Part -19

11.3K 1.3K 47
                                    

ကမ်းစပ်မှာ သားသား နဲ့ David က ရေကူးကြမယ်
ဆိုတော့ သူတို့အုပ်စုလိုက် ကမ်းစပ်ကိုရောက်လာ
ကြတာပေါ့

Angel က ရေမကူးရဘူး ဆိုတော့ စိတ်ကောက်ပြီး
မျက်နှာ ဆူပုတ်နေတယ်
နှာတောင်ချေနေတဲ့ ကလေးကို ရေကူးခိုင်းစရာလား

ရေမကူးရဘူးဆိုတော့ ညစ်ပေတူးလေးက
သောင်ပြင်ပေါ်ကို ထိုင်ချပြီး သဲတွေနဲ့
ဆော့နေတာ အကြီးအကျယ်

ခြေထောက်က ချိန်းကြိုးစကိုပဲ ဆွဲထားပြီး သူ့အနားမှာ
မနေတော့ တချက်တချက် လှမ်းလှမ်းကြည့်နေတယ်
သူ့ကိုများချော့မလားဆိုပြီး

ကျွန်တော် မချော့တော့ သဲတွေကို ခြေထောက်နဲ့
ကန်ထုတ်လိုက် လက်နဲ့ပစ်လိုက်နဲ့
တစ်ယောက်တည်းတွန့်လိမ်နေလေရဲ့

ကျန်တာအလိုလိုက်ပင်မဲ့ ရေဆင်းကူးမှာတော့ လုံးဝ
အလိုမလိုက်နိုင်ဘူး

နောက်ဆုံး သူလေးကျွန်တော့ အနားကို
ဖြည်းဖြည်းလျှောက်လာတယ်
ကျွန်တော်မသိချင်ယောင်ဆောင်ပြီး မျက်နှာကို
တဖက်လှည့်လိုက်တော့
မျက်နှာက ချက်ချင်း ညိုးလာလေရဲ့

ကျွန်တော်ကိုယ်အတင်းခွထိုင်လာတဲ့ Angel
ကိုမကြည့်ပဲ မျက်နှာ တဖက်ကို လွှဲတော့
ခဏတော့ငြိမ်နေလေရဲ့

ပြီးလည်း ပြီးရော မျက်နှာကို သူ့ဖက်အတင်းဆွဲလှည့်ပြီး မျက်လုံးချင်းအတင်းစုံအောင်လာကြည့်တယ်

"Daddy Angel ကို နမ်း"

အလည်လေး လူကို ပြန်ချော့နေတာ
ဒီလောက်ချစ်စရာလေးကို ကျွန်တော်
မျက်နှာလွှဲထားရတာ ဘယ်လောက်
ပင်ပန်းတယ် ထင်လဲ

သူချော့တော့ ကျွန်တော်လည်းချက်ချင်း
ပျော့ရတာပေါ့
နမ်းလိုက်တော့ ချက်ချင်းရီ ပြလာတယ်

သူမျက်လုံးတွေကို ကျွန်တော် အချိန်တော်​တော်ကြာ
ကိုစိုက်ကြည့်နေမိတယ်

သူ့ခံစားချက်တွေကို ပေါ်ပြတတ်တဲ့ သူ့မျက်လုံးလေး
တွေကို ကျွန်တော် အရမ်းချစ်တာ.......

သူနဲ့ကျွန်တော် ထိုင်နေတဲ့အချိန်ပဲ ကောင်းကင်
ကြီးတခုလုံးက ချက်ချင်းမှောင်မဲ လာတယ်

Demon's Angel S-1 (U & Z) Where stories live. Discover now