Part 19

3K 234 7
                                    

ရှောင်းပါး

"သားကျန့်ကျန့် ပါးပြောစရာရှိတယ်....."

ရှောင်းကျန့်

"ဟုတ်ပါး"

ရှောင်းပါး

"သားအရင်ကအလုပ်လုပ်ခဲ့တဲ့ ဝမ်ကုမ္ပဏီမှာ ရှယ်ယာဝင်စေချင်တယ်......သားသဘောကရော......သားမလုပ်ချင်ရင်လည်းပြောနော်.....ပါးအတင်းမတိုက်တွန်းပါဘူး....."

ရှောင်းကျန့်

"ရှယ်ယာဝင်ရမှာလား.....ကောင်းတယ်ပါး.....သားလုပ်မယ်.....မနက်ဖြန်ပဲ အဲ့ကုမ္ပဏီကို သားသွားလိုက်မယ်......"
(*နောက်ဆုံးတော့ ရိပေါ်နဲ့တွေ့ရတော့မယ်......ပျော်လိုက်တာ.....ကျေးဇူးကမ္ဘာပါပဲ ပါးရေ......*)

ရှောင်းပါး

(*သားလေးလည်း နောက်ဆုံးတော့ ချစ်တတ်လာပီပဲ......ပါးသိတာပေါ့.....သားလေး ရိပေါ်လေးကိုဘယ်လောက်တောင် သတိရပီးတွေ့ချင်နေတယ်ဆိုတာကို ပါးသိပါတယ်သားရယ်......သိပ်မကြာခင်မှာပဲ သားလေးရဲ့မဂ်လာပွဲလာတော့မယ်......*)

ဝမ်ချင်

"ရိပေါ်...."

ရိပေါ်

"အင်း"

ဝမ်ချင်

"မနက်ဖြန်ကျရင် နင်ဘယ်မှမသွားနဲ့နော်....."

ရိပေါ်

"ဘာလို့လဲ "

ဝမ်ချင်

"မနက်ဖြန်ရှောင်းကုမ္ပဏီကသူဌေးလာလိမ့်မယ်......သူကဒီကုမ္ပဏီမှာ ရှယ်ယာဝင်ချင်လို့တဲ့"

ရိပေါ်

"အင်း...."

ရှယ်ယာဝင်မဲ့သူတွေကိုငြင်းလိုက်ရင် သူတို့ကုမ္ပဏီနာမည်ပျက်မှာစိုးလို့သာ လက်ခံခဲ့ရပေမဲ့ ရိပေါ်စိတ်မပါ.......သူအခုလိုချင်နေတာ ရှယ်ယာဝင်တွေမဟုတ်ဘူး......သူ့ရဲ့ကျန့်ကျန့်ကိုပင်......ရှယ်ယာဝင်တွေကလည်း ဒီရက်ပိုင်း များသထက်များလာတယ်......

အရင်ကသူတို့သိခဲ့တဲ့ ဟွိုက်ခွမ်းတို့တောင် သူ့ကူမ္ပဏီက ရှယ်ယာဝင်တွေဖြစ်လာတယ်.......အခုလည်းနောက်ထပ်ရှယ်ယာဝင်တျောက်တဲ့.........လက်မခံချင်ပေမဲ့လည်း ရိပေါ်လက်ခံလိုက်ရတယ်.......

Wang Gamerလေးရဲ့ Xiaoစပ်စလူးလေး (Complete)Where stories live. Discover now