Part -12

13.6K 1.4K 106
                                    

မနက်ခင်းနေရောင်ချည်ကြောင့် ကျွန်တော်မျက်လုံး
တွေ ဖွင့်လာတဲ့အချိန် ကျွန်တော့ဘေးမှာ
ခွေခွေလေး အိပ်နေတဲ့ Angel လေးကို
တွေ့လိုက်ရတယ် အိပ်တိုင်း သူ့ရင်ဘတ်ထဲ
ခေါင်းတိုးတိုး ထားတတ်တာကလည်း သူရဲ့
ချစ်စရာကောင်းတဲ့ အပြုအမှုတွေထဲကတခု......

နာရီ ကြည့်လိုက်တော့ မနက် ၈ နာရီထိုးဖို့ ၁ မိနစ်
အလို....

၈နာရီအတိလည်း ကျရော အခန်းတံခါးခေါက်သံ
ကြားလိုက်ရတယ်

”ဝင်ခဲ့ ”

”Morning Dad ”

သားသားကို မနေ့က ၈ နာရီ အတိ အခန်းတံခါးလာ
ခေါက်ဖို့မှာထားခဲ့တာ သားသားက
အချိန်အတိအကျပဲ....

ကုတင်ပေါ်မှာခွေခွေလေး အိပ်နေတဲ့သူ့ပါးပါး
ကိုလည်း မြင်ကော ကျွန်တော် တို့နှစ်ယောက်
ကြားသားသားက သူ့ လူကောင်ကြီးမှအားမနာ
ဝင်တိုးတော့တယ်

သူ့ပါးပါး အသေးလေး က လည်း သူ့သားသား
မှန်းသိတော့ သူ့သားသားခေါင်းကို ရင်ခွင်ထဲ
ထည့်ပြီးဖက်ထားသေး.....

သားနဲ့ ကျွန်တော့် Angel လေးမှာဆိုရင် သားက
ပိုပြီးလူကောင်ကြီးတယ်....
သားသားရဲ့ဆံပင်လေးတွေကို ပွတ်သပ်ပေးနေတဲ့
Angel က သားသားကို တော်တော်ချစ်တဲ့ပုံ

သားသားက လည်း သူ့ပါးပါး ရင်ခွင်သေးသေး
လေးထဲမှာ ပြန်ပြီး မှေးနေသေးတယ်

ကျွန်တော်မှာ သူတို့နှစ်ယောက်ကို ကြည့်ရတာ
ကြည်နူးလို့မဆုံးဘူး

”ကဲ ထကြတော့ မနက်စာ စားရမယ်
ပြီးရင် ခရီးထွက်ဖို့အထုတ်တွေ ​ပြင်ရမယ် ”

ကျွန်တော့်ရဲ့ခရီးထွက်မယ်ဆိုတဲ့စကားလည်း
ကြားရော သားအဖနှစ်ယောက်လုံး ဝုန်းခနဲ
ထ ထိုင်လေရဲ့......

သားသားကိုကျော်ခွ ပြီး Angel တစ်ယောက် ကျွန်တော်ပေါင်ပေါ်ရောက်အောင် အတင်းတိုးထိုင်
လေရဲ့......

သားသားတောင် သူ့လောက်မချွဲဘူး....

သားသားနဲ့ ကျွန်တော့် Angel လေးနဲ့ဆိုရင်
ကျွန်တော် Angel လေးကတောင် ပိုငယ်တဲ့
ပုံပေါက်တယ်

Demon's Angel S-1 (U & Z) Where stories live. Discover now