Part 22(Final)

4.6K 247 3
                                    

မဂ်လာပွဲနေ့လေးကိုရောက်လာခဲ့ပီ........

သတို့သားနဲ့သတို့သားအရံနေရာမှာ........ဟွိုက်ခွမ်းနဲ့စန်းကျင် ဟောက်ရွှမ်းနဲ့ကျိရန် ကျင်းလင်နဲ့ဖန်ရှင်းတို့သုံးတွဲ..........ဝမ်ချင်ကတော့ ပန်းကြဲတာဝန်ယူတယ်........ကျိုးချန်နဲ့ယွီပင်းကတော့ စားသောက်ရေးမှာ တာဝန်ယူကြတယ်..........

စားသောက်ရေးမှာ တာဝန်ယူကြတယ်ဆိုပီး အထင်ကြီးမနေကြပါနဲ့.........ပွဲလာပရိတ်သတ်တွေကို ကျွေးမွေးဧည့်ခံတဲ့အစားအသောက်တွေကို စားတဲ့နေရာမှာ တာဝန်ယူတာပါ........

ဖာသာရဲ့ရှေ့မှာတော့ အဖြူရောင်ဝတ်စုံလေးကိုဝတ်ကာ ရင်ဘတ်မှာလည်း အဖြူရောင်ပန်းခတ်လေးတွေကိုထိုးထားကာ ကျက်သရေရှိလှစွာ ရပ်နေတဲ့ အဖြူရောင်သတို့သားလေး ဝမ်ရိပေါ်........

ရိပေါ်တျောက် အရမ်းကို စိတ်လှုပ်ရှားနေတယ်.......ခုထိလည်း သူ့ရဲ့သတို့သားလောင်းလေးကိုမမြင်ရသေးဘူး.........သူ့ရဲ့သတို့သားလေးဘယ်လောက်တောင် လှနေမလဲဆိုတာကို သူအရမ်းကိုမြင်ချင်နေပီ...........

ခဏကြာတော့ ရှောင်းပါးရဲ့လက်ကိုတွဲကာ ဝင်လာတဲ့ရှောင်းကျန့်.........

ရှောင်းကျန့်ကိုမြင်ပီး ရိပေါ်အံ့သြမင်သက်သွားတော့တယ်...........

သာမန်ထက် ပိုပီးချောလွန်းနေတဲ့ သူ့ရဲ့သတို့သားလေး........သူတို့ပဲ အဖြူရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပီး ရင်ဘတ်မှာလည်း အဖြူရောင်ပန်းခတ်လေးတွေကိုထိုးထားတယ်.........

ရိပေါ်အံ့သြမင်သက်ပီး ငေးကြည့်နေစဥ်မှာပဲ ရှောင်းကျန့်က ရိပေါ်နားရောက်လာခဲ့တယ်.........

ဖာသာက သူတို့နှစ်ဦးရဲ့လက်တွေကို ထပ်လျှက်ကိုင်ထားပီး မဂ်လာကျမ်းစာကို ရွတ်ဆိုနေတယ်..........

(သာသာလည်းအဲ့အကြောင်းတွေသိပ်မသိဘူး........ရမ်းပီးရေးလိုက်တာပါနော်.....အမှားပါရင်လည်းခွင့်လွှတ်ကြပါနော်.......)

ခဏကြာတော့........

ဖာသာ

"မဂ်လာသတို့သားနှစ်ဦး လက်စွပ်လဲလှယ်လို့ရပါပီ......."

ဖာသာရဲ့စကားဆုံးတာနဲ့ အစားသမားနှစ်ယောက်ဖြစ်တဲ့ ကျိုးချန်နဲ့ယွီပင်းက လက်စွပ်ဗူးလေးထည့်ထားတဲ့ ဗန်းလေးကို ကိုင်ပီးရောက်လာတယ်........

Wang Gamerလေးရဲ့ Xiaoစပ်စလူးလေး (Complete)Where stories live. Discover now