆိုပြပေး သူ စားချင်တာလေးတွေကို ကိုယ်တိုင် ခွံ့ကျွေး သူဖြစ်ချင်တဲ့ နောက်ဆုံး ဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်လို့ ကျွန်တော်အတွက် ဘာမှယုတ်လျော့သွားဘူးလေ Eunji ကတော့ ဒီတစ်မနက်လုံး Honey ကို မျက်နှာချင်းမဆိုင် Honey ကတောင် မေးသေးတယ် *JiJi သူ့ကို ဘာလို့ စကားမပြောတာလဲ စိတ်ဆိုးနေတာလား*တဲ့
Honey        : Oppa!
Baekhyun : ဟင်
Honey        : Honey JiJi နဲ့ နှစ်ယောက်ထဲ စကားပြောချင်လို့ ခဏ ရှောင်ပေးမလားဟင်
                 ရုတ်တရက် တောင်းဆိုမှုကြောင့် ကျွန်တော်လဲ အသာ ခေါင်းငြိမ့်ပြကာ အပြင် ထွက်လာခဲ့လိုက်တယ် ထွက်မလာခင် JiJi ကို အတတ်နိုင်ဆုံး မငိုဖို့ တိုးတိုးလေး မှာခဲ့ရသေးတယ်
                 Baekhyun ထွက်သွားတာနဲ့ Eunji ကို Honey လက်ယပ်ခေါ်လိုက်တယ်
Eunji        : Honey
Honey      : ငါ ဒီရက်ပိုင်း နင့်ကို မေ့နေမိသေးတယ်မလား
Eunji         : Honey~ ဟင့်
               သူမ မငိုချင်ပါ သူမရဲ့ မျက်ရည်တွေကြောင့် Honey ကို အနှောင့်ယှက် မဖြစ်စေချင်ပါ Honey သူမကို ထားခဲ့တော့မဲ့အကြောင်းကို သူမ မေ့ထားချင်ခဲ့တာ ဒါမဲ့ သစ္စာမရှိတဲ့ မျက်ရည်တွေက သူမစကားကို နားမထောင်ကြဘူး ရှိုက်ကြီးတငင်ငိုနေတဲ့ သူမကို Honey ထွေးပွေ့လိုက်ကာ……
Honey          : Gomawow JiJi Gomawow နင် ငါ့အပေါ် တာဝန်ကျေခဲ့ပါတယ် Arnyi တာဝန်ကျေတာထက် ပိုခဲ့ပါတယ် ငါ နင့်ကို အရမ်း ချစ်တာ သိတယ်မလား ဒီအချိန်တွေအတွင်းမှာ Oppa ကို ငါ့အနားမှာ ရှိနေစေခဲ့လို့ ကျေးဇူးတင်ပါတယ် မငိုနဲ့တော့နော် ငါမရှိတော့လဲ နောက်ထပ် ပိုကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှာ ပြီးရင် အိမ်ထောင်ဖက် ချောချောလေးနဲ့တွေ့ နော် ငါလေ နင့်ကို ကောင်းတဲ့လူနဲ့ အိမ်ထောင်ကျစေချင်ခဲ့တာ နင့်ကို စိတ်ချခဲ့ချင်တာ နင့်ကို သတို့သမီးဝတ်စုံလှလှလေးနဲ့ မြင်ချင်ခဲ့တာ အဲ့အချိန်ထိ နင့်အနားမှာ ငါ ရှိမပေးနိုင်တော့လို့ တောင်းပန်ပါတယ်နော်
                 သာမန်ဆို သူမကို ဘာမကောင်းတဲ့ စကားတွေ ပြောနေတာလဲ ဆိုပြီး ထုရိုက်မိမှာပေမဲ့ ခုချိန်မှာ သူမစကားတွေကို မတားဆီးမိ ဘာလို့ဆို သူမစကားတွေက အမှန်တွေ ဖြစ်နေတာကို
Honey          : ငါပြောထားတဲ့ဟာရော လုပ်ပြီးပြီလား
Eunji            : omm ငါအားလုံး ပြောပြီးပြီ
Honey          : Oppa ရဲ့ ခင်ပွန်းအတွက် လိုအပ်နေတဲ့ နှလုံးကို ငါလှူပေးခဲ့ချင်တယ် ဒါမှ Oppa လဲ သူချစ်တဲ့သူနဲ့ အကြာကြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာလေ
Eunji            : Honey ငါ နင့်ကို ဘယ်တော့မှ မမေ့ဘူးနော်
Honey          : ငါတို့ နောက်ဘဝဆက်တိုင်း သူငယ်ချင်းအဖြစ် ပြန်တွေ့ကြမယ်နော်
Eunji'pov    : နောက်ဘဝဆက်တိုင်း ငါနင့်အနားမှာ အဖြည့်ခံဘဝနဲ့ ဆက်ရှိနေချင်တယ် ငါနင့်ကို အရမ်းချစ်တယ် Honey
---------------------------------------------
                  ဒီနေ့ Kris Hyung ကလဲ အလုပ်ကိစ္စနဲ့ ဂျပန်သွားတယ် Chanyeol Hyung ကလဲ သူ သွားနေကျ မိဘမဲ့ဂေဟာကို အလှူသွားလုပ်တယ် သူ့ကို မိဘမဲ့ဂေဟာလိုက်ခဲ့ဖို့ ခေါ်ပေမဲ့ နေသိပ်မကောင်းချင်သလို ဖြစ်နေလို့ အိမ်မှာပဲ နေခဲ့လိုက်တယ် တော်ကြာ သူ့ကို စိတ်ပူနေတာနဲ့ Chanyeol Hyung လဲ အေးဆေးနေရမှာမဟုတ်ဘူးလေ အိပ်ရာပေါ်မှာ လှဲနေရင်း ခေါင်းတွေ နောက်လာတာကြောင့် ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်လိုက်တဲ့အခါ ရေပန်းက ဖွင့်ထားလျက်သားကြီး ဖြစ်နေတာနဲ့ သူလဲ ရေပန်းနဲ့မချိုးပဲ ရေစိမ်ချိုးချင်တာနဲ့ ရေပန်းကို လှမ်းအပိတ် အောက်က ဆပ်ပြာရည်တွေနဲ့ ခြေချော်ပြီး လဲကျသွားတော့တယ်
KyungSoo : အ့~
               လဲကျသွားတဲ့ အရှိုန်ကြောင့် ထောက်ထားမိတဲ့ လက်နဲ့အတူ ခါးအောက်ပိုင်းဆီက စိုစွတ်ပြီး တင်းကျပ်ကာ သေလောက်အောင် အောင့်လာတာကြောင့် အတင်းအားယူကာထဖို့ လုပ်တော့ ရေချိုးခန်းကြမ်းပြင်ပေါ်က နီရဲနေတဲ့ သွေးစီးကြောင်း
KyungSoo : သွေးသွေးတွေ Andwel ကလေး ကလေးလေး မင်းဘာမှမဖြစ်စေရဘူးနော် မင်းဘာမှ ဖြစ်လို့မရဘူး အ့ ကလေးလေး
                အတင်းအားယူကာ ရေချိုးခန်း အပြင်ကို ထွက်ပြီး အိပ်ရာပေါ်က ဖုန်းကို ယူကာ Hyung ကို ဖုန်းလှမ်းဆက်လိုက်သည်
Chanyeol  : Xello Kyung လေး
KyungSoo : Hyung~ အ့ မြန်မြန်~မြန်မြန် ပြန်လာခဲ့ပေးပါ Hyung
Chanyeol  : Xello Kyung လေး! Kyung လေး! Xello ဟာ ဒုက္ခပါပဲ
                   မာသာကြီးတို့ကိုတောင် ကောင်းကောင်း နှုတ်မဆက်နိုင်ဘဲ ကားသော့ယူကာ အိမ်ကို အမြန် ပြန်ပြေးလာရသည် အိမ်ပြန်ရောက်တော့ ကုတင်ခြေရင်းမှာ လဲနေတဲ့ ကောင်လေး သူ့ကိုယ်မှာ ခြုံထားတဲ့ ရေချိုးခန်းသုံး Tower အဖြူကြီးရဲ့ အောက်ခြေမှာ သွေးတွေ မြင်လို့မှ မကောင်း ရုတ်တရက် ဦးနှောက်ထဲ သွေးတွေ ဆောင့်တက်သွားသလို KyungSoo ကို ပြေးပွေ့လိုက်တော့ သတိရှိနေသေးတဲ့ သူက
KyungSoo : Hyung~ ကလေး ကလေးကို ကယ်ပေးပါ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကလေးကို ကယ်ပေးပါ
                စောစောက ဂေဟာက ထွက်လာထဲက Sehun တို့ လင်မယားဆီကိုပါ ဖုန်းဆက်ထားတာကြောင့် ရောက်လာတဲ့ သူတို့လဲ KyungSoo ကို တွေ့ကာ အတင်းပွေ့ ကားပေါ်တင်ပြီး နီးစပ်ရာဆေးရုံကို မောင်းလာခဲ့တယ် ကားပေါ်မှာ သူကတော့ Baekhyun ဆီ Mess: တစ်စောင် ပို့ထားလိုက်လေသည် သူ လိုက်လာတာ မလာတာကတော့ သူ့အပိုင်းပေါ့လေ………
-----------------------------------------------
               ခွဲခန်းရှေ့မှာ ငုတ်တုတ်ထိုင် စောင့်နေတုန်း ဝင်လာတဲ့ Mess: တစ်စောင်ကြောင့် ဆောက်တည်ရာမရ ဖြစ်နေသော Baekhyun ကြောင့် Eunji လဲ စိတ်ပူလာလေသည် ထို့ကြောင့် Baekhyun ရဲ့  ဖုန်းကို အတင်း လုယူကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ Mess: က
*Baekhyun Kyung လေး ရေချိုးခန်းထဲမှာ ချော်လဲလို့ ကလေးကတော့ ဆုံးရှုံးလိုက်ရမလားမသိဘူး ငါတို့ အခု Moonlight ဆေးရုံကို သွားနေတယ် မင်းကောင်မလေး တက်နေတဲ့ ဆေးရုံပေါ့ မင်း သူ့ကို စိတ်ပူသေးတယ် ဆိုရင်တော့ လာခဲ့ပေါ့ အတင်းတော့ မတောင်းဆိုပါဘူး မင်းသဘောပဲ*
                စာကို ဖတ်ပြီး သူမ အကို့ကို နားလည်သွားရသည် အကို ဘယ်လောက်တောင် စိတ်ပူနေရမလဲ ဒီလတွေအတွင်း အကိုက ဒီမှာ အချိန်ပြည့်ရှိနေပေးခဲ့တာ သူ့ခင်ပွန်းဆီတောင် မပြန်ဘဲနဲ့လေ အခုဆို Honey အခြေအနေကလဲ ဆုံးရှုံးရမှာ သေချာနေပြီပဲ သူတို့က ခွဲစိတ်ခန်းရှေ့မှာ Honey အလောင်းကို စောင့်နေရသလိုပဲလေ
Eunji          : Oppa
Baekhyun : ဟင်
Eunji          : တာဝန်ကျေခဲ့ပါတယ် Oppa နောက်ဆုံးအချိန်ထိ Honey နားမှာ ရှိနေပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အခု Oppa ရဲ့ ခင်ပွန်းဆီကို သွားသင့်ပြီ ဒီဆေးရုံမှာပဲမလား ညီမနောက်တော့ သေချာ လာရှင်းပြပေးပါ့မယ်
Baekhyun : ဒါဆို Oppa သွားတော့မယ်နော်
                စကားအဆုံး လှည့်ထွက်သွားတဲ့ သူက သူ့ခင်ပွန်းကို ဘယ်လောက်တောင် ချစ်လဲဆိုတာ မေးကြည့်စရာပင်မလို Honey သူ့ကို ချစ်မိတာကို မအံသြတော့ပါဘူး
------------------------------------------------
                 ဆေးရုံအပေါက်ဝမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ ဂဏာမငြိမ်ဖြစ်နေတဲ့ သူ့ကို ဆေးရုံဝန်ထမ်းတွေနဲ့ လူနာအချို့က ကွက်ကြည့် ကွက်ကြည့် လုပ်သွားတာလဲ ဂရုမစိုက်နိုင်တော့ ထိုစဉ် ဆေးရုံတွင်းဝင်လာတဲ့ Chanyeol Hyung ရဲ့ ကားနဲ့ နောက်ခန်းထဲကနေ Sehun က ပွေ့ပြီး ဆင်းလာတဲ့ Kyung လေး မျက်နှာလေးက အတော်ချောင်သွားပြီး ဖြူစုတ်နေလိုက်တာ ဆေးရုံဝန်ထမ်းတွေကတော့ ချက်ချင်း လက်တွန်းလှည်း ယူလာကာ သူ့ကို တင်ပြီးတော့ ဆေးရုံတွင်း ဝင်လာကြလေသည် သူလဲ ကုတင်ဘေးကနေ ပြေးလိုက်ကာ သူ့ချစ်သူ ပင်ဂွင်းလေးရဲ့ လက်ကိုကိုင်ကာ
Baekhyun : Kyung လေး Kyung လေး ငါ…ငါရှိတယ်နော် မင်း…မင်းဘာမှ မဖြစ်ရဘူးနော် Kyung လေး
                သူရဲ့ အေးစက်နေတဲ့ လက်လေးတစ်ဖက်နဲ့ ကျွန်တော့် လက်တွေကို ပြန်အုပ်ကိုင်ကာ
KyungSoo : Baek…Baekhyun လား မင်း…မင်း ငါ့ဆီကို ပြန်လာတာလား
                   သူ့မေးခွန်းကြောင့် ကျွန်တော့်ရင်ထဲ အောင့်ကနဲ ကျွန်တော် တော်တော် မကောင်းခဲ့တာပဲ တခြားသူတစ်ယောက်ရဲ့ ဝေဒနာတွေကိုပဲ ကြည့်ပြီး ကိုယ့်ချစ်သူရဲ့ နာကြင်မှုတွေကို မေ့ထားမိတယ် ငါမင်းကို ပြန်ပေးဆပ်ပါ့မယ် ပင်ဂွင်းရယ် ငါမင်းကို တောင်းပန်ပါရစေ ဒီထက်ပိုပြီးတော့လဲ ချစ်ပေးပါ့မယ် ဘာမှမဖြစ်ပါနဲ့နေိာ
KyungSoo : Baekhyun ဘယ်~ဘယ်လို အခြေအနေပဲဖြစ်ဖြစ်~ကလေးကို~ရအောင်~ကယ်ပေးပါ ရွေးချယ်~ရမယ်~ဆိုရင်တောင် ကလေးကိုပဲ~ရွေးချယ်ပေးပါ
Sehun        : Hyung ဘာတွေ ပြောနေတာလဲ ကျွန်တော် လုံးဝ အဲ့လို မလုပ်နိုင်ဘူးနော် ကျွန်တော့်မှာ Hyung တစ်ယောက်ပဲ ရှိတာလေ Hyung ကိုပဲ ရွေးချယ်မှာ
KyungSoo : မဟုတ်ဘူး~ Hunnie~ ကလေး~ကလေးကိုပဲ~
Baekhyun : Kyung လေး ငါတို့လဲ ငယ်ငယ်ပဲ ရှိသေးတာပါ ကလေးက ထပ်ယူလို့ ရပါတယ် ဒါပေမဲ့ ငါ မင်းကိုတော့ အဆုံးရှုံး မခံနိုင်ဘူးလေ Kyung လေးရာ
                 ခွဲစိတ်ခန်းထဲ ဝင်သွားတော့ Baekhyun လဲ ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်
Chanyeol  : Baekhyun မင်းပြောတဲ့ အချိန်က အခုချိန်ပဲ
Sehun        : Hyung ခင်ဗျား ကျွန်တော့်အကိုကို လုပ်ရက်တယ်ဗျာ သူ့မှာ ဘာအပြစ်ရှိနေလို့ ခုလို လုပ်ရတာလဲ ခင်ဗျားကို ယုံကြည်ခဲ့တာ ခင်ဗျားဗျာ
Luhan        : Hunnie တော်…တော်ပါတော့နော်
Chanyeol  : LuLu Hunnie ကို ခဏ ခေါ်သွားပေးပါ
LuLu           : Hunnie လာပါ နော် Noona နဲ့ ခဏ လိုက်ခဲ့ပါနော်
                  Sehun တို့ လင်မယား ထွက်သွားတော့မှ
Chanyeol  : Baekhyun
Baekhyun : ဟုတ်တယ် Hyung ကျွန်တော်ပြောတာ အခုချိန်ပဲ
Chanyeol  : Hyung မင်းကို ယုံလို့ ခုချိန်ထိ စောင့်နေခဲ့တာပါ Hyung နားထောင်နေတာမို့ Hyung ကို အစအဆုံးပြောပြပါ
Baekhyun : ဒီဇာတ်လမ်းကို စခဲ့တာ Honey တစ်နည်းအားဖြင့် Hyung တို့ သိထားတဲ့ ကျွန်တော့်ကောင်မလေးပေါ့
Chanyeol  : ဒါဆို တကယ်ပဲ မင်းကောင်မလေး မဟုတ်ခဲ့ဘူးပေါ့
Baekhyun : မဟုတ်ပါဘူး
                 သူလဲ ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်ပြောပြလိုက်တော့ Hyung က သက်ပြင်းချကာ
Chanyeol  : Hyung မင်းကို အကြောင်းမဲ့ အထင်လွဲနေမိခဲ့တာပဲ
Baekhyun : Hyung မမှားပါဘူး ကျွန်တော်သာဆိုလဲ အထင်လွဲမိမှာပဲ
Eunji          : Oppa!
Baekhyun : ဟင် JiJi Honey ရော?
               သူမက ခပ်ယဲ့ယဲ့လေး ပြုံးကာ
Eunji           : သူ သွားပြီ Oppa ညီမလေးတို့နဲ့ အဝေးဆုံးနေရာ အအေးချမ်းဆုံး နေရာလေးကို ထွက်သွားပြီ
              သူကတော့ အေးချမ်းသွားပြီပေါ့ ကောင်းကောင်းသွားပါ ညီမလေးရေ
              ထိုစဉ် Sehun လဲ ပြန်ရောက်လာပြီး Chanyeol Hyung ပြန်ရှင်းပြလို့ အားလုံးကို နားလည်သွားကာ
Sehun        : Baekhyun Hyung စောစောက ကျွန်တော် ပြောမိတာတွေ ဗွေမယူပါနဲ့နော် ကျွန်တော်လဲ ရုတ်တရက် ဘာတွေ ပြောမိမှန်းမသိဘူး
Baekhyun : ရပါတယ် Hyung သာဆိုလဲ ပြောမိမှာပဲ နောက်ပြီး မင်းတို့က အဖြစ်မှန်ကို မသိသေးလို့ ပြောမိတာပဲ
Doctor       : လူနာ Kim KyungSoo ရဲ့ လူနာရှင် ရှိပါသလားရှင်
Baekhyun : ဟုတ်ဟုတ်ကဲ့ ရှိပါတယ် Doctor ကျွန်တော့်…ကျွန်တော့် ခင်ပွန်းအခြေအနေ
Doctor        : လူနာက အရမ်း အားနည်းနေတယ် ကလေးကို ရအောင် ယူနိုင်ရင်တောင် လူနာကို ဆုံးရှုံးလိုက်ရမယ်
Baekhyun : ဗျာ!
Doctor       : လူနာကို ရွေးချယ်ရင်တော့ ကလေးကို ဆုံးရှုံးရမယ် ကျွန်မကတော့ ကလေးကို လွှတ်လိုက်စေချင်တယ် ကလေးက နောက်ထပ် ယူလို့ ရပါတယ် လူကြီးရဲ့ အသက်က ပိုတန်ဖိုးရှိပါတယ် ရှင်တို့ သဘောပါ
Baekhyun : ကျွန်တော်ကလေးကို စွန့်လွှတ်ပါ့မယ်
Doctor       : ဟုတ်ကဲ့ ဒါဆို ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်
                 Doctor ပြန်ဝင်သွားတော့ သူတို့ အကုန် ဘာစကားမှ ဆက်မပြောဖြစ်တော့ပဲ တိတ်ဆိတ်သွားကြလေသည်
                  နာရီအနဲငယ်ကြာတော့ ခွဲစိတ်ခန်းတံခါးပွင့်လာကာ
Doctor        : Congratulation ပါ ကျွန်မတို့ လူကြီးရော ကလေးကိုပါ ကယ်လိုက်နိုင်ပါတယ် ကလေးက ယောက်ျားလေးပါ ဒါပေမဲ့
Baekhyun : ဒါဒါပေမဲ့ ဘာဖြစ်လို့လဲဟင် Doctor
Doctor        : လူနာရဲ့ အခြေအနေကို ကျွန်မ သိပ်အားမရဘူး သူ့နှလုံးက အရမ်း အားနည်းနေပြီ မြန်မြန်လေး အစားထိုး ကုသနိုင်ရင် ကောင်းမယ်
                ထိုစဉ် သူနာပြုဆရာမလေး တစ်ယောက် ပြေးလာပြီး……
Nurse           : Doctor! Doctor! ဒီလူနာက နှလုံးအလှူရှင် လိုနေတာလား
Doctor          : omm  ဟုတ်တယ်
Nurse            : သူ ကံကောင်းတယ် ပြောရမလားပဲ စောစောကလေးတင် ဦးနှောက်ကင်ဆာနဲ့ ဆုံးသွားတဲ့ ကလေးမလေးက သူမသေခင် သူ့နှလုံးကို လှူသွားတယ်
Doctor          : တကယ်လား
Nurse            : ဟုတ်ကဲ့
Doctor          : ရှင်တို့ တော်တော် ကံကောင်းတာပဲ ကျွန်မတို့ သူ့ကို အတတ်နိုင်ဆုံး ကယ်ပေးပါ့မယ် အခု လိုအပ်တာတွေ သွားစစ်ဆေးလိုက်ဦးမယ်
                 Doctor မလေးနဲ့ Nurse မလေးလဲ တော်တော် ပျော်နေပုံပဲ Aww ဆရာဝန်တွေ သူနာပြုတွေရဲ့ စိတ်ထားလေးတွေ မွန်မြတ်လိုက်တာ သူတို့နဲ့ ဘာမှ မတော်စပ်တဲ့ သူစိမ်းတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့ ကြိုးစားပန်းစား လုံးပန်းပေးနေကြတဲ့ ဆရာဝန်တွေ သူနာပြုတွေကို လေးစားမိတယ် သူ့သားလေးကြီးလို့ ဆရာဝန်ဖြစ်လာရင် ဘယ်လောက် ကောင်းလိုက်မလဲ ဒါနဲ့ ဆရာမလေး ပြောသွားတာ စောစောကလေးတင် ဦးနှောက်ကင်ဆာနဲ့ ဆုံးသွားတဲ့ ကောင်မလေး ဒါဆို…အဲ့…အဲ့ဒါ
                 ဝေခွဲမရတဲ့ စိတ်များနဲ့ Eunji ကို လှည့်ကြည့်မိတော့ သူမက ကျွန်တော့်ကို ပြုံးပြတယ် ကျွန်တော် တွေးတာ မှနိတယ်ဆိုတဲ့ အပြုံးမျိုး
Eunji          : Honey က သူမသေခင် အကိုမသိအောင် သူ့ရဲ့ နှလုံးကို လှူသွားခဲ့တာ အကို ချစိသူနဲ့ အချိန်အကြာကြီး နေသွားနိုင်အောင်တဲ့ ကိုယ်ချစ်တဲ့သူနဲ့ သေကွဲကွဲနေရတဲ့ ခံစားချက်ကြီးနဲ့ အကို့ကို အသက်ရှင်မသွားစေချင်ဘူးတဲ့
                    ချစ်တတ်လိုက်တာ Honey ရယ် နောင်ဘဝဆက်တိုင်း အခုလို တစ်ဖတ်သတ်ပေးဆပ်ပြီး ချစိရတဲ့ အချစ်မျိုးမဟုတ်ဘဲ မင်းကချစ်ပြီး မင်းကိုချစ်တဲ့ သူနဲ့ ပျော်ပျော်ရွှင်ရွှငိကြီးပေါငိးဖက်သွားနိုင်ပါစေကွာ
----------------------------------------------
              ဒီအပိုင်းလေးမှာ BaekSoo နဲသွားပြီး Drama ကို သိမ်းလိုက်တာပါ အရှုပ်တွေ အကုန်ရှင်းလိုက်တာပါ နောက်အပိုင်းကစ ဘေဘီပုကျိလေးပါလာပါပြီ Baekhyunee လေးကို မရမဲ့ အတူတူတော့ မထူးပါဘူးလေ တစ်ခါတည်း ခေါ်ထားလိုက်မယ် ယောက်ခမကြီး😎😎😎
              ဘေဘီလေးက ဒီလိုရုပ်လေးပေါ့နော်

Chanyeol  : KyungSoo ဘာမှ မတွေးဘဲ အေးဆေး နေနော် ကျန်တာတွေ အကုန် Hyung တို့ပဲ တာဝန်ယူပြီး Hyung တို့ပဲ ဖြေရှင်းပေးမှာမို့ Kyung လေးက ကျန်းမာရေးပဲ ဂရုစိုက်နော်KyungSoo : Hyung ဟင့်                ရုတ်တရက် ကျွန်တော့်ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ငိုနေေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Daddy နဲ့ ပိုတူတာပေါ့ နှုတ်ခမ်းလေးကိုတော့ အသဲပုံနှုတ်ခမ်းလေးလို့ မြငိလိုက်နော် ကျွန်တော်ရဲ့ အနာဂတ်သတို့သားလောင်းပါ Daddy ကို မရတော့ သားသားကို ကြံတော့မှာပါ😎😎😎

This is my penguin🐧🐧🐧Where stories live. Discover now