Part -8

14.2K 1.4K 55
                                    

ကိုယ်ဝန် ခြောက်ရက်မြောက်နေ့.......

ကလေးငယ်ရဲ့ အခြေအနေက အိပ်ရာထဲက
လုံးဝကိုမထနိုင်တော့ဘူး
ငါးရက်မြောက်နေ့မှာ ကလေးက စကန်တာကြောင့်
ဒီနေ့မှာ Angel လေးက လုံးဝ မထနိုင်တော့တဲ့
အထိပဲ

ကို့ ကိုယ်သာ အပြစ်တင်မိတယ်
လူကောင်းနဲ့ မမျှတ တဲ့ ဗိုက် က သူ့ကို တော်တော်
ဝန်လေးစေတဲ့ပုံပဲ......
ဂျီကျတာ သိပ်မရှိပဲ အိပ်ရာပေါ်မှာ မျက်လုံးလေး
မှေးပြီး အိပ်ပျော်အောင်အတင်းအိပ်နေရသလိုပဲ

ခြေကျင်းက မခတ်လို့ မရတာကြောင့် ခတ်ထားရတာ
ကိုလည်း သူလေး စိတ်ရှုပ်နေတဲ့ပုံပဲ
တချက်ချက် ခါးနာ လို့ ထထအော်သေးတယ်

ဒီလောက် နာနေတဲ့ကြားကအောင် သူ့ဗိုက်ကို
လက်ဝါးနဲ့ ပွတ်လိုက် လက်ညိုးလေးနဲ့
တို့လိုက်လုပ်ပြီး ကာတွန်းကားအကြောင်းရှင်းပြတုန်း

အခုအိပ်ရာပေါ် မှာ အိပ်နေရင်းနဲ့
ကလေးက ကန်တော့ သူ့ဗိုက်ကို ပွတ်ကာ

”Daddy အထဲက အကောင်လေးက စိတ်ဆိုး
နေတာလား မသိဘူး ”

ဆိုပြီး တစ်ယောက်တည်းစဥ်းစားခန်းကဖွင့်နေပြန်ရော

အိပ်ရာထဲမှာလည်း အရုပ်ပေါင်းသောင်းခြောက်ထောင်
တင်ထားတာ ကျွန်တော်တောင်ဘယ်နားအိပ်ရမလဲမသိဘူး......

မနေ့က ကလေးစကန်တဲ့နေ့ကတည်းက
ထမင်းကျွေးလို့မရတော့ဘူး သွေးပဲ တောင်းတောင်း
သောက်နေပြန်တယ်

”Daddy သွေးနည်းနည်းလောက်တိုက်ပါအုန်း
Angel ဗိုက်ဆာလို့ ”

မသိရင် မတိုက်ပဲ အငတ်ထားမှာ ကျနေတာပဲ
တောင်းနေတဲ့ ပုံက မျက်ရည်လေးတွေဝဲ ပြီး
နှုတ်ခမ်းက မဲ့နေပြီ

”လာ....ထ Daddy တိုက်မယ် ”

ဘေးကသွေး ခွက်ကို ယူပြီး သူ့ကိုယ်လေးကို
ပေါင်ပေါ်ပွေ့လိုက်တော့ သူ့ဝတ်ထားတဲ့ Shirt က လှန်သွားရော ကျွန်တော်လည်း လှန်သွားတဲ့ Shirt
ကို မ ကြည့်လိုက်တော့ ခါးရိုးက ရောင်တောင်
ရောင်နေတယ်

သွေးထိုင်သောက်နေတဲ့ကလေးက ဘာမှမဖြစ်
သလိုပဲ......

သွေးသောက်ပြီးတော့ ရေခဲကပ်ပေးမလို့ ရေခဲထုတ်
ယူလာတော့ အကြောက်အကန် ငြင်းပါလေရော

Demon's Angel S-1 (U & Z) Where stories live. Discover now