Part 3

4.7K 372 11
                                    

ရိပေါ်တို့သူငယ်ချင်း၅ယောက်က မြို့နယ်ဂိမ်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပေမဲ့ သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ အမြဲလေ့ကျင့်ကြတယ်.........

သူတို့၅ယောက်စလုံး ကိုယ်စီချမ်းသာတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့သူတွေမို့လို့ လေ့ကျင့်ဖို့နေရာကို အခက်အခဲမရှိ အကောင်းဆုံးနေရာမှာ တိုက်ခန်းဝယ်ပီး သီးသန့်လေ့ကျင့်ကြတယ်........

သူတို့ကလွဲရင် ဝမ်ချင်တျောက်သာလျှင် အဲ့နေရာကိုသိတယ်.....တခြားဘယ်သူမှမသိ.....ဘယ်သူ့ကိုမှလည်းမပြောပြ.....အနှောင့်အယှက်ဖြစ်မှာစိုးလို့.......

(ဒီထဲမှာ ဝမ်ချင်က အဖျက်သမားမဟုတ်ပါဘူးနော်.......သူက ကိုယ်တွေလိုပဲ Fujoshiတျောက်ပေါ့နော်.....😁😁 ယွီပင်းရဲ့အစ်မ.....မောင်ကိုအလကားနေလင်လိုက်ပေးစားနေတဲ့အစ်မ......ရိပေါ်တို့၅ယောက်စလုံး သူ့ကိုကြောက်ရတယ်.....အားနေ သူတို့ဆီလာပီး လင်ယူဖို့အမြဲလာပြောနေတတ်လို့......😅😅😅)

ရိပေါ်လည်း လေ့ကျင့်ပီးတာနဲ့ ဆိုင်ကယ်လေးစီးကာ အိမ်ပြန်လာတော့တယ်......

အိမ်ရောက်တော့......

ရိပေါ် ဝမ်ပါးနဲ့မားကို စကားမပြောပဲ သူ့အကျင့်အတိုင်း အပေါ်ကိုအရင်တက်ဖို့လုပ်လိုက်တယ်.........

ဝမ်ပါး

"ရိပေါ် သားလေး....ပါးပြောစရာရှိလို့.....လာထိုင်ဦးသား....."

ရိပေါ်

"အင်း"

ဝမ်ပါး

"သား ရိပေါ် အသက်ကလည်းငယ်တော့တာမဟုတ်​တော့ဘူး......ပါးကုမ္ပဏီကို တာဝန်ယူပီး လုပ်လို့ရနေပီလေ.....ပါးလည်းအသက်ကြီးနေပီ.....တစ်သက်လုံး အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး......ပါးရဲ့ကုမ္ပဏီတွေအကုန်လုံးကို လက်လွှဲမယူချင်သေးရင်တောင် ကုမ္ပဏီတစ်ခုလောက်တော့ ပါးကိုယ်စားလက်လွှဲယူပေးပါလားသားရယ်....."

ရိပေါ်

"ပါး ကျွန်တော်ခုချိန်မှာ အလုပ်ကိစ္စတွေကို စိတ်မဝင်စားသေးဘူး.....ကျွန်တော့ အိပ်မက်ကိုအကောင်အထည်ဖော်ရဦးမယ်.....ပါးစိတ်ချပါ....ကျွန်တော်တစ်ချိန်ကျရင် ပါးလုပ်ငန်းတွေကို ပါးကိုယ်စားလက်လွှဲယူပေးမှာပါ......ဒါပေမဲ့ ခုတော့မဟုတ်သေးဘူး....."

Wang Gamerလေးရဲ့ Xiaoစပ်စလူးလေး (Complete)Where stories live. Discover now