Part -4

16.7K 1.3K 51
                                    

မိုးလင်းနေတာကို သိပင်မဲ့ ကျွန်တော့်မျက်လုံးတွေ
မဖွင့်နိုင်ဘူး ။

ကျွန်တော့် Body ကို ကျွန်တော်မပိုင်တော့သလို
ခံစားချက်ကြီး လှုပ်ရှားမှုတိုင်းမှာ အားမပါတော့ဘူး ။

"Lucas "

တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကိုကြားနေရတယ်
ကြိမ်သေတယ် David ပဲ ဖြစ်မယ်
ဒါဆို ကျွန်တော် Angel လေးကော ......။

မျက်လုံးအတင်းဖွင့်ကြည့်လိုက်တော့
ကျွန်တော့် လက်မောင်းမှာ မျက်နှာလေး
လာကပ်ထားတယ် အဲ့ဒါ Angel လေး စိတ်ပူတဲ့
အခါ လုပ်တတ်တဲ့ အကျင့်ပဲ ......။

"Lucas ထ မင်းဒီအတိုင်းနေလို့မရဘူး
ယဇ်ပူဇော်ရမယ် "

David အတင်းဆွဲထူရတယ် ကျွန်တော်
တော်တော်မခံစားနိုင်ဖြစ်နေတာကို
ကျွန်တော် ထ ထိုင်တော့ မှ Angel လေးကရင်
ခွင်ထဲတိုးလာပြီး .......။

"Daddy နေမကောင်းအရမ်းဖြစ်သွားတာလားဟင်
Angel တောင်းပန်တယ်နော် "

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ Angel လေးရဲ့
နဖူးကို ငြင်ငြင်သာသာလေး နမ်းလိုက်တယ် ။

"Angel ဘာပဲ လုပ်လုပ်တောင်းပန်စရာ
မလိုဘူး နော် "

" Lucas နောက်မှ Angel အခု ယဇ်ပူဖော်
ရမယ်ဟ တကယ်ပဲ လူကအိပ်ရာထဲကမထနိုင်ဘူး
ပါးစပ်က Ro နိုင်သောပဲ "

"ဦးDavid Daddy ကို မအော်နဲ့ "

ကျွန်တော့်ရင်ခွင်ထဲက အကောင်ပေါက်လေးအော်တော့ David လည်းကြောင်သွားပုံရတယ် ။

David မနိုင်တဲ့ ပုံစံနဲ့ခေါင်းခါ ပြတယ်။

ကျွန်တော် ယဇ်ပူဇော်ဖို့အတွက် သေမင်းဝတ်ရုံကို
ဝတ်လိုက်တယ် ပြီးတော့ Demon တွေမှာ
ပဲရှိတဲ့ ဓား ကို လက်က ကိုင်ပြီး ယဇ်ကောင်ရှိတဲ့
မြေအောက်ခန်းထဲကို သွားလိုက်တယ် .....။

Angel လေးကို တော့ အခန်းထဲမှာ ထားခဲ့လိုက်တယ်
ပင်ပန်းမဲ့အလုပ်တွေ ကလေးကို မလုပ်ခိုင်းစေ
ချင်ဘူးလေ ........။

ကျွန်တော် မြေအောက်ခန်းကို ရောက်တော့
ဝတ်လစ်စလစ် ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကို
တွေ့လိုက်ကြတယ် ။ဒါက ယဇ်ကောင်ပဲ ။

Demon's Angel S-1 (U & Z) Where stories live. Discover now