Part 6

3.7K 312 7
                                    

မနက်၈နာရီခွဲလောက်ထဲက ကျိုးချန်တို့၅ယောက်စလုံး ရိပေါ်ပြောတဲ့ကုမ္ပဏီကို ရောက်နေကြပီ....

ကျိုးချန်

(*ဟဲဟဲ ကျန်တဲ့နေရာမှာသာ နောက်ကျချင်နောက်ကျလိမ့်မယ်....... ရိပေါ်ပြောတဲ့ မိန်းကလေးတွေထက်တောင်ချောတယ်ဆိုတဲ့ ကောင်လေးကိုကြည့်ဖို့ လုံးဝနောက်မကျစေရဘူး..... 😁😁😁*)

ကျိုးချန်တို့လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ယောင်လည်လည်နဲ့ပဲ လွတ်တဲ့ခုံမှာ ခဏဝင်ထိုင်လိုက်တယ်........

၁၅မိနစ်လောက်ကြတော့ ရှောင်းကျန့်တို့အုပ်စုရောက်လာတယ်.......

ရှောင်းကျန့်

"ဒီမှာ အကိုတို့....အကိုတို့ထိုင်နေတာ....ကျန့်ကျန့်တို့အလုပ်လုပ်ရမဲ့နေရာပါ....ဖယ်ပေးလို့ရမလားမသိဘူး...... "

ကျိုးချန် ယွီပင်း ကျိရန် ဟောက်ရွှမ်း ဝမ်ချင်

"😮😮😮😮😮"

ရှောင်းကျန့်ကိုမြင်ပီး ငါးယောက်စလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်......မျက်လုံးတွေလည်း အရောင်တလက်လက်နဲ့......

ယွီပင်း

(*ရိပေါ်ပြောလည်းပြောချင်စရာ...... အပြစ်အနာအဆာမရှိ ခြောက်ပစ်ကင်း သဲလည်းစင်ဆိုတာ သူ့ကိုပြောတာဖြစ်မယ်...... အတော်ချောတာပဲ....... *)

ကျိရန်

"အဟမ်း....ကြည့်တာတော့ကြည့်လေ...... လူမသိအောင်ကြည့်ပေါ့...... ခုဟာက အိန္ဒြေတောင်မဆည်နိုင်တော့ဘူး....... အပေါ်နှုတ်ခမ်းက နဖူးတက်ချိတ်ပီး အောက်နှုတ်ခမ်းကခြေဖျားရောက်နေပီ.....😒😒😒"

ကျိရန်

"ဟုတ်ပါ့..... ဆန္ဒကိုသိက္ခာနဲ့ထိန်းကြ..... "

ဟောက်ရွှမ်း

"ဟေ့လူတွေ..... ကျွန်တော့သူငယ်ချင်းကို ကြည့်နေတာ တော်လောက်ပီ.....ဆက်ကြည့်နေရင် ခင်ဗျားတို့အောက်မေးလည်းပြုတ်ကုန်ဦးမယ်.....😒😒😒"

ဟွိုက်ခွမ်း

"😅😅😅"

ကျိုးချန်တို့၅ယောက် ရှောင်းကျန့်ကိုငေးနေတာ ဘယ်လောက်ကြာသွားသည်မသိ....... ရိပေါ်ရောက်လာတာတောင် သတိမထားမိကြ......

Wang Gamerလေးရဲ့ Xiaoစပ်စလူးလေး (Complete)حيث تعيش القصص. اكتشف الآن