Part 2(Zawgyi&Unicode)

217 18 0
                                    

Part 2(Zawgyi)

"GD မင်းဒီနေ့ကျောင်းမတက်ဘူးလား"

"ငါတက်တက် မတက်တက် ဘာထူးခြားမှာမို့လဲ"

"မင်းဘာဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြာကွာGDရာ"

Youngbaeရဲ့အမေးကိုမဖြေသေးဘဲ GDကပြတင်းပေါက်ကိုသာငေးကြည့်နေသည်

"Bae ya ငါ့ကို​ကျောင်းမှာသိတဲ့သူဘယ်​လောက်ရှိလဲ"

"မင်းကိုဘယ်သူမှမသိဘူးဆိုရင်တောင် ငါကမင်းသိတဲ့ မင်းကိုသိတဲ့ သူငယ်ချင်းပါပဲကွာ"

Youngbaeရဲ့အဖြေကိုကြားတော့GDကYoungbaeမမြင်
အောင်ပြုံးမိသည်

"ကျေးဇူးပါပဲကွာ"

"မြန်မြန်မျက်နှာသစ် ​ကျောင်းသွားဖို့ပြင်ဆင်တော့"

"မင်းကျောင်းကိုအရင်သွားနှင့် ငါ့ဘာသာငါလာခဲ့မယ်"

Youngbaeလည်း "အင်း"ဟုသာခေါင်းငြိမ့်ပြီးကျောင်းကိုထွက်လာခဲ့တယ် လမ်းမှာလည်းGDဘာဖြစ်နေလဲ GDဘာတွေလိုအပ်နေလဲဆိုတာ တွေးလာခဲ့ပါတယ်

တင်းတောင်~တင်းတောင်~တင်းတောင်...

ကျောင်းတက်ခေါင်းလောင်းထိုးသံကြောင့် Seungriတစ်ယောက် ခပ်မြန်မြန်ပြေးလာပါတယ် ကျောင်းအသစ်မှာပထမဆုံးရက်မို့လို့နောက်မကျချင်လို့ပါ...

ဝုန်း! "ဟျောင့် မင်းဘာကောင်လဲကွ ငါတို့ကိုမခန့်လေးစားလုပ်တာလား"

ဆိုးသွမ်းတဲ့ကျောင်းသားအုပ်စုကြောင့် Seungri လန့်သွားသလို ကြမ်းပြင်ပေါ်ကျနေတဲ့စာအုပ်ကိုကောက်မိသည်....

အား! "လက်ကိုတက်မနင်းနဲ့လေ" စာအုပ်ကုန်းကောက်တဲ့Seungriရဲ့လက်ကို ဆိုးသွမ်းကျောင်းသားကနင်းလိုက်ခြင်းဖြစ်သည်

"ဟား ဟား ဟား မင်းကငါတို့ကိုစောစောစီးစီးပြသနာရှာလိုက်တာပဲကွ"
"မင်းမသေချင်ရင်ဒူးထောက်တောင်းပန်လိုက်"

Seungriကကြောက်ကြောက်နဲ့ထွက်သွားမည်အလုပ်
"မင်းကမခန့်လေးစားလုပ်တယ်ပေါ့" Seungriကိုဆွဲထိုးမည့်လက်များကို တစ်စုံတစ်ယောက်ကတားလိုက်ပါတယ်

"မင်းတို့ငါ့သွားလမ်းကိုပိတ်နေတယ် ဘေးဖယ်ပေး" ဆိုလာသူမှာGDဖြစ်သည်

One day(Completed)Where stories live. Discover now