Part -6

15.4K 1.4K 67
                                    

ကိုယ်ဝန်ဆောင် ဒုတိယ ရက်.......

ကျွန်တော်တို့ရဲ့ ကလေးက Demon ကော Angel
ကောရဲ့သွေးပါတာကြောင့် ကြီးထွားနှုန်းမြန်မယ်တဲ့
လေ
နောက်ဆယ်ရက်နေရင် ကလေးမွေးချင်လာလိမ့်မယ်
လို့ David ကမှာထားခဲ့တာကြောင့်
အဲ့မတိုင်ခင် Angel ကို လမ်းမလျှောက်ရအောင်
ကျွန်တော်ကပဲ ချီထားရမှာ

အခု လည်း ကုတင်ပေါ်ကို ကြည့်လိုက်တော့
ဗိုက်ပူပူလုံးလုံးလေး နဲ့ သူ့လက်မ ကို ကိုက်ပြီး
ကာတွန်းကားကြည့်နေတာ
ဘယ်လိုလေးမှန်းမသိ......

တခါတလေ သူ့ဗိုက် ကို ပြန်ကိုင်ပြီး ကာတွန်းကား
အကြောင်းရှင်းပြရသေးတယ်
Angel က အစားအသောက်စားမယ်ဆိုရင်
အရင်ဆုံးသွေးတိုက်ရတယ် အဲ့လိုမှ ကျွန်တော့
Angel လေးက စားနိုင်မှာလေ

"Angel နေ့လည်စာ စားမယ် "

ဘယ်တော့မှ အဝတ်ကို အပြည့်အစုံဝတ်ပေးလို့မရတဲ့
ကလေးငယ်က အခုလည်း Hoddie အနီရောင်
အကြီးကြီးနဲ့ Hoddie က သူနဲ့ ကြီးတော့
ဒူးတောင်ဖုံးချင်နေပြီလေ

ခေါင်းစွပ်ကလည်း အကြီးကြီး ဆိုတော့ သူ့ခေါင်း
ကိုဆောင်းလိုက်ရင် မျက်နှာတဝက်လောက်ထိကျ
သွားတော့ မသိရင် ကလေးသေးသေးလေးကို
Hoddie ဝတ်ပေးထားသလိုပဲ.....

အခုထမင်းစားမယ်ဆိုတော့ သူ့ကို ချီ ဖို့
လက်က ဆန့်နေပြီ သူကောက်ချီလိုက်တော့
သူ့ပခုံးပေါ် ခေါင်းလေးမှီပြီး ငြိမ်ငြိမ်လေး
လိုက်လာတယ်

စားသောက်ဆောင် ရောက်တော့ သူ့ကို နေ့လည်စား
မကျွေးခင် အရင်သွေးတိုက်ရမယ်လေ

သွေးခွက်ကို ယူလာ​ပေးတော့ ကျွန်တော်တိုက်တာ
တောင် မစောင့်ပဲ ခွက်ကို အတင်းလုပြီး
သောက်တော့တာပဲ

"Angel ဖြေးဖြေးသောက် "

သွေးသောက်ပြီးလို့ သွေးတွေပေပွနေတဲ့ မျက်နှာနဲ့
ဆံပင်အဖြူရောင်နဲ့ကောင်လေးက
ဘာလေးနဲ့တူမှန်းမသိ...။

"Daddy ဟို ပုဇွန်ကျွေး "

ကျွန်တော် ပုဇွန်တွေ အခွံခွာကျွေးတော့ စား
လိုက်တာ များ ထိန်းမနိုင်......

"Angel ပြီးရင် Daddy တို့စျေးဝယ်ထွက်မယ် "

"ဟုတ်ကဲ့ Daddy "

Demon's Angel S-1 (U & Z) Where stories live. Discover now