မနေ့ညက တစ်ညလုံးအချိန်ယူပြီး စဉ်းစားလိုက်လို့ အခု တိကျသေချာတဲ့ အဖြေတစ်ခုကို ရနေပါပြီ နှလုံးသားက ပြောတဲ့ အဲ့အဖြေက Yes တဲ့ Baekhyunee နဲ့ တူတူရှိနေရင် ပျော်တယ် သူ ဝမ်းနည်းမှာ မမြင်ချင်ဘူး စိတ်ညစ်မှာ မမြင်ချင်ဘူး ဒါကြောင့် ကိုယ်ရဲ့ ရောဂါအခြေအနေကိုတောင် သူ့ကို မပြောခဲ့ဘူး သူကလဲ ရိပ်မိတယ်ထင်ပါရဲ့ အခု ကျွန်တော်မှာ ရောဂါရှိနေတာ သူသိသွားပြီ ဒါပေမဲ့ ဘာလို့ မပြောတာလဲ ဘာညာမမေးဘူး နောက်ပြီး တခါတလေ သူစီနီယာနဲ့ ကျွန်တော့်ကို အဆင်ပြေအောင် ဇာတ်လမ်းထွင်ပေးတဲ့အခါ မပျော်ဘဲ သူ့ကို စိတ်ပျက်မိတယ် စီနီယာနဲ့ တွဲသွားတွဲလာ လုပ်တဲ့အခါလဲ သူ့ကို အားနာနေမိတယ် သူ မပါတော့လဲ မပျော်ဘူး စီနီယာကို တကယ်မချစ်ခဲ့ဘူးထင်ပါတယ် ဆယ်ကျော်သက်အရွယ် သူမတူအောင် ချောတဲ့ ကောင်လေးတစ်ယောက်မို့ စိတ်ဝင်စားမိရုံနေမှာပါ ငါ အခု သေချာသိပြီ ငါ Baekhyun ကို ချစ်တယ်
-------------------------------------------
Sehun : Hyung စောလှချည်လား
KyungSoo : omm ကျောင်းသွားဖို့လေ
Sehun : ကျောင်းသွားဖို့ ဟုတ်လား
အူကြောင်ကြောင်နဲ့ နံရံက နာရီကို မော့ကြည့်တော့ ခြောက်နာရီခွဲ
Sehun : Hyung ကျောင်းက ရှစ်နာရီမှလေ
KyungSoo လဲ အဲ့တော့မှ ရှက်ပြုံလေးနဲ့ ပြုံးပြပြီး
KyungSoo : Baekhyun က ကော်ဖီ တူတူသောက်ဖို့ ခေါ်ထားလို့
Sehun လဲ အခုမှ စိတ်အေးသွားသလို
Sehun : aww အဆင်ပြေနေပြီပေါ့
KyungSoo : ဟီး
သူလဲ အရှက်ပြေ သူ့လည်ဂုတ်ကိုသာ ပွတ်နေလိုက်တော့တယ်
KyungSoo : Hyung သွားပြီ Sehun ရေ
Sehun : Nae
Sehun ကို နှုတ်ဆက်ပြီး သူနဲ့ ချိန်းထားတဲ့ Universe ဆိုတဲ့ ဆိုင်လေးကို ထွက်ခဲ့တယ် ဆိုင်ရှေ့အရောက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မူးနောက်သွားလေသည်
KyungSoo : မင်း လုပ်ရက်လိုက်တာ Baekhyun ရာ မင်းကတော့ ငါ့ကို တကယ်ချစ်ပေးမယ်ထင်ခဲ့တာ
စူးအောင့်လာတဲ့ ရင်ဘတ်ကို ဖိကာ အားတင်းပြီး ထိုနေရာကနေ လှည့်ထွက်ခဲ့တော့သည်
------------------------------------------------
At Baekhyun's point of view,
Universe ဆိုတဲ့ ဆိုင်လေးမှာ မနက်စောစောတွေ့ပြီး မနက်စာ တူတူစားဖို့ ချိန်းထားတာ အချိန်တောင် ကျော်နေပြီ ခုထိ မလာသေးဘူး ဖုန်းဆက်ကြည့်ဦးမှ
Ti…Ti…Ti…Ti
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ…
Baekhyun : Kyung လေး ဘာလို့ ဖုန်းမကိုင်တာလဲကွာ
Ti…Ti…Ti…Ti
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ…
Baekhyun : Kyung လေးရာ ဘာဖြစ်နေတာလဲ arr ဟုတ်တယ် Sehun
Ti…Ti…Ti…Ti
Sehun : Baekhyun Hyung KyungSoo Hyung နဲ့ ဘာဖြစ်လာတာလဲ
Baekhyun : ဟမ် Kyung လေးက အခု အိမ်မှာလား
Sehun : အင်း Hyung နဲ့ တွေ့မယ်ဆိုပြီး ထွက်သွားတာ ပြီးတော့ ပြန်လာထဲက ဘာစကားမှမပြောဘဲ အခန်းထဲဝင်သွားတာ ငိုလဲငိုလာတယ်
Baekhyun : ငိုလာတယ် ဟုတ်လား?
Sehun : ဟုတ်တယ် Hyung
Baekhyun : Sehun အကို အခု အိမ်ကိုလာခဲ့မယ် နော်
Sehun : Nae
Sehun နဲ့ ဖုန်းပြောပြီးတော့ သူ့ရှေ့မှာ ရှိနေတဲ့ မိန်းကလေးဆီက စကားသံထွက်လာလေသည်
LuLu : ဘာတဲ့လဲ Baekhyun
Baekhyun : ငိုပြီး ပြန်လာတယ်တဲ့ ငါအခု သူ့ဆီ သွားမလို့
LuLu : aww a ဒါဆို ငါလဲ သွားတော့မယ်
Baekhyun : Noona နင့်ကိစ္စကို ငါနောက်မှ ကူညီပေးတော့မယ်နော်
LuLu : ရပါတယ်ဟာ နင့်ဟာလေးကိုသာ အရင် သွားချော့လိုက်
LuLu ကို နှုတ်ဆက်ပြီး ပင်ဂွင်းဆီသို့ အပြေးလာခဲ့ရပြနါသည်
--------------------------------------------------
Baekhyun : Sehun
Sehun : aww Hyung လာပြီလား
Baekhyun : omm Kyung လေးရော
Sehun : အပေါ်မှာ Hyung ဟို ကျွန်တော် အပြင်ခဏသွားချင်လို့ အိမ်မှာ omma လဲမရှိဘူး ဘူဆန်သွားလို့
Baekhyun : aww သွားလေ Hyung စောင့်နေပေးမယ်
Sehun : Gomawow Hyung
Baekhyun : ရပါတယ်
Sehun : ဒါဆို Hyung ကျွန်တော် သွားပြီ
Baekhyun : omm
Sehun ကို နှုတ်ဆက်ပြီး Kyung လေးရဲ့ အခန်းတံခါးကို သွားခေါက်လိုက်တယ်
Baekhyun : Kyung လေးရေ! Kyung လေး! ငါပါ Baekhyun
…………
Baekhyun : Kyung လေး ငါ့ကို စိတ်ဆိုးနေတာလား
…………
Baekhyun : Kyung လေး တံခါးဖွင့်ဦးလို့
…………
Baekhyun : Kyung လေး coffee shop ကိုလာခဲ့တယ်မလား ဘာလို့ ဝင်မလာတာလဲ
ဂျောက်~
သူ့ စကားသံအဆုံး အခန်းတံခါး ပွင့်လာပြီး
KyungSoo : coffee ဆိုင်ကို ငါက ဘာလာလုပ်ရမှာလဲ Baekhyun ငါ့ကို ဘာလုပ်ဖို့ အဲ့ဆိုင်ကို ခေါ်တာလဲ ဘာလဲ မင်းတို့ မိုးမမြင်လေမမြင် ဖြစ်နေတာကို ရုပ်ရှင်ကြည့်သလို ထိုင်ကြည့်ပေးဖို့လား
သူ အခု ဘာတွေ ပြောနေတာလဲ
Baekhyun : Kyung လေး ဘာတွေ ပြောနေတာလဲ ငါနားမလည်
KyungSoo : Baekhyun မင်းလဲ စီနီယာနဲ့ တူတူပဲ ငါက မင်းကတော့ ငါ့ကို တကယ်ချစ်ပေးမှာလို့ ထင်ခဲ့နာ
Kyung … Kyung လေးက ကျွန်တော် သူ့ကို ချစ်နေတယ်ဆိုတာ သိနေတာလား
Baekhyun : Kyung လေး
KyungSoo : Baekhyun မင်းနဲ့ဆို ငါ့ကို စိတ်ချတယ်လို့ Sehun က ငါ့ကို ပြောခဲ့တယ် ဒါပေမဲ့ မင်းလဲ ငါ့ကို တကယ်ချစ်တာမှ မဟုတ်ဘဲ ကစားချင်ခဲ့တာ ဟုတ်တယ်မလား
Baekhyun : Kyung လေး ငါ…ငါ ဘာမှ နားမလည်ဘူး ဒါပေမဲ့ ငါမင်းကို တကယ်ချစ်တာပါ
KyungSoo : coffee ဆိုင်ထဲမှာ မင်းနဲ့ ဟိုမိန်းမ မိုးမမြင်လေမမြင်ဖြစ်နေတာ ငါ့ကို တကယ်ချစ်တာလား
ဟာ သိပြီ
Baekhyun : Kyung လေး အဲ့…အဲ့တာ မင်းအထင်လွဲနေတာပါ ငါရှင်းပြပါ့မယ်
KyungSoo : ငါ့ကို ထပ်လိမ်ဦးမှာပေါ့
Baekhyun : မဟုတ်ပါဘူး Kyung လေးရာ
KyungSoo : မင်းသွားတော့ မဟုတ်ရင် ငါ့ကိုယ်ငါ တစ်ခုခု လုပ်မိလိမ့်မယ်
ပြောရက်လိုက်တာ ပင်ဂွင်းရာ ငါရူးတော့မှာပဲ
Kyungsoo : မင်းမသွားဘူးလား ဒါဆို
ဆိုပြီး သူ့အခန်းစားပွဲပေါ်က ပန်းအိုးကို လှမ်းယူလိုက်သောကြောင့်
Baekhyun : Ok Ok Kyung လေး စိတ်လျှော့ ငါသွားပါ့မယ်
ဒိန်း~
အခန်းတံခါးကို ဆောင့်ပိတ်သွားသောကြောင့် ကျွန်တော်လဲ အောက်ထပ်ကိုသာ ပြန်ဆင်းခဲ့ရတော့တယ်
Kyung လေး တကယ့်ကို အထင်လွဲသွားခဲ့ပြီကိုး
*ငါ့ကို ရှင်းပြခွင့်တောင်
မပေးတော့ဘူးလား Kyung လေးရာ*
------------------------------------------------
Sehun ပြန်လာတော့ ဧည့်ခန်းထဲမှာ ခေါင်းငိုက်စိုက်ချပြီး ထိုင်နေတဲ့ Baekhyun ကြောင့်
Sehun : Baekhyunee Hyung
Baekhyun : aww Hun ပြန်လာပြီလား
Sehun : Hyung တို့ တစ်ခုခု ဖြစ်ထားကြတာလား
Baekhyun : omm
Sehun : ဘာတွေဖြစ်တာလဲ Hyung ရယ်
Baekhyun လဲ Sehun ကို Coffee မှာ သူတို့ ဖြစ်ပျက်သမျှ အကြောင်းတွေနဲ့ KyungSoo သူ့ကို အထင်လွဲသွားပုံတွေကို အစအဆုံး ပြောပြလိုက်လေသည်
Sehun : aww ဒါဆို Hyung နဲ့ အဲ့ Noona က ရည်းစားတွေ မဟုတ်ဖူးပေါ့
Baekhyun : မဟုတ်ပါဘူးကွာ
Sehun : ဒါဆို အဲ့ Noona ကို ခေါ်လာခဲ့ပါလား
Baekhyun : ဟမ်! ဘယ်လို?
Sehun : Hyung နဲ့ အဲ့ Noona နှစ်ယောက်လုံး တူတူရှင်းပြလိုက်ရင် နားလည်သွားမှာပါ ကျွန်တော့် Hyung က အဲ့လောက် နားလည်ရခက်တဲ့သူမဟုတ်ပါဘူး
Baekhyun : Hyung ဒါဆို သူ့ကို ခေါ်ခဲ့လိုက်မယ်
Sehun : Nae Hyung
Baekhyun ပြန်သွားတော့ Sehun လဲ အိမ်တံခါးတွေ ပိတ်ပြီး သူ့ Hyung အခန်းကို ဝင်ကြည့်တော့ Hyung က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောကြောင့် တံခါးကို အသာလေး ပြန်ပိတ်ကာ သူ့အခန်းဘက် ကူးလာပြီး အိပ်ရာပေါ် ပစ်လှဲလိုင်သော်လဲ အိပ်မပျော်ဘဲ Baekhyun ပြောသွားတဲ့ စကားတို့ကို ပြန်ကြားယောင်ကာ အပျော်ကြီး ပျော်နေတော့သည်
--------------------------------------------
Sehun : Hyung ရောက်ပြီလား aww LuLu Noona Anyeon
LuLu : Anyeon Sehun shi
Baekhyun : Kyung လေးရော?
Sehun : အပေါ်ထပ်မှာ ရှိတယ် လာလေ
သူတို့ သုံးယောက် အပေါ်ထပ်ကို တက်လာခဲ့တယ်
Sehun : Hyung ကျွန်တော်တို့ ဝင်ခဲ့မယ် နော်
Kyung လေးအခန်းထဲကို အသံလှမ်းပေးလိုက်ပြီး ဝင်သွားသောအခါ ကျွန်တော့ Kyung လေးက စာဖတ်နေလေသည် ကျွန်တော်ကို မြင်တော့ ချက်ချင်း မျက်နှာတည်သွားကာ
KyungSoo : ဘာလာလုပ်ကြတာလဲ
Sehun : Hyung ဒီ Noona ကို သိတယ်မလား
Kyung လေးက တချက်ကြည့်လိုက်ပြီး အသိအမှတ်ပြုသလို ခေါင်းငြိမ့်ပြကာ
KyungSoo : omm Luhan shi မလား
LuLu : Anyeon KyungSoo shi
KyungSoo : Nae Anyeon
Sehun : coffee ဆိုင်မှာ Baekhyun Hyung နဲ့ တွေ့ခဲ့တာ အဲ့ Noona လေ
ဆိုတော့ ပင်ဂွင်းလေးက ကျွန်တော်တို့ကို မျက်နှာလွှဲသွားကာ
KyungSoo : အဲ့တာ ငါက ဘာလုပ်ရမှာလဲ
Sehun : တကယ်တော့ Hyung အထင်လွဲနေတာပါ
KyungSoo ဘာမှ ပြန်မပြော
Sehun : သူတို့ ရှင်းပြတာလေးကို နားထောင်ပေးလိုက်ပါလား Hyung ရယ်
Sehun စကားကြောင့် သူ ကျွန်တော်တို့ကို တချက်လှည့်ကာ ခေါင်းငြိမ့်ပြလေသည်
Sehun : ဒါဆို ကျွန်တော် အပြင်က စောင့်နေမယ်နော်
ပြောပြီး Sehun က အပြင်ထွက်သွားသောကြောင့် အခန်းထဲမှာ ကျွန်တော်တို့ သုံးယောက်ပဲ ကျန်ခဲ့တော့သည်
LuLu : KyungSoo အဲ့နေ့က ကိစ္စက KyungSoo အထင်လွဲနေတာပါ ကျွန်မ ရှင်းပြပါ့မယ် တကယ်တော့………
![](https://img.wattpad.com/cover/239205878-288-k756251.jpg)
YOU ARE READING
This is my penguin🐧🐧🐧
Fanfictionအထက်တန်းကျောင်းသားဘဝထဲက ကြိတ်ကြွေနေခဲ့ရတဲ့ စီနီယာကိုကြီးကို ပြန်တွေ့တဲ့အခါ အရူးအမူးစွဲလမ်းနေတဲ့ Do KyungSoo ဆိုတဲ့ ကောင်လေးရယ် ကိုယ့်ခံစားချက်အစစ်အမှန်ကိုယ် မသိဘဲ သူငယ်ချင်းစိတ်ချမ်းသာရင် ပြီးရောဆိုပြီး သူ့ Crush နဲ့ အဆင်ပြေဖို့ လိုက်ကူညီပေးနေတဲ့ By...