(5) 🐶🐧🐶 (5)

115 8 6
                                    

Sehun        : Hyung အေးဆေး ထမင်းစားစမ်းပါ ဘာဖြစ်နေတာလဲ
KyungSoo : ကိုကို့ကို မနေ့ထဲက ဖုန်းခေါ်လို့ မရဘူး
Sehun        : သူမအားလို့ နေမှာပေါ့ Hyung ရဲ့
KyungSoo : ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ ကိုကို ငါ့ကို စိတ်ပျက်သွားပြီလားမသိဘူး
               ပြောရင်းဆိုရင်း မျက်ရည်တွေ ဘူးသီးလုံးလောက် ကျလာတဲ့ ပင်ဂွင်းကြောင့် ကျွန်တော့်မှာ ပြာယာတွေခတ်ပြီး
Sehun        : Hyung Hyung မငိုပါနဲ့နော် Hyung မငိုပါနဲ့ အရမ်းမောနေလိမ့်မယ် ကျွန်တော် စီနီယာကို သွားရှာပေးမယ်
                 သူတို့နှစ်ယောက်စကားပြောနေတုန်း
Baekhyun ရောက်လာပြီး
Baekhyun : ဟင် Kyung လေး ဘာလို့လဲဟင် ဘာလို့ ငိုနေတာလဲ
Sehun         : စီနီယာက သူ့ဖုန်းကို မကိုင်တော့လို့ သူ့ကို စိတ်ပျက်သွားပြီဆိုပြီး ငိုနေတာ
                   Sehun ရဲ့ အပြောကြောင့် မနေ့က ဆရာတွေ ရုံးခန်းဘက် Assignment ကိစ္စနဲ့ သွားရင်း မထင်မှတ်ပဲ ကြားခဲ့ရတဲ့ စကားသံတို့က နားထဲ အစီအရီ *လွန်ခဲ့တဲ့ တစ်ပတ်ကမှ ချစ်သူဖြစ်တယ် အခု တန်းဖြတ်ရင် သူခံစားသွားရမှာပေါ့ တစ်လလောက်တော့ တွဲပေးလိုက်ဦးမယ် သူ့အတွက်ပါ* *Ok တစ်ပတ်အတွင်း သူ့ကို ဖြတ်ပေးမယ် Hyung ကတိမမေ့နဲ့*
                  တောက်ခ် Park Chanyeol မင်း ငါ့သူငယ်ချင်းကို ကစားရဲတယ်ပေါ့
Baekhyun : Hunnie မင်း သူနဲ့ ခဏနေပေးလိုက်နော် Hyung စီနီယာကို သွားရှာလိုက်ဦးမယ်
Sehun        : Nae Hyung
Baekhyun : Kyung လေး မငိုပါနဲ့နော် ငါ စီနီယာကို သွားရှာပေးပါ့မယ်
KyungSoo : omm
--------------------------------------------
Baekhyun : တောက်ခ် Park Chanyeol ခင်ဗျား ကျွန်တော့်ဖုန်းကိုတောင် မကိုင်တော့ဘူးပေါ့ ခင်ဗျား မကိုင်မချင်း ကျွန်တော် ခေါ်နေမှာ ဟော ဖုန်းဝင်သွားပြီ
Chanyeol  : Xello Baekhyun
Baekhyun : Park Chanyeol ခင်ဗျား အခု ဘယ်မှာလဲ
Chanyeol  : ဟမ် ကိုယ် ကျောင်းမှာလေ
Baekhyun : ဒါဆို ကျောင်းရှေ့နားက Growl ဆိုတဲ့ ဆိုင်လေးကို လာခဲ့ပါ ကျွန်တော် စကားနဲနဲ ပြောချင်လို့
Chanyeol  : arr ဟုတ်ဟုတ်ပါပြီ ကိုယ် 10 min အတွင်း အရောက်လာခဲ့မယ် နော်
Baekhyun : omm
--------------------------------------------
Chanyeol  : Baekhyun ကိုယ်ရောက်ပြီ ဘာပြောစရာရှိလို့လဲ
                   မေးလဲမေး ကျွန်တော့်ရှေ့က ခုံမှာ ဝင်ထိုင်လိုက်သော သူ့ရဲ့ မျက်နှာကို စေ့စေ့ကြည့်ကာ
Baekhyun : KyungSoo ကို ဘာလုပ်မှာလဲ
                 ရုတ်တရက် မေးလိုက်တဲ့ ကျွန်တော့်ကြောင့် သူ ရုတ်တရက် ကြောင်သွားပြီး
Chanyeol  : Baekhyun ဘာကို ပြောတာလဲ ကိုယ်သိပ်နားမလည်ဘူး
Baekhyun : ဟက် ဟန်ဆောင်မနေပါနဲ့ ခင်ဗျား KyungSoo ကို ကစားနေတာ ကျွန်တော် သိနေပြီဆိုရင် ခင်ဗျား အံသြမလား
Chanyeol  : ဟင်!!
Baekhyun : ခင်ဗျား သူ့ကို ဘာလို့ ကစားရတာလဲ ဘာအပြစ်မှ မရှိတဲ့ သူ့ကိုလေ
                 သူ့မျက်နှာ ချက်ချင်းပျက်သွားကာ
Chanyeol  : ကိုယ်ကိုယ် မရည်ရွယ်ပါဘူး
Baekhyun : Borr!! မရည်……မရည်ရွယ်ဘူး ဟုတ်လား ဒါဆို ခင်ဗျား သူ့ကို ဘာလို့ ကစားခဲ့တာလဲ ပြောလေ!
Chanyeol  : တကယ်တော့ ကိုယ်က မင်းတို့ အတန်းပိုင် Wu Kris ကို ချစ်နေတာပါ
Baekhyun : ခင်ဗျားဗျာ
Chanyeol  : Wu Kris ကို အရွဲ့တိုက်ချင်တဲ့ စိတ်နဲ့ ကိုယ်အဲ့လို လုပ်မိသွားတာ
Baekhyun : ဘာပဲဖြစ်ဖြစ် Kyung လေး ခင်ဗျားကြောင့် မငိုရပါစေနဲ့
Chanyeol  : ကိုယ် သူ့ကို ဖြတ်မှ ရတော့မယ် Baekhyun
Baekhyun : Borr !! ခင်ဗျား!
          ခွပ် ခွပ်
Chanyeol  : ထိုးပါ Baekhyun ဖြူစင်တဲ့  KyungSoo လေးရဲ့ အချစ်တွေကို အသုံးချမိတဲ့ ကိုယ်က မင်းထိုးတာကို ဒီထက်ပိုခံသင့်ပါတယ် အမှန်ဆို ကိုယ်လဲ သူ့ကို အမြဲ အားနာနေခဲ့ရတာပါ
Baekhyun : မပြောနဲ့ ခင်ဗျား ပါးစပ်က Kyung လေးကို အားနာပိုင်ခွင့်တောင်မရှိဘူး Kyung လေးရဲ့ အချစ်တွေနဲ့ ခင်ဗျားက မတန်ဘူး
                  ထိုစဉ် ဝုန်းဆိုတဲ့ အသံနဲ့ Sehun ရဲ့ Hyung ဆိုတဲ့ စိုးရိမ်တကြီးခေါ်သံကြောင့် လှည့်ကြည့်မိတော့ သူတို့ရဲ့ နောက်မှာ လဲကျနေတဲ့ KyungSoo ရယ် သူ့ဆီကို ပြေးလာနေတဲ့ Sehun ရယ် ကျွန်တော်လဲ ပင်ဂွင်းဆီ ပြေးသွားကာ သူရဲ့ ကိုယ်လုံးလေးကို ဆွဲမလိုက်ပြီး
Baekhyun : Kyung လေး!! Kyung လေး!! ထပါဦး Kyung လေးရဲ့ Kyung လေး ငါ့ကို မစနဲ့ဟာ ငါ…ငါကြောက်တယ် Kyung လေးရာ ငါ့ကို မစနဲ့ဟာ ထပါဆို KyungSoo!!
                    ရုတ်တရက် ထိုနေရာမှ ခြေတစ်လှမ်းမရွေ့ဘဲ အကြောင်သား ကြည့်နေသော Chanyeol ရဲ့ အင်္ကျီလည်ပင်းစကို ဆွဲပြီး ငိုပြောနေတဲ့ Sehun ရဲ့ စကားကြောင့် ကျွန်တော့်မှာ ကမ္ဘာပျက်ရပြန်သည်
Sehun        : ပျော်လား ဟမ် ခင်ဗျား ပျော်လား ငယ်ငယ်ထဲက ကျွန်တော့်အကိုက ခင်ဗျားကို ဘယ်လောက် ချစ်ခဲ့ရလဲ အမြဲတမ်း ခင်ဗျားကို ပေးဆပ်ပြီး ချစ်ခဲ့တာ Play Boy တစ်ယာက်ဖြစ်တဲ့ ခင်ဗျားကို ချစ်ရတာ သူအဆင်ပြေတယ်လို့ ထင်ခဲ့တာလား သူရှေ့မှာ ခင်ဗျား တခြားသူတွေနဲ့ တူတူရှိနေချိန်ဆို တစ်ယောက်ထဲ ကြိတ်ငိုနေရင်း ရောဂါတက်လာတာတောင် အိမ်ကလူတွေ စိတ်ပူမှာစိုးလို့ လူကြီးတွေ သိရင် ခင်ဗျား အပြစ်ဖြစ်မှာ စိုးလို့ သူတစ်ယောက်ထဲ ကြိတ်ခံစားနေခဲ့ရတာ သူ့ဘဝထဲ အခုမှ ဘာလို့ ပြန်ဝင်လာရတာလဲ ပြန်ဝင်လာပြီး သူ့ဘဝကို ဘာလို့ ထပ်ပြီး ဖျက်စီးရတာလဲ နှလုံးရောဂါသည် ကျွန်တော့်အကိုက ခင်ဗျားအပေါ် ဘာတွေများ လုပ်ခဲ့လို့ ခင်ဗျား သူ့အပေါ် အဲ့လို လုပ်ရက်တာလဲ ရောဂါသည် တစ်ယောက်ကို ကစားရတာ အဲ့လောက် ပျော်ဖို့ ကောင်းနေလား ဟမ် ခင်ဗျား ပြောလေ
                ဟင် အဲ့တာ ဘာစကားလဲ ပင်…ပင်ဂွင်းမှာ ရောဂါရှိတယ် ဟုတ်လား ပင်ဂွင်းက အမြဲတမ်း ပျော်နေတတ်တဲ့ ပင်ဂွင်းလေးက နှ…နှလုံးရောဂါသည်လေးလား
Baekhyun : Se…Sehun
                  ကျွန်တော်ခေါ်လိုက်တော့မှ ကျွန်တော့်ကို လှည့်ကြည့်လာပြီး
Sehun        : Baekhyun Hyung Hyung ကို ဆေးရုံပို့ရအောင်
Chanyeol  : ကိုယ့်…ကိုယ့်မှာ ကားပါလာတယ် ကိုယ် လိုက်ပို့ပေးပါရစေ
                    တချိန်လုံး ငြိမ်နေခဲ့တဲ့ သူ့ဆီက စကားသံ ထွက်လာခဲ့တယ်
Sehun         : ဟက် ဘာလဲ ဒဏ်ရာပေးပြီး ဆေးပြန်ကုပေးမို့လား မလိုပါဘူး လိုက်ပို့ပေးဖို တွေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ
               အခုချိန် Hun လေးက သူ့အကိုအတွက် အရမ်းစိတ်ပူနေပြီး စီနီယာကို သတ်ပင်ချင်လောက်အောင် မုန်းနေတာ ကျွန်တော် သိပါတယ် ကျွန်တ်ာလဲ သူ့ကို မုန်းတာပဲ
Baekhyun : Sehun မင်း သူ့ကို မကျေနပ်ဘူးဆိုတာ အကို သိပါတယ် အကိုလဲ မကျေနပ်ဘူး ဒါပေမဲ့ အခုချိန်မှာ Kyung လေးကို ဆေးရုံအချိန်မှီပို့နိုင်ဖို့ အရေးကြီးတယ်လေ နော်
                   Sehun က ကျွန်တော့်ကို လှည့်ကြည့်ပြီး သက်ပြင်းတစ်ချက်ချက ခေါင်းငြိမ့်ပြလေသည် ထိုအခါမှ စီနီယာက ပင်ဂွင်းကို ပွေ့ကာ ကားနောက်ခန်းထဲ ထည့်လိုက်သည် ကျွန်တော်လဲ ပင်ဂွင်းရဲ့ ကိုယ်လုံးလေးကို ထိန်းရင်း နောက်ခန်းမှာသာ ဝင်ထိုင်လိုက်သည် Sehun ကတော့ ရှေ့ခန်းမှာ ဝင်ထိုင်လိုက်သည်
          *မင်း ဘာမှ မဖြစ်ပါနဲ့ Kyung လေးရာ နော် မဟုတ်ရင် မင်းကို စီနီယာလက်ထဲ ထည့်ပေးခဲ့တဲ့ ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဖူး*
--------------------------------------------
Doctor        : လူနာကို စိတ်မဆင်းရဲပါစေနဲ့ အတတ်နိုင်ဆုံး သူ့ကို စိတ်ချမ်းသာအောင်ထားပေးပါ သူစိတ်ညစ်စေမဲ့ အကြောင်းတွေ မပြောတာတော့ အကောင်းဆုံးပဲ
Baekhyun : Nae Dr. ကျေးဇူးတင်ပါတယ်
                   Dr. ထွက်သွားပြီး သိပ်မကြာခင် Kyung လေး သတိရလာတယ်
Baekhyun : Kyung လေး မင်းသတိရပြီလား တော်သေးတာပေါ့ ငါဘယ်လောက် စိတ်ပူသွားလဲ သိရဲ့လား
KyungSoo : Baekhyun ကလဲ ငါဘာမှ မဖြစ်ပါဘူး
Sehun         : Hyung Miyannae
Hyung ကျွန်တော် မကောင်းတာ ဟင့် Hyung ကို မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး
KyungSoo : Hunnie ကလဲကွာ အဲ့လို မတွေးပါနဲ့ မငိုနဲ့တော့နော်
Chanyeol  : ဟင် ပင်ဂွင်း နိုးနေပြီလား
                 အခန်းထဲကို ဝင်လာတဲ့ စီနီယာကို တွေ့တော့ ပင်ဂွင်း မျက်နှာလေးက ချက်ချင်း ခက်ထန်သွားပြီး
KyungSoo : ခင်ဗျား ဘာလာလုပ်တာလဲ
Chanyeol  : ဟို မင်း…မင်းတို့ လွယ်အိတ်တွေ ကျန်ခဲ့လို့ လာပေးတာပါ
Baekhyun : ပြီးရင် သွားတော့
                  ကျွန်တော်မောင်းထုတ်ပေမဲ့ သူက ထွက်မသွားဘဲ ချက်ချင်း ဒူးထောက်ချလိုက်ကာ
Chanyeol  : ကိုယ်ကိုယ် တောင်းပန်ပါတယ် ပင်ဂွင်း
KyungSoo : မလိုပါဘူး
Chanyeol  : ကိုယ်တကယ့်ကို မှားသွားပါတယ်ကွာ
KyungSoo : ခင်ဗျားမမှားပါဘူး ကျွန်တော်မှားတာ ခင်ဗျားလို လူမျိုးကိုမှ ချစ်မိတဲ့ ကျွန်တော်မှားတာပါ
Chanyeol  : ပင်ဂွင်းရယ်
KyungSoo : ပြန်ပါတော့
Chanyeol  : ကိုယ်……ကိုယ် တကယ် မရည်ရွယ်ခဲ့ပါဘူး
KyungSoo : ပြန်တော့လို့ ပြောနေတယ်နော်
Chanyeol  : ကိုယ်ကိုယ်
KyungSoo : Park Chanyeol!! ခင်ဗျားကို ပြန်တော့လို့ ပြောနေတယ်လေ ဘာလဲ ကျွန်တော့်ကို ဘယ်လောက်တောင် ထပ်ပြီး ဒုက္ခထပ်ရောက်စေချင်တာလဲ ဘာလဲ သေသွားစေချင်တာလား
Baekhyun : KyungSoo!!
                   ကျွန်တော်အော်လိုက်တော့ မျက်ရည်အဝိုင်းသားနဲ့ လှည့်ကြည့်လာပြီး
KyungSoo : သူ့ကို ပြန်ခိုင်းပေးပါ Baekhyun
                     ဆိုပြီး ဟိုဘက် လှည့်သွားသောကြောင့်
Baekhyun : စီနီယာ ပြန်လိုက်ပါတော့ သူ့အခြေအနေကို စီနီယာလဲ သိနေတာပဲ သူ့ကို ထပ်ပြီး စိတ်ဒဏ်ရာတွေ မပေးပါနဲ့တော့ နောက်ပြီး ငယ်လေးက သူ့အကို့ကို ကစားခဲ့တာနဲ့တင် ခင်ဗျားကို သတ်ပစ်ချင်နေတာ သူပြန်လာရင် ခင်ဗျား မလွယ်ဘူး ခုတော့ ပြန်လိုက်ပါတော့
                   သူ သက်ပြင်း ခပ်သဲ့သဲ့ချပြီး
Chanyeol  : ဒါဆို ကိုယ်ပြန်တော့မယ် Baekhyun ကိုယ် တကယ် တောင်းပန်ပါတယ်
--------------------------------------------
                   ပင်ဂွင်းလဲ ခု တော်တော်လေး နေပြန်ကောင်းလာပြီ ဒီနေ့ ပင်ဂွင်းက ပျင်းတယ်ဆိုလို့ ပင်ဂွင်းကို ဂိမ်းဆော့နည်း သင်ပေးလိုက်တာ ငါးပါးမှောက်ရော ဘေးကနေ ကျွန်တော်ဘာပြောပြော နားထဲ မဝင်တော့ အဲ့ဂိမ်းကိုပဲ သဲကြီးမဲကြီး ဆော့နေတော့တာ ထိုအချိန် အခန်းအပေါက်ဝကနေ ကျွန်တော့်ကို လေသံလေးနဲ့ လှမ်းခေါ်နေတဲ့ Sehun
Sehun        : Baekhyun Hyung
                  ဒါနဲ့ ကျွန်တော်လဲ
Baekhyun : ဘာလဲ
                   လို့ မေးဆတ်ပြလိုက်တော့ ကျွန်တော့်ကို လာဖို့ လှမ်းခေါ်နေတာကြောင့်
ပင်ဂွင်းကို လှည့်ကြည့်လိုက်တော့ ပင်ဂွင်းရဲ့ အာရုံက ခုထိ ဂိမ်းဆီမှ မခွာသေး ဒါလဲ ကောင်းပါတယ် မကောင်းတာတွေ မတွေးမိတော့ဘူးပေါ့
Baekhyun : arr KyungSoo ငါ အပြင်ခဏ သွားလိုက်ဦးမယ်
KyungSoo : omm မြန်မြန်ပြန်လာခဲ့
                  ကျွန်တော်လဲ တံခါးကို အသာလေးစေ့ပေးခဲ့ပြီး Sehun နောက်ကို လိုက်လာခဲ့တယ် ဆေးရုံပန်းခြံထဲ ရောက်တော့
Sehun         : Hyung တို့ အတန်းပိုင်နဲ့ ဟို စီနီယာဆိုတဲ့ လူ ဒီနေ့ မနက်ကပဲ လက်ထပ်ပြီး Canada ကို ထွက်သွားကြတယ် အစထဲက သူတို့နှစ်ယောက်က မိဘတွေ သဘောတူထားတာတဲ့
Baekhyun : ကောင်းပါတယ် ငါတို့ KyungSoo လေး မမြင်နိုင်တော့တဲ့ အဝေးကြီးထိ ထွက်သွားပေးတာကိုပဲ ကျေးဇူးတင်ရမယ် ဒါနဲ့ Kyung လေးကိုတော့ မပြောနဲ့နော်
KyungSoo : သုံးယောက်ရှိတာကို ငါ့တစ်ယောက်ထဲ ဖယ်ထားခဲ့တာတော့ မကောင်းဘူးလေ
                ဆိုတဲ့ အသံလေးကြောင့် နှစ်ယောက်သား သူခိုး လူမိသွားသလို ပြာပြာယာယာနဲ့ နောက်လှည့်ကြည့်မိတော့ ကျွန်တော်တို့ကို ပြုံးပြီးကြည့်နေတဲ့ ပင်ဂွင်း မင်းအပြုံးတွေ အရင်ကလို လှမနေဘူး ပင်ဂွင်းရယ်
Baekhyun : KyungSoo
KyungSoo : ငါအဆင်ပြေတယ် သူ့လိုလူတစ်ယောက်အတွက် နာကျင်နေရအောင် ငါက အရူးမှ မဟုတ်တာ
Baekhyun : တော်တယ် Kyung လေး
KyungSoo : ငါက မင်းကို စဖို့ နောက်ကလိုက်လာတာ ငါသွားအိပ်တော့မယ်
Baekhyun : aww omm ကောင်းကောင်းသွားနော် ငါ Sehun နဲ့ စကား ခဏ ပြောလိုက်ဦးမယ်
KyungSoo : omm
                  KyungSoo ထွက်သွားတော့မှ Sehun က
Sehun         : Baekhyun Hyung
Baekhyun : omm Hunnie
Sehun         : Hyung KyungSoo Hyung အပေါ် ဘာလို့ အဲ့လောက် ဂရုစိုက်ရတာလဲ
Baekhyun : KyungSoo ကို ချစ်လို့ပေါ့
Sehun         : တကယ်
Baekhyun : အင်းလေ KyungSoo က ငါရဲ့……
                  ကျွန်တော် ဆက်ပြောလာမဲ့ စကားကို မျှော်လင့်တကြီး စောင့်စားနေသော ကောင်လေးကို တစ်ချက်ကြည့်လိုက်ကာ
Sehun         : သူက Hyung ရဲ့ ဘာလဲ
Baekhyun : သူက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေး Sehun ရဲ့
Sehun         : သူငယ်ချင်းတစ်ယောက်လို ချစ်တာလား
Baekhyun : ဒါပေါ့ 
                  တကယ်တော့ ငါ့ကိုငါလဲ ဝေခွဲမရသေးဘူး ပင်ဂွင်း တကယ်ပဲ ငါမင်းအပေါ် သူငယ်ချင်း တစ်ယောက်လို ချစ်တာလား အဲ့ထက် ပိုနေလားဆိုလား ငါ့ကိုယ်ငါလဲ မသိဘူး ငါ မှန်ကန်တဲ့ အဖြေတစ်ခု လိုအပ်နေပြီ အဲ့အဖြေက သေချာတယ် Kyung လေး မင်းဆီမှာ ရှိနေတယ်
-------------------------------------------
Sehun           : Baekhyun Hyung ဘာတွေ လုပ်နေတာလဲ
Baekhyun : Kyung လေးအတွက် ဆန်ပြုတ်လုပ်နေတာ
Sehun         : aww
Baekhyun : ဒါနဲ့လေ
Sehun         : ………
Baekhyun : မနေ့က အကို့ကို Hunnie မေးတဲ့ အကြောင်းလေ
Sehun         : omm
Baekhyun : အဲ့တာ မနေ့က ငါသေချာစဉ်းစားကြည့်တယ် ဒါပေမဲ့ အခုထိ ကိုယ့်ကိုကိုယ် ဝေခွဲမရဘူး ဖြစ်နေတယ် မင်းက နဲနဲ စဉ်းစားပေးပါလား
Sehun         : ပြောကြည့်လေ
Baekhyun : အရင်က သူ့ကို စတွေ့ကာစက ငါပင်ဂွင်းလေးလို့ ခေါ်ချင်ခဲ့တာ ဒါမဲ့ သူစိတ်ဆိုးသွားမှာစိုးလို့ စိတ်ထဲကနေပဲ ခေါ်ခဲ့ရတယ် စီနီယာက သူ့ကို ပင်ဂွင်းလို့ ခေါ်လိုက်တိုင်း ငါ့စိတ်ထဲ စီနီယာကို ပြေးထိုးချင်စိတ်တွေ ပေါ်လာတယ် နောက်ပြီး အမြဲတမ်း သူပြုံးနေတာကို ငါမြင်ချင်တယ် သူပြုံးဖို့ အတွက် ငါဘာမဆို လုပ်ရဲတယ် သူ့အပြုံးတွေကို ချစ်တယ် စီနီယာနဲ့ဆို သူပျော်နေရမယ်ဆိုလို့ ငါစီနီယာနဲ့ သူ့ကို အောင်သွယ်ပေးခဲ့တယ် တကယ်တမ်း သူတို့ ချစ်သူဖြစ်သွားတော့ ငါ့စိတ်ထဲမှာ ဟာတာတာနဲ့ ဒါပေမဲ့ ငါထင်ခဲ့တာ သူက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းမို့ ရည်းစားရသွားရင် ငါ့ကို အချိန်မပေးနိုင်တော့မှာစိုးလို့ အဲ့လို ထင်ခဲ့တာ ဒါပေမဲ့ အဲ့ထက်ပိုနေသလိုပဲ
Sehun         : သေချာတာပေါ့
                  Sehun ကို ကြည့်လိုက်တော့ ကျွန်တော်သိနေသားပဲဆိုတဲ့ အကြည့်နဲ့ ကြည့်နေကာ
Baekhyun : ဘာသေချာတာလဲ Sehun
Sehun         : Hyung KyungSoo Hyung ကို ချစ်နေတာ
                   သူ့စကားကြောင့် ကျွန်တော့်ကိုယ့်နားကိုယ်တောင် မယုံချင်
Baekhyun : မဖြစ်နိုင်တာ Hunnie ကလဲ
Sehun        : ဘာလို့ မဖြစ်နိုင်ရမှာလဲ Hyung ဖြစ်နေတဲ့ ခံစားချက်က သူ့ကို ဆုံးရှုံးရမှာ ကြောက်နေတာ သူနဲ့ စီနီယာကို သဝန်တွေတိုနေတာဗျ
                   ဖြစ်နိုင်တယ် ငါ သူနဲ့ ဟုတ်တယ် ငါ ပင်ဂွင်းကို ချစ်တယ်
Baekhyun : Sehun ဟုတ်တယ် ငါ သူ့ကို ချစ်တယ်
Sehun         : Hwaiting Hyung ဖွင့်ပြောဖို့ အားမွေးထားပါ
Baekhyun : Hwaiting Hunnie
                    သူတို့နှစ်ယောက် ပြောနေတဲ့ စကားတွေကို ကြားကာ အသဲအသန်တွေ ခုန်နေတဲ့ နှလုံးသားလေးကိုဖိပြီး ပြုံးနေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိနေလေသည်
-------------------------------------------
                  သူ Sehun နဲ့ သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိချင်နေတဲ့ အဖြေကို သိလိုက်ရပြီမို့ သွက်လက်စွာ အခန်းထဲ ဝင်လာတော့ ကျွန်တော့် ပင်ဂွင်းလေးက စာအုပ်ဖတ်နေလေသည် အရင်ကတော့ အချစ်ဆုံး သူငယ်ချင်းလေး အခုတော့ တဖတ်သတ်ချစ်နေရတဲ့ ပင်ဂွင်းလေးပေါ့
Baekhyun : ပင်ကွင်း အဲ့လေ
                 ကျွန်တော့်ပါးစပ်ကို အမြန် လက်နဲ့ ပိတ်လိုက်ရတယ် မဟုတ်ရင် သူ့လက်က ကျွန်တော့်ကျောကုန်းပေါ် ကျလာလိမ့်မယ်
KyungSoo : Baekhyun လာလေ
                 ဟင် သူ အခု ကျွန်တော့်ကို ပြုံးပြတယ် ကျွန်တော် သူ့ကိုပင်ဂွင်းလို့ ခေါ်လိုက်တာကိုတောင် သူကျွန်တော့်ကို ပြုံးပြသေးတယ်ပေါ့ အံမယ်လေး ငါတော့ သေလို့ရပြီ
KyungSoo : Baekhyun ဘာတွေ ပြုံးနေတာလဲ
Baekhyun : ဘာ…ဘာမှ မဟုတ်ပါဘူး ဟီး
KyungSoo : Baekhyun ငါဗိုက်ဆာတယ်
Baekhyun : အွန်း ဘာစားမလဲ ငါသွားဝယ်ပေးမယ်
KyungSoo : မဝယ်နဲ့ ငါကလေ မင်းနဲ့ အတူ အပြင်မှာ သွားစားချင်တာ
Baekhyun : ဘာ!!
                ထိုင်ခုံပေါ်ထိုင်ပြီး ဘေးက စားပွဲပေါ် တင်ထားတဲ့ လက်တောင် အောက်ပြုတ်ကျသွားတယ် သူက ကျွန်တော့်ရဲ့ ပင်ဂွင်းလေးကလေ ကျွန်တော်နဲ့ အပြင်သွားချင်တာတဲ့ အံမယ်လေး ဗြောင်ဘတ်ဟျွန်းရေ မင်းသေလိုက်တော့
KyungSoo : Baekhyun လိုက်မပို့ဘူးလား
                   နှုတ်ခမ်းထော်ပြီး ပြောလိုက်တဲ့ ပင်ဂွင်းကြောင့် ရင်ဘတ်ထဲက ကောင်ကတော့ အပြင်ကို ခုန်ထွက်ချင်နေပြီ ဒါနဲ့ ဒီနေ့မှ ထူးထူးဆန်းဆန်း သူ ကျွန်တော့်ကို နဲနဲချွဲနေသလိုပဲ
KyungSoo : Yarr Byun Baekhyun
Baekhyun : aww  a sorry sorry ဘယ်မှာ သွားစားမလဲ ငါလိုက်ပို့မှာပေါ့ မင်းကိုမှ လိုက်မပို့ရင် ငါ ဘယ်သူ့ကို လိုက်ပို့ရမှာလဲ
KyungSoo : ဒါဆို ဟန်မြစ်နားက Moonlight ဆိုတဲ့ ဆိုင်လေးကို သိလား
Baekhyun : aww omm သိတယ် ဆိုင်အသစ်လေးလေ
KyungSoo : အဲ့ဆိုင်လေးမှာ Pizza သွားစားမယ်လေ နော်
Baekhyun : Ok kharja
----------------------------------------------
Baekhyun : စားလို့ ကောင်းလား
                 ကလေးလေးလို ပလုတ်ပလောင်းစားနေတဲ့ ပင်ဂွင်းကို အသဲယားစွာကြည့်ရင်း မေးလိုက်သည်
KyungSoo : omm ကောင်းတယ် Baekhyun နဲ့ တူတူလာစားရလို့ ပိုအရသာရှိတယ်
                 အံမယ်လေး ပင်ဂွင်းရေ ငါ့ကို သတ်နေတာလားလို့
Baekhyun : မင်း ငါနဲ့ တူတူရှိရတာ ပျော်လား
KyungSoo : omm မင်းနဲ့ ရှိနေရတာ ငါအရမ်း ပျော်တယ်
Baekhyun : ငါလဲ မင်းနဲ့ တူတူရှိနေရတာကို အရမ်းပျော်တယ်
                   ထိုနေ့ညက ကောင်လေးနှစ်ယောက်ရဲ့ ရင်ခုန်သံတွေ လှပနေခဲ့လေသည်
--------------------------------------------
Sehun        : Xello Hyung
KyungSoo : Hunnie ဘယ်မှာလဲ
Sehun        : စာကြည့်တိုက်မှာ Assignment ရှိလို့
KyungSoo : အာ Hyung နှောင့်ယှက်မိပြီ
Sehun        : မဖြစ်ပါဘူး Hyung ရဲ့ ဒါနဲ့လေ Hyung မေးစရာရှိလို့
KyungSoo : omm
Sehun        : Baekhyun Hyung ကို ဘယ်လိုမြင်လဲဟင်
KyungSoo : ဟင် ဘယ်လိုမြင်ရမလဲ Baekhyun လို့ မြင်တာပေါ့
Sehun        : အာ အဲ့လို မဟုတ်ဖူးလေ Hyung အပေါ်မှာ သူသံယောဇဉ်ပိုနေတာကို မရိပ်မိဘူးလား
                အစုတ်ပလုတ်လေး အကို လုပ်သူကို အဲ့လို ပေါ်တင်မေးစရာလား ပြောမဲ့သာပြောတာပါ သူ့မှာ တိုင်ပင်စရာဆိုလို့ ဒီညီလေး တစ်ယောက်ထဲရှိတာ
KyungSoo : omm Hyung ရိပ်မိပါတယ်
Sehun        : Hyung ဘက်ကရော
              သူ အမှန်တိုင်းပြောရရင် Baekhyun သူ့ကို သဘောကျနေတယ်ဆိုထဲက သူကျေနပ်နေရုံလေးပဲ သူ့ဘက်က Baekhyun အပေါ် ဘယ်လို သဘောထားနေမိလဲဆိုတာတော့ သူ့ကိုယ်သူတောင် သေချာမသိ ဒါမဲ့ Baekhyun သူ့နားမှာ ရှိနေရင် သူပျော်တယ်
KyungSoo : Hyung မသိဘူး Sehun
Sehun        : ဘာကို မသိတာလဲ Hyung ကလဲ
KyungSoo : မသိဘူးဆိုတာက Hyung ကိုယ်တိုင်တောင် အဲ့မေးခွန်းကို မစဉ်းစားမိသေးဘူး အခုထက်ထိ သေချာအောင် စဉ်းစားနေတုန်းပါ Hyung စဉ်းစားလို့ အဖြေထွက်ရင် Sehun ကို အရင်ဆုံး တိုင်ပင်ပါ့မယ်
Sehun        : Nae ကျွန်တော်ကတော့ Hyung ကို သူနဲ့ စိတ်ချတယ် ဟိုစီနီယာဆိုတဲ့ လူထက်စာရင်ပေါ့
KyungSoo : immpr Hyung ကြိုးစားပါ့မယ် စီနီယာကိုလဲ Hyung မေ့သွားပါပြီ
Sehun        : Nae Hyung ဒါဆို Good Night Hyung
KyungSoo : omm Good Night Hunnie
                ဖုန်းကျသွားတဲ့အထိ KyungSoo ကတော့ အတွေးတွေ အများကြီးနဲ့ အိပ်မပျော်နိုင်သေးပါ
------------------------------------------------
                    Bye Bye
နောက်တစ်ပိုင်းကျရင် တခါမှ မရေးဖူးလောက်တဲ့ အတိုင်းအတာအထိ အရှည်ကြီး ရေးပေးမယ် တကယ်ပြောတာ လိမ်ရင် Chanyeollie နဲ့ညား



















မလိမ်ရင်တော့ Baekhyunee နဲ့ညား Ok
စတာပါ နောက်တာပါ အတည်ပြောတာ
              

This is my penguin🐧🐧🐧Where stories live. Discover now