Part 17

2.9K 235 0
                                    

ရိပေါ်တို့ကနေဒါကိုသွားမဲ့နေ့မှာ တရုတ်မှာကျန်ခဲ့မဲ့ရှောင်းကျန့်တို့က လေဆိပ်ကိုလိုက်ပို့ပေးတယ်.......

ရှောင်းကျန့်

"သူဌေး....ဟိုမှာဂရုစိုက်နော်......အစားလည်းပုံမှန်စားနော်....အလုပ်ချည်းပဲဖိလုပ်မနေနဲ့.....လိုအပ်တာရှိရင် ကျိရန်ကိုခိုင်းနော်........"

ရှောင်းကျန့်ကတော့ အဖိုးကြီးပေါက်စလို တတွတ်တွတ်နဲ့ မှာတမ်းခြွေနေလေရဲ့.......

ကျိရန်

"မင်းကကွာ မှာတမ်းခြွေတာတောင်ဘက်လိုက်လွန်းတယ်.....ငါကမင်းသူငယ်ချင်းအရင်းကြီးပါကွ.....ငါ့ကိုတော့ စိတ်မပူဘူး....😒😒"

ဟောက်ရွှမ်း

"မင်းကိုငါစိတ်ပူတယ်.....မင်းဟိုရောက်ရင် ငါတို့ကိုဖုန်းဆက်နော်.....ငါသတိရနေမယ်နော်......"

ဟောက်ရွှမ်းစကားကြောင့် ကျိရန်ရင်ထဲဝမ်းနည်းလာတယ်.......ဟောက်ရွှမ်းလည်း ကျိရန်နဲ့တစ်လတောင်ခွဲခွာရတော့မယ်ဆိုတဲ့ အသိနဲ့ဝမ်းနည်းနေတယ်.......

တခြားသူတွေကလည်း သူတို့နဲ့မကြာခင်သက်ဆိုင်တော့မဲ့သူအသီးသီးကို မှာတမ်းခြွေပီး ဝမ်းနည်းနေကြတယ်......

ဝမ်ချင်

"အမလေးဟယ်...... အဲ့လောက်ဖြစ်မနေကြပါနဲ့.....ဟိုက ​အလုပ်ကိစ္စနဲ့သွားတာ.....တကယ်ပဲ.....အဖြစ်ကိုသည်းနေကြတယ်........ကဲကဲ နင်တို့လည်းသွားကြတော့......လေယာဥ်ထွက်တော့မယ်.....သွားတော့......"

ရိပေါ်

"အားလုံးပဲ သွားတော့မယ်နော်......"

ကျိုးချန်

"ညတိုင်း We Chatမှာစကားပြောကြမယ်နော်......"

ဝမ်ချင်

"သွားတော့........."

"အင်း"

ရိပေါ်တို့၆ယောက် လေယာဥ်နဲ့ကနေဒါကိုထွက်ခွာသွားကြတော့တယ်.........

ရိပေါ်တို့ကနေဒါမှာရောက်နေစဥ်အတွင်း တရုတ်မှာကျန်ခဲ့တဲ့ ရှောင်းကျန့်တို့၄ယောက်က အရင်လိုသိပ်မပျော်ကြတော့ဘူး.........

ရှောင်းကျန့်

(*သူဌေးကိုသတိရလိုက်တာ......သူဌေးကရော....ငါ့ကို သတိရပါ့မလား.....*)

Wang Gamerလေးရဲ့ Xiaoစပ်စလူးလေး (Complete)Where stories live. Discover now