One day(Zawgyi&Unicode)

649 20 1
                                    

Part 1(Zawgyi)

တင်းတောင်..တင်းတောင်..တင်းတောင်..

ကျောင်းတက်ခေါင်းလောင်းထိုးသံနဲ့အတူ အထက်တန်းတတိယနှစ်
A-3မှာကျောင်းသားတွေ အစုံနေရာယူကြပါတယ်...

ဝုန်း...ကျယ်လောင်တဲ့တံခါးဖွင့်သံနဲ့အတူ...

နားကြပ်တပ် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့သူတစ်ယောက်ဝင်လာပါတယ်..

ဘယ်သူ့ကိုမှအရေးမလုပ်တဲ့ရုပ်နဲ့နောက်ဆုံးထောင့်ဆုံးခုံမှာဝင်ထိုင်လိုက်တယ်...အဲ့အချိန်...

" GDရေခနစောင့်ပါအုန်းကွာ" ဆိုတဲ့စကားနဲ့အတူ

ဆံပင်ခပ်တိုတို ရုပ်ရည်သန့်သန့်နဲ့ကောင်လေးက ခပ်ဆိုးဆိုးကောင်လေးရဲ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်...

"ကဲ အားလုံးပဲမင်္ဂလာပါ"
"ဟုတ်ကဲ့ ဆရာ မင်္ဂလာပါ"

"အခုကစာသင်နှစ် နှစ်ဝက်ရောက်တော့မယ်ဆိုတာသိကြတယ်မလား"
"ဟုတ်ကဲ့.."

"အခု အရေးကြီးတဲ့ပုဒ်စာတစ်ပုဒ်တွက်ပြမယ်"
"ဟုတ်ကဲ့.."ကျောင်းသားများရဲ့ထူးသံနဲ့အတူ

"ဟျောင့် Bae ငါစာသင်ချင်စိတ်မရှိဘူး" GDဆိုတဲ့လူဆိုးလေးကအသံကျယ်ကျယ်နဲ့ပြောပြီး Youngbaeကိုပခုံးပုတ်ကာထွက်သွားပါတယ်..

Youngbaeကတော့သူ့သူငယ်ချင်းရဲ့ထုံးစံပဲမို့ "ငါစာမှတ်ပြီးရင်မင်းနောက်လိုက်လာခဲ့မယ်" ပဲပြန်ပြောလိုက်ပါတယ်

ဆရာရဲ့စိတ်ထဲမှာတော့ .....
" GDရယ် မင်းရဲ့သဘောထားတွေ အတွေးအခေါ်တွေကိုပြောင်းပေးမယ့်သူတစ်ယောက် အမြန်ရှိလာစေချင်တယ်ကွာ လိမ္မာစမ်းပါ GDရာ"

တင်းတောင်..တင်းတောင်...

မုန့်စားနားချိန်မှာတော့ Youngbaeကကန်တင်းရဲ့အမှောင်ကျတဲ့ထောင့်မှာ သူ့သူငယ်ချင်းGDကိုလိုက်ရှာနေပါတယ်...

မုန့်စားချိန်ပြည့်သွားပေမယ့် GDကပေါ်မလာတော့ပါ...

Youngbae's pov. ....
"GDရာ မင်းဘယ်မှာ ဘာပြသနာတွေရှာနေရပြန်တာတုန်းကွာ.."

ကျောင်းဆင်းတဲ့တိုင်အောင်GD ကျောင်းကိုပြန်ရောက်မလာပါ....

One day(Completed)Where stories live. Discover now