(9) 🐶🐧🐶 (9)

82 3 8
                                    

May 6th , 2021
Baekhyun : Kyung လေးရေ ထတော့
                လို့ ဆိုကာ ကုတင်ပေါ် ပြေးတက်လာတဲ့ Baekhyun ကြောင့် ကမ္ဘာ့နေရာအနှံ လျှောက်သွားပြီး အစားအသောက်ကောင်းတွေ စားနေတဲ့ KyungSoo လေးရဲ့ အိမ်မက်လေးကတော့ 'လေထဲမှာ ပျောက်သွား' ဆိုတဲ့ သီချင်းစာသားလေးအတိုင်း
KyungSoo : ဟင် Baekhyun အလုပ်မသွားဘူးလား
Baekhyun : ဟာ Kyung လေးကလဲ ဒီနေ့ကို အလုပ်သွားစရာလား
KyungSoo : ဟင် ဒီနေ့က ဘာနေ့မို့လို့လဲ
                     သူ မေးလိုက်တာကို Baekhyun က သူ့မျက်နှာကို သေချာ စိုက်ကြည့်ပြီး Baekhyun : မင်းတကယ် မမှတ်မိတာလား Kyung လေး
KyungSoo : ………
(ဒါဒါလေးတို့ရော မှတ်မိလား ဘာနေ့လဲ သိဖူးနော်)
                   သူ့ မေးခွန်းကို မအူမလည်ရုပ်လေးနဲ့ ခေါင်းခါပြလိုက်တော့ ဟူး ဆိုပြီး လေပူတွေကို တချက် မှုတ်ထုတ်လိုက်ကာ
Baekhyun : ထားလိုက်တော့ ငါအောက်မှာ မနက်စာပြင်ထားတယ် သွားစားလိုက်
                    ဆိုပြီး သူဝတ်ထားတဲ့ အပြင်တွေ ဘာတွေ သွားစရာရှိမှ ဝတ်တတ်တဲ့  အင်္ကျီအဖြူလေးကို ချွတ်လိုက်ကာ သာမန် စွပ်ကျယ်တစ်ထည်နဲ့ လဲဝတ်ပြီး ကုတင်ပေါ် ဝုန်းခနဲ ပစ်လှဲလိုက်သောကြောင့်
KyungSoo : မင်း အပြင်သွားမလို့ မဟုတ်ဖူးလား
Baekhyun : မသွားတော့ဘူး
                     လို့ ခပ်ပြတ်ပြတ်ဖြေပြီး ကျွနိတော့်ကို ကျောခိုင်းကာ လှည့်အိပ်နေပြန်သည် ဒါ သူ စိတ်ဆိုးသွားတာပေါ့လေ ဒါနဲ့ ကျွန်တော်လဲ ကုတင်ပေါ်မှ အသာထကာ ကိုယ်လက် သန့်ရှင်းရေး လုပ်ပြီး ဗီရိုထဲက အထုပ်လေးတစ်ထုပ်ကို ယူလိုက်ကာ
KyungSoo : Baekhyun
                      လို့ ခေါ်လိုက်တော့ ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လာသော သူ့ကို လက်ထဲက အထုတ် ထိုးထည့်ပေးလိုက်တော့
Baekhyun : ဒါ ဘာလဲ
KyungSoo : သိချင် ဖွင့်ကြည့်
                 လို့ ပြောလိုက်တော့ အထုပ်လေးကို ဖွင့်ကြည့်ပြီး အရမ်း အံသြနေတဲ့ သူ့မျက်နှာလေးကို စေ့စေ့ကြည့်ကာ
KyungSoo : Happy Birthday My Puppy.
Baekhyun : Kyung…Kyung လေး
                   နှစ်ယောက်သား လွတ်ထွက်သွားတော့မတတ် ဖတ်ထားကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ အချစ်တွေကို မလွန်ဆန်နိုင်တဲ့ အဆုံး သူရိနိနေမင်းကြီးလဲ အားလျော့သွားကာ သူတို့နှစ်ယောက်အတွက် အလှဆုံးနေ့လေးတစ်နေ့ဖြစ်အောင် လေနုအေးလေးတွေက ညင်ညင်သာသာလေး တိုက်ခတ်ပေးနေလေသည်
KyungSoo : ငါတို့ ဒီနေ့ လျှောက်သွားကြမယ် Baekhyun
Baekhyun : ငါ့မွေးနေ့ကို မင်းမမှတ်မိတော့ဘူး ထင်နေတာ
KyungSoo : ငါရဲ့ Only one လေး မွေးနေ့ကို မမှတ်မိရအောင် ငါက ရူးနေတဲ့ သူမှ မဟုတ်တာ ပါပီလေးရဲ့
( အပြင်မှာသာ KyungSoo လေးက Wuri Appa ကို အဲ့လိုနူးနူးညံ့ညံ့လေး ပြောတာ တွေ့ရင် ဒါဒါလေးတို့ ဘာလုပ်မလဲ ကျွန်တော်ကတော့ ထီပြေးထိုးမှာဗျ )
KyungSoo : အဲ့ထဲက အင်္ကျီဆင်တူလေး ဝတ်ကြမယ်နော်
Baekhyun : Borr! Jin…Jinja တကယ် ဒီဟာ ဝတ်ကြမှာလား ဒီနေ့ကိုလေ
KyungSoo : ဒါပေါ့
                     ကျွန်တော့်ကို တစ်ယောက်လောက် အသိဝင်အောင် လုပ်ပေးကြပါ လက်ထပ်ပြီးထဲကရော လက်မထပ်ခင်ကရော စုစုပေါင်း Couple ဝတ်စုံနှစ်ခါပဲ ဝတ်ခဲ့ဖူးတဲ့ ပင်ဂွင်း အမြဲတမ်း Couple ဝတ်ဖို့ ပြောနေပေမဲ့ မကြိုက်ဘူးဆိုပြီး အမြဲငြင်းနေတဲ့ ပင်ဂွင်းက အခု Couple ဝတ်မယ်တဲ့ ဒါအိမ်မက်လား တကယ်လား သိရအောင် တစ်ယောက်လောက် ကူညီပေးကြပါဦးဗျာ
(ကဲ ဒါလေးတို့ရေ Wuri Appa က အသိဝင်ဖို့ လိုနေပြီတဲ့  ဘယ်လိုလဲ ကျွန်တော် အသိဝင်အောင် သွားလုပ်ပေးလိုက်မယ် Appa ရဲ့ ပါးမို့မို့လေးကို နမ်းပြီးတော့လေ ခ်ခ် စတာလို့ ပင်ဂွင်းနဲ့ သွားမတိုင်ကြနဲ့ အနော် ဒယ်ပြားစာမမိချင်ဘူး)
                 နှစ်ယောက်သား အဝတ်အစားလဲပြီးတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သဘောတွေ ကျနေကြတာပေါ့ ကျွန်တော့်ပင်ဂွင်းလေးက အရမ်းတော်တာပဲ အင်္ကျီလေးက အရမ်းချစ်ဖို့ကောင်းတာ Couple ဆိုပေမဲ့ မိန်းကလေးနဲ့ ယောက်ျားလေးဝတ်တာမဟုတ်လို့ လုံးဝ ကွတ်တိတူနေတာ မဟုတ်ဘူး နဲနဲ ပုံစံတူလေး ကျွန်တော်တို့နှစ်ယောက်နဲ့ လိုက်ဖက်တဲ့ ပုံစံလေးပေါ့ ကျွန်တော့် အင်္ကျီလေးက အပြာနုရောင်လေးနဲ့ အသားရောင် ဘောင်းဘီလေး ကော်လံအဖြူလေးနဲ့ သူ့အင်္ကျီကကျတော့ အဖြူပေါ်မှာ ကော်လံအမဲဆင်းလေးနဲ့ ဂျင်းဘောင်းဘီအမဲလေးနဲ့ပေါ့ ကျွန်တော်ဒီနေ့ အရမ်းတွေ ချစ်ဖို့ကောင်းနေတာလေ ဟုတ်တယ်မလား ဒါပေမဲ့ ကျွန်တော့်ပင်ဂွင်းလေးကိုတော့ ဘယ်မှီမလဲနော် ပထမဆုံးကတော့ ကျွန်တော်တို့ နှစ်ယောက်လုံး သဘောကျတဲ့ နေရာလေးဖြစ်တဲ့ ကစားကွင်းကို အရင်သွားကြတာပေါ့ ကစားကွင်းမှာ မျိုးစုံအောင်ဆော့ပြီး ရုပ်ရှင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ် ရုပ်ရှင်လက်မှတ် ဝယ်နေတုန်း 'Oppa' ဆိုတဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဟိုနေ့က ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့ Honey ဆိုတဲ့ မိန်းကလေး
Baekhyun : aww Honey
Honey        : Nae Oppa ရုပ်ရှင်လာကြည့်တာလား
Baekhyun : omm Honey ရော ရုပ်ရှင်လာကြည့်တာမလား
Honey        : ဟုတ် အတော်ပဲ Oppa တစ်ယောက်ထဲမလား Honey လဲ တစ်ယောက်ထဲပဲ တူတူကြည့်ရအောင်လေ
                      ဘယ်လိုတောင် ရဲတင်းလွန်းတဲ့ မိန်းကလေးပါလိမ့်
Baekhyun : arr Honey က တစ်ယောက်ထဲလား Oppa Honey ကို အဖော်လုပ်ပြီး ကြည့်ပေးချင်ပါတယ် ဒါပေမဲ့ ဘယ်လိုလုပ်မလဲ Oppa ခင်ပွန်းပါလာတယ်
Honey        : ရှင်!
KyungSoo : Baekhyun
Baekhyun : Kyung လေး ဒီမှာ လက်မှတ်ရပြီ
KyungSoo : omm ဒါနဲ့ သူက
Baekhyun : aw သူက Honey တဲ့ ကျောင်းတုန်းက Sehun နဲ့ တစ်ခန်းထဲလေ
Honey        : Annyeon Oppa
KyungSoo : Nae Honey shi တွေ့ရတာ ဝမ်းသာပါတယ်
Baekhyun : ဟိုနေ့က ကော်ဖီဆိုင်မှာ တွေ့ခဲ့တယ်ဆိုတာ သူလေ
KyungSoo : arr ဟုတ်လား
Honey        : အာ အဲ့တုန်းကတွေ့တဲ့ အကြောင်းပါ KyungSoo Oppa ကို ပြန်ပြောပြထားတာလား
Baekhyun : ဒါပေါ့ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် Oppa က Kyung လေးကို ပြန်ပြောပြတယ် Kyung လေး မသိဘဲ ဘာမှမလုပ်ဘူးလေ
                   Honey ရဲ့မျက်နှာ သိသိသာသာကြီး ပျက်သွားပေမဲ့ ပြန်ထိန်းလိုက်ကာ
Honey        : အဟင်း KyungSoo Oppa က ကံကောင်းလိုက်တာ ဒီလို ချစ်တတ်တဲ့ ခင်ပွန်းကို ရထားတာမို့
Baekhyun : ဒါပေါ့ Oppa ကို ရထားလို့ Kyung လေးက ကံကောင်းသလို Kyung လေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ Oppa ကလဲ ကံကောင်းတာပေါ့ မဟုတ်ဘူးလား Kyung လေး
KyungSoo : omm ဒါပေါ့
                    ဟိုမိန်းကလေးရဲ့ မျက်နှာ ထိန်းမနိုင်တော့တဲ့အထိ ပျက်နေပြီ
Honey        : အဟင်း ဟုတ်ပါပြီ ဒါဆို Honey ကို သွားခွင့်ပြုပါဦး
Baekhyun : ကောင်းပါပြီဗျာ
                   Honey ထွက်သွားတော့
KyungSoo : ကောင်မလေးက ချောသားပဲ
Baekhyun : Kyung လေးနော်
KyungSoo : ဘာဖြစ်တာလဲ ဒီတိုင်း ချောလို့ ချောတယ်ပြောတာကို သဝန်တိုပြန်ပြီ ငါက မင်းတစ်ယောက်ထဲကို ချစ်တာ မယုံဘူးလား
Baekhyun : ယုံပါတယ် မင်းကိုပေါ့ ဒါပေမဲ့ မမြင်ရတဲ့ အရာတစ်ချို့ကိုတော့ မယုံဘူး Kyung လေးရယ်
                    ကျွန်တော် ပြောလိုက်တော့ သူ့မျက်နှာလေး ပျက်သွားကာ……
KyungSoo : Baekhyun ကလဲ ဒီနေ့မှာ ဘာလို့ စိတ်ညစ်စရာတွေ တွေးနေတာလဲ လာပါ ရုပ်ရှင်နောက်ကျနေမယ် သွားရအောင်
-----------------------------------------------
🐧🐧🐧 : ဝမ်းမနည်းနဲ့ Baekhyun ဘယ်လို အကြောင်းမျိုးနဲ့မှ ဝမ်းမနည်းပါနဲ့ ဘယ်တော့မှ မပြိုလဲသွားပါနဲ့ ဘယ်လို အတိုက်အခိုက်တွေ ရှိရှိ ကြံကြံခံနေပေးပါ မင်းဘဝအတွက် မင်းကို ချစ်တဲ့ မင်းက ချစ်ရတဲ့ လူတွေ အတွက် ပြီးတော့ ငါ့အတွက် ကြံကြံခံနေပေးပါ မင်းအနားမှာ အမြဲရှိမပေးနိုင်တဲ့ ငါ မင်းကို စိတ်ချခဲ့ပါရစေ မင်းအနားမှာ ငါမရှိတော့တဲ့ အချိန်တွေမှာ မင်းဘဝအတွက် တကယ်လိုအပ်တဲ့ ပါရမီဖြည့်ဘက် ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ မင်းဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းသွားပေးပါ ငါ့အတွက် ဝမ်းနည်းမနေနဲ့နော် မင်းသာ တစ်ခုခုဖြစ်သွားမယ်ဆို ငါအသက်ရှုနေပေမဲ့ သေနေသလိုပဲ မင်းသာ ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာ ရှိနေမယ်ဆိုရင် ငါသေဆုံးသွားရင်တောင် ငါ့နှလုံးသားက ထာဝရရှင်သန်နေမှာပါ ငါ့အသက်က မင်းပေါ်မှာ မူတည်နေတာမို့ ငါစိတ်ချခဲ့ပါရစေ Baekhyunee
----------------------------------------------
                    မဖြစ်မနေမို့သာ ရုံးလာရတယ် မနက်ထဲက စိတ်က သိပ်မကြည်ဘူး အစည်းအဝေးခန်းထဲမှာလဲ အလွဲလွဲ အချော်ချော်တွေချည်းပဲ ဘာဖြစ်နေမှန်းကို မသိဘူး
Man            : အဖွဲ့မှူး နေမကောင်းဘူးလား
Baekhyun : မဟုတ်ပါဘူးဗျာ ခေါင်းနဲနဲကိုက်နေလို့
Man            : ဒါဆို ဒီနေ့ နေ့တစ်ပိုင်း ခွင့်ယူလိုက်ပါလား အဖွဲ့မှူး
Baekhyun : အဲ့လိုလုပ်လို့ ဖြစ်မလား
Man            : ဖြစ်ပါတယ် ကျွန်တော် ပြောပေးထားမယ်လေ အဖွဲ့မှူးနေမကောင်းတဲ့ အကြောင်း
Baekhyun : ဒါဆို ကျွန်တော် ပြန်လိုက်တော့မယ်နော်
Man             : ဟုတ်ကဲ့ ခင်ဗျ
                   ရုံးကနေ ထွက်လာပြီး လမ်းတစ်ဝက်အရောက်မှာ
Honey         : Oppa!
                    'ကျစ် လာပြန်ပြီ' စိတ်ရှုပ်သွားပေမဲ့လဲ ကောင်းကောင်းမွန်မွန် ပြန်ပြုံးပြလိုက်ပါတယ်
Baekhyun : aww Honey
Honey        : Nae Oppa ရုံးက ပြန်လာတာလား
Baekhyun : omm ဟုတ်တယ် Honey ရော?
Honey        : Honey က သွားစရာ ရှိလို့ Honey အိမ်က ဟိုအရှေ့လေးတင်လေ
Baekhyun : aww ဟုတ်လား
Honey        : Ah!
                   သူ့ရဲ့ ရင်ခွင်ထဲ ပျော့ခွေကျလာတဲ့ သူမကြောင့် ထိတ်ပျာသွားကာ
Baekhyun : Honey! အဆင်ပြေရဲ့လား
Honey        : အ့ Oppa မူးလိုက်တာ
Baekhyun : Honey ခေါင်းမူးလို့လား နေမကောင်းဘူးလား
Honey        : Nae Oppa
Baekhyun : အဲ့တာကိုတောင် အပြင်သွားဖို့ လုပ်နေရသေးလား
Honey         : Honey မသွားတော့ဘူး အဲ့အစား Oppa က Honey ကို အိမ်ပြန်လိုက်ပို့ပေးပါလား Honey ခေါင်းအရမ်းမူးနေလို့ လမ်းမလျှောက်နိုင်လို့ပါ
                      ဟူး ကွကိုယ် အေးဆေးနေကာမှ ပြသနာနဲ့ တည့်တည့်လာတိုးနေတာ ကိုယ့်ရှေ့မှာ ဖြူဖျော့ပြီး ပျော့ခွေကာ နေမကောင်းဖြစ်နေတာကိုလဲ ပစ်မသွားနိုင်
Baekhyun : ကောင်းပြီလေ Oppa အိမ်ပြန်လိုက်ပို့မယ်
                   သူမကို အိမ်ပြန်လိုက်ပို့ပြီး သူမအိမ်ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အသက်ရှုတောင် ရပ်သွားမတတ် သူမရဲ့ အခန်းအပြည့် ကျွန်တော်ရဲ့ ဓာတ်ပုံတွေ အပြည့်ကပ်ထားတယ် ကျွန်တော် ကျောင်းသားဘဝက ပုံတွေ အများဆုံးပဲ ရှုထောင့်မျိုးစုံက ရိုက်ထားတဲ့ ပုံတွေ နောက်ပြီး ကော်ဖီဆိုင်မှာ ပြန်တွေ့တဲ့ အချိန်ထဲက ရုံးသွားရုံးပြန်ကို ခိုးရိုက်ထားတဲ့ ပုံတွေ နဂိုထဲက သိပ်မကြည်တဲ့ ခေါင်းက မူးနောက်သွားသလို
Honey           : Oppa!
                 Honey ရဲ့ အကြည့်တွေက ရမ္မက်ခိုးတွေ ဝေနေလေသည် မကောင်းတဲ့ အငွေ့အသက်ကို ခံစားနေရသောကြောင့် ထိုနေရာကနေ အမြန်ရှောင်ထွက်ဖို့ ကြိုးစားတဲ့ ကျွန်တော့်ကို အနောက်ကနေ Back Hug လုပ်ကာ
Honey          : Kharjima Oppa Honey Oppa ကို အရမ်းချစ်တယ် Honey ကို မထားခဲ့ပါနဲ့နော် Honey အဲ့ကျောင်းသားဘဝထဲက Oppa ကို စွဲလမ်းခဲ့တာ ခုချိန်ထိပါ ဒီနေ့ Honey နဲ့ အချိန်ဖြုန်းရအောင်လေ Honey ရဲ့ ဘဝကို Oppa ကို ပုံအပ်ပါ့မယ် Oppa ရဲ့ နှလုံးရောဂါသည် ခင်ပွန်းကို အားနာလို့ မကွာရှင်းနိုင်လဲ ရပါတယ် Honey Oppa ကို ပိုင်ဆိုင်ရရုံနဲ့ ကျေနပ်ပါတယ်
Baekhyun : Honey တော်တော့ Oppa မှာ အိမ်ထောင်ရှိတယ်လေ
Honey         : ဟင့်အင်း Honey သိပါတယ် Oppa Honey ကို တရားဝင် လက်ထပ်ဖို့ မလိုပါဘူး ဘယ်သူမှ မသိအောင် Honey တို့ တူတူနေကြမယ်လေ Oppa ရဲ့ ခင်ပွန်း မပေးနိုင်တဲ့ သာယာမှုတွေ Honey ဆီမှာ ရှိတယ် နောက်ပြီး သူက Oppa လိုအပ်ချိန်တိုင်း အဆင်သင့်မဖြစ်ပေးနိုင်ဘူးမလား သူ့ရောဂါ အခြေအနေကြောင့်လေ Honey Oppa လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်ပေးမှာပါ သူမပေးနိုင်တဲ့ Oppa ရဲ့ ရင်သွေးလေးကိုလဲ  Honey မွေးပေးနိုင်တယ်လေ
Baekhyun : တော်တော့ Honey သူ့မှာ ရောဂါရှိတာ ငါလက်မထပ်ခင်ထဲက သိပြီးသား  သာယာမှုကို တောင့်တတာဆိုရင် အစထဲက သူ့ကို လက်မထပ်ခဲ့ဘဲ ပျော်တော်ဆက်မိန်းကလေးတွေနဲ့ပဲ ပျော်ပါးနေတော့မှာပေါ့ ငါ့အတွက် မျိုးဆက်မရနိုင်တာ သိသားပဲ သိရက်နဲ့ မိဘတွေ အမွေပြတ်စွန့်လွှတ်တာအထိ ခံပြီး သူ့ကို လက်ထပ်ခဲ့တာ သူ့အပေါ်သာယာမှုကို လိုချင်တာ မဟုတ်ဘူး သူ့ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့တာ
                  ပြောပြီး ကျွန်တော့်ကို တင်းကြပ်စွာ ဖက်ထားတဲ့ သူမလက်တွေကို ဆွဲဖြုတ်ပြီး တချက် ဆောင့်တွန်းခဲ့လိုက်ကာ ထိုအိမ်ထဲမှ အမြန်သာ ပြေးထွက်လာခဲ့တော့သည်
-----------------------------------------------
KyungSoo : Baekhyun ပြန်လာပြီလား စောလိုက်တာ
Baekhyun : အင်း နဲနဲ နေမကောင်းလို့
KyungSoo : ဟင် ဟုတ်လား မှန်းစမ်း ကိုယ်တော့မပူပါဘူး ဆေးခန်းသွားဖို့ လိုလား
Baekhyun : Arnyi Kyung လေး ငါ မင်းရင်ခွင်ထဲမှာ ခဏလောက် နေချင်တယ်
                  လို့ ပြောလိုက်တော့ ပေါက်စက ပြုံးပြီး သူရဲ့ လက်နှစ်ဖက်ကို ဆန့်တန်းပေးသောအခါ ကလေးတစ်ယောက်လို သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်မိတော့တယ်
KyungSoo : ကဲ ပင်ပန်းတာတွေ ပျောက်သွားပြီဆို ရေချိုး အဝတ်အစားလဲ ငါ အောက်မှာ စောင့်နေမယ် မင်းအဝတ်အစားတွေ အဲ့တောင်းထဲ ထည့်ခဲ့နော် ငါ ညနေမှ လျှော်ထားမယ်
Baekhyun : omm Kyung လေး Saranhae
                  သူက ကျွန်တော့်ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ ခပ်ဖွဖွထုကာ
KyungSoo : Pabo! ငါလဲ ချစ်တယ်လေ
ကဲ တော်ပြီ ရေချိုးပြီး ဆင်းခဲ့နော်
                  ဆိုကာ သူအောက်ဆင်းသွားတာနဲ့ ကျွန်တော်လဲ အဝတ်အစားတွေ ချွတ်ကာ ခြင်းတောင်းထဲ ပစ်ထည့်ထားလိုက်ပြီး အဝတ်အစားလဲကာ အောက်ထပ်ဆင်းလာခဲ့တော့တယ်
-----------------------------------------------
Eunji            : Borr!! Honey  Michechaw?
Honey          : Gudal ငါရူးနေပြီ Oppa ကို ချစ်လွန်းလို့ ငါရူးနေပြီ
Eunji            : မလုပ်သင့်တဲ့ ကိစ္စတွေလေ Honey ရာ
Eunji            : Eunji ငါ သိပါတယ် ဒါပေမဲ့ ငါ့ကို ကူညီပေးလို့ မရဘူးလား ငါ Oppa ကို ပိုင်ဆိုင်ခွင့် မရှိဖူးဆိုတာ သိပေမဲ့ ငါရဲ့ နောက်ဆုံး ဆန္ဒလေးကို ဖြည့်ဆည်းပေးလို့ မရဘူးလား JiJi ရယ်
Eunji           : ဟူး Honey ရာ
                    ငါ့ကို မခေါ်စမ်းပါနဲ့ Honey ရာ  JiJi လို့ နင်ခေါ်လိုက်တိုင်း ငါက အရူးတစ်ယောက်လို နင်ကြိုးဆွဲရာကခဲ့ရတာပါ ငါ နင့်ကို ချစ်လွန်းလို့ပါ နင် ငါ့အချစ်တွေကိုဆို ဘယ်တော့မှ မမြင်ခဲ့ဘူး ဘာလို့လဲ နင်ရော ငါရော မိန်းကလေးတွေ ဖြစ်နေလို့ နင်ငါ့အချစ်တွေကို မမြင်တာလား Honey ရယ်
Honey           : နော် JiJi
Eunji             : အေးပါ ငါအတတ်နိုင်ဆုံး ကူညီပေးပါ့မယ်
Honey           : ဒါဆို ငါအခု စတော့မယ်နော်
                 ဆိုကာ စားပွဲပေါ်က ဘရိတ်ဓားကို လှမ်းယူလိုက်တာကြောင့် သူမရဲ့ လက်လေးကို လှမ်းဆွဲလိုက်ကာ
Eunji             : ကိုယ့်ကိုတော့ မထိခိုက်စေနဲ့နော် Honey
Honey            : အေးပါဟ ငါသိပါတယ်
                    ဘရိတ်ဓားကို သူမလက်ကောက်ဝတ်ပေါ် တင်လိုက်သောအခါ မကြည့်ရက်စွာ မျက်နှာလွှဲထားမိတယ် ခဏအကြာ 'Ah' ဆိုတဲ့ အော်သံညင်းညင်းလေး ထွက်ပေါ်လာမှ သူမကို လှည့်ကြည့်လိုက်တော့ သွေးတွေထွက်နေတဲ့ လက်ကောက်ဝတ်ကို ဖိကိုင်ထားကာ အံကိုတင်းတင်းကြိတ်ပြီး နာကျင်မှုကို ခံစားနေရတဲ့ သူမရဲ့ ကိုယ်လေးကို အတင်းပွေ့လိုက်ကာ
Eunji             : Honey! Honey!
Honey           : JiJi~ Oppa ကို~ Oppa ကို~ ဖုန်းဆက်ပေး~
Eunji             : ompr ငါ ခေါ်ပေးမယ်
                  အဲ့လူကို အဲ့လောက်တောင် ချစ်တာလား Honey ရယ်
                   စားပွဲပေါ်က Honey ရဲ့ ဖုန်းလေးကို လှမ်းယူလိုက်ပြီး Contect ထဲက My only one ဆိုတဲ့ နံပါတ်လေးကို တွေဝေခြင်းမရှိ နှိပ်လိုက်တော့တယ် အချိန်အတော်ကြာတဲ့အထိ ဟိုဘက်က ဖုန်းကိုင်ခြင်းမရှိ ဖုန်းကျခါနီးလောက်တော့မှ ဟိုဘက်က ဖြေသံကို ကြားရတော့တယ်
Baekhyun : Yeobosaeyo?
Eunji          : Baekhyun နဲ့ စကားပြောချင်လို့ပါ
Baekhyun : Nae ကျွန်တော် Baekhyun ပါ ဘယ်သူလဲ မသိဘူး
Eunji'pov  : ဟက် Honey ရယ် နင်အရမ်းချစ်တဲ့သူက နင့်ဖုန်းကို contect ထဲတောင် ထည့်မထားဘူးပဲ
Eunji          : Honey  သူငယ်ချင်းပါ
Baekhyun : aww ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲ မသိဘူး
Eunji           : မိန်းကလေးတစ်ယောက်ကို သေသွားနိုင်လောက်တဲ့ ဒဏ်ရာတွေပေးပြီး ရှင်အေးဆေးနေနိုင်တယ်နော်
Baekhyun : ခင်ဗျာ! ဘာကို ပြောတာလဲ မသိဘူး
Eunji           : မနက်က Honey ကို ရှင်ပြောခဲ့တဲ့ စကားတွေကြောင့် အခု သူ့လက်သူ ဓားနဲ့လှီးလိုက်တယ် ရှင်သိရဲ့လား
Baekhyun : ခင်ဗျာ!!
                    ဟိုလူ တော်တော်တော့ လန့်သွားတဲ့ ပုံပဲ
Eunji           : ရှင် ယောက်ျားကောင်း ပီသတယ်ဆိုရင် Honey အိမ်ကို အခုလာခဲ့ပါ မဟုတ်ရင် ကျွန်မအဆိုးမဆိုနဲ့
                   လို့ ဆိုကာ ဖုန်းကို အမြန်ချလိုက်ပြီး Honey ရဲ့ ကိုယ်လေးကိုသာ တင်းကြပ်စွာ ပွေ့ဖက်ထားမိတော့တယ်
----------------------------------------------
                   သူပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ Honey သူငယ်ချင်းဆိုတဲ့ မိန်းကလေးရဲ့ စကားတွေကို ကြားပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ နေပါဦး သူ့ဘာသူ ဖြစ်တာ ငါနဲ့ ဘာဆိုင်လို့လဲ အဲ့လိုလဲ မဟုတ်သေးပါဘူး ငါပြောတာ လွန်သွားလို့လား မလွန်ပါဘူး သူ့ကို ငါဘာလို့ ကြောက်ရမှာလဲ ဟာ မသိတော့ဘူး သွားကြည့်တာ ကောင်းမယ်
                     Honey ရဲ့ အိမ်ရောက်တော့ Honey သူငယ်ချင်းဆိုတဲ့ မိန်းကလေးနဲ့အတူ Honey ကို ဆေးရုံအမြန်ပို့လိုက်ရလေသည် တော်သေးတယ် အဓိကအကြောကို မဖြတ်မိလို့ ကျွန်တော့်အပြစ်လဲ မကင်းတာမို့ ကျွန်တော်လဲ သူမကို ဆေးရုံစောင့်လုပ်ပေးနေရင်း သူမနိုးလာသောအခါ
Honey        : Oppa
Baekhyun : Honey နိုးပြီလား ခဏနော် အကို မင်းရဲ့ သူငယ်ချင်းကို သွားခေါ်ပေးမယ်
                     သူမက သူမနားက ရှောင်ထွက်ဖို့ လုပ်နေတဲ့ ကျွန်တော့်အင်္ကျီစကို လှမ်းဆွဲကာ
Honey        : Oppa မသွားပါနဲ့လား Honey နားမှာ နေပေးပါနော်
Baekhyun : Oppa မင်းရဲ့ သူငယ်ချင်းကို ခေါ်ခဲ့ပေးမယ် Oppa ကအိမ်ပြန်ရမယ် Kyung လေးက Oppa ကို စောင့်နေမှာ
Honey        : Oppa တော်ပါတော့ ဘာလို့ အမြဲ သူ့ကိုပဲ တနေရတာလဲ Honey မှာ သူ့ကို မယှဉ်နိုင်စရာ ဘာများရှိလို့လဲ သူက Honey ထက် ဘာတွေများ သာနေလို့လဲ ဘယ်လိုလုပ်မှ Oppa Honey ကို ပြန်ချစ်မှာလဲ သူသေသွားမှဆိုရင်လဲ Honey စောင့်နိုင်ပါတယ်
Baekhyun : မင်းပါးစပ်ကို ပိတ်ထား Honey!
                     ကျွန်တော် အော်လိုက်တော့ သူမက ချက်ချင်း မျက်ရည်တွေ ဝဲတက်လာလေသည်
Eunji           : Honey! Honey! ဘာဖြစ်လို့လဲ
                   အမောတကောပြေးဝင်လာသော သူမ သူငယ်ချင်းဆိုသူက သူမကို ပြေးဖက်ရာကနေ ကျွန်တော့်ဘက်ကို လှည့်လာပြီး
Eunji            : ရှင်က လူရော ဟုတ်ရဲ့လား ဟမ် မိန်းကလေးတစ်ယောက်ကို ကိုယ့်ကြောင့် သေလာက်အောင်အထိ လုပ်ထားတဲ့သူက ဘာတွေမှန်နေလို့ လာအော်ရတာလဲ ဟမ်
Honey           : JiJi! တော်တော့
                   လို့ သူမသူငယ်ချင်းကို လှည့်အော်လိုက်ပြီးမှ ကျွန်တော့်ကို ကြည့်ပြီး တချက်ပြုံးလိုက်ကာ စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းသီးလှီးထားတဲ့ ဓားကို သူမ လည်ပင်းပေါ် တေ့ထားလိုက်ပြီး
Honey           : Oppa Honey ကို ကျောခိုင်းပြီး ထွက်သွားတာနဲ့ ဒီဓားက Honey လည်ပင်းကို သွေးစို့အောင် လုပ်လိုက်မှာပဲ
                    ဒီမိန်းကလေး ဘာလို့ အဲ့လောက်တောင် သတ္တိရှိနေရတာလဲ နောက်ဆုံးတော့လဲ
Baekhyun : ဟူး ဒါဆို ငါ ဒီည ဒီမှာ စောင့်အိပ်ပေးမယ် ဒီတစ်ညပဲနော်
                      အဲ့လို ပြောလိုက်တော့မှ သူမလက်ထဲက ဓားကို ချလိုက်ကာ စောစောက အပြုံးနဲ့ မလိုက်ဖက်တော့တဲ့ နူးညံ့တဲ့ အပြုံးလေးကို ဖန်တီးကာ
Honey         : Nae Oppa
Baek'pov    : ဟူး ငါ့ဆီ ဘယ်လို မကောင်းတဲ့ ကံကြမ္မာတွေလဲကွာ
---------------------------------------------
               ဆေးရုံကုတင်ထက်မှာ လဲလျောင်းနေတဲ့ မိန်းကလေးကို ကြည့်ရင်း အခြားတစ်ဖက်က လူတစ်ယောက်ကို လွမ်းရင်း အိပ်မပျော်နိုင်သေးတဲ့ ကောင်လေးတစ်ယောက်လိုပဲ သူမမြင်နိုင်တဲ့ တခြားတစ်ဖက်မှာလဲ ပြန်မရောက်လာသေးတဲ့ ချစ်သူကောင်လေးကို စောင့်ရင်း နေ့ခင်းက ထိုကောင်လေး ချွတ်သွားခဲ့တဲ့ အင်္ကျီကော်လံပေါ်က နှုတ်ခမ်းနီရာနဲ့ ရေမွှေးနံ့တို့ကြောင့် ပူလောင်မှုအပြည့်နဲ့ အိပ်မပျော်နိုင်တဲ့ ကောင်လေးတစ်ယောက် ရှိနေပြန်လေသည်
------------------------------------------------

This is my penguin🐧🐧🐧Where stories live. Discover now