Part 8 (Zawgyi&Unicode)

178 19 0
                                    

Part 8(Zawgyi)

"Lee Seungri ဒါမင်းပုံတွေမလား"

Seungri အမေရဲ့အသံကကျယ်ပြီးဒေါသသံတွေပါနေသည်
စားပွဲပေါ်မှာပုံတွေ GDနဲ့Seungriရဲ့ပုံတွေ
တစ်ယောက်ယောက်ကစာတိုက်ကနေပို့လိုက်ခြင်းဖြစ်သည်
GDနဲ့အလုပ်မှာပါနေ့တိုင်းတွေ့နေရသည်မို့
အမြဲတမ်းတတွဲတွဲရှိခဲ့ရာမှ ယခုလိုပုံပေါင်းများစွာခိုးရိုက်ခံထားရခြင်းဖြစ်သည်။

"Seungri မင်းပြန်မဖြေသေးဘူးလား အမေ့ကိုအရှက်ကွဲအောင်လုပ်နေတာလား"

"သူကကျနော့်ရဲ့ချစ်သူ"

Seungri ရဲ့စကားကြောင့် Seungriအမေပိုဒေါသထွက်လာသည်

"Top မင်းကမင်းညီကိုမထိန်းဘူးလား ဟမ် အဲ့ကောင်က အတွင်းရေးမှူးကောင် မလား"

Topဘာမှပြန်မပြောချေ သူအရင်ကအဖြစ်အပျက်တစ်ခုကိုသတိရလာသည်

Park Bomနဲ့သူချစ်နေတုန်းကလည်း ဒီလိုပဲမရရအောင်ခွဲခဲ့သည်
အခုလည်း.....

"အဲ့ကောင်ကိုချက်ချင်းအလုပ်ဖြုတ်လိုက် မင်းလဲလမ်းခွဲလိုက်"

"အမေကဘာလို့လိုက်ပြီးဝင်ရှုပ်နေရတာလဲ ဘာလဲ သိက္ခာကြောင့်လား ဘယ်တုန်းကကျနော်တို့အတွက်စိတ်ပူပေးဖူးလို့လဲ"

Seungriအော်ပြောကာအခန်းထဲဝင်ပြီးတံခါးလော့ခ်ချကာငိုနေမိတော့သည်

Topကတော့သူ့အမေကိုအခန်းထဲထိတွဲပို့ရင်း
"အမေရယ် ကျနော်တစ်ယောက်ထဲနဲ့တင်မလုံလောက်သေးဘူးလား"

Topစကားကြောင့်Topအမေ​တွေ​ဝေသွားသည်
သူ လွန်ခဲ့သောနှစ်တွေက သူ့သားတွေကိုထားခဲ့ပြီး LAမှာစီးပွားသွားရှာသည် ဒါကိုမလိုတဲ့သူတွေက ဒုတိယယောက်ျား ယူသွားသည်တဲ့

သူပြန်လာတော့ Seungriကလုံးဝလက်မခံ Topကတော့လက်ခံပေးသည်

Topနဲ့တွဲနေတဲ့Park Bomအကြောင်းကြားတော့ စိုးရိမ်သွားသည်
သူ့သားကို သူ့ဆီကခေါ်ထုတ်သွားမည်ထင်လို့

အခုလည်းSeungri
မတူတာက Seungriနဲ့ကြိုက်နေတာကမိန်းခလေးမဟုတ်

သူ့ခေါင်းတွေချာချာလည်လာသည် ဆေးသောက်ပြီးအိပ်ပစ်လိုက်ပေသည်

One day(Completed)Where stories live. Discover now