Part 4(Zawgyi&Unicode)

173 21 0
                                    

Part 4(Zawgyi)

မနက်ခင်းနေရောင်ခြည်ကမျက်နှာပေါ်ကျလာတာကြောင့် GDနိုးသွားသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူတို့အိမ်မဟုတ် ဘေးတွင်လည်းBaeရှိမနေ ထို့ကြောင့် အလန့်တကြားထထိုင်မိသည်

"ငါဘယ်ရောက်နေတာလဲ Baeကရောဘယ်မှာလဲ"

ပြန်စဉ်းစားလိုက်တော့ သူတို့မနေ့ကအိမ်ပြောင်းခဲ့တာကိုသတိရသွားသည်

"အာ...ငါကအခုပန်ဒါကောင်ရဲ့အိမ်မှာပဲ"

မျက်နှာသစ်ဖို့ရေချိုးခန်းထဲကမှန်ရှေ့မှာရပ်မိတော့ မိမိရုပ်ကိုသတိထားမိသွားသည်

အိပ်ရေးပျက်ကာအတွေးများမှုတွေကြောင့် မျက်ကွင်းများချိုင့်နေပြီး ဆံပင်များလည်းရှုပ်ပွနေသည် ပုံမှန်ဆို Youngbaeနဲ့ဆံပင်သွားညှပ်နေကျ

ရုတ်တရပ်တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိတော့ ပြုံးဖြီးဖြီးလုပ်နေသည့်Seungriကိုတွေ့ရသည်

"ဟာ..ပန်ဒါကောင်မင်းဘာရပ်ကြည့်နေတာလဲ''ဟုဆိုကာ သဘတ်နှင့်လှမ်းရိုက်လိုက်သည်

သဘတ်ကSeungriရဲ့မျက်နှာကိုထိမိပြီးSeungriထိုင်ကျသွားပြီးမျက်နှာကိုလက်ဖြင့်အုပ်ထားလေသည်

"မင်းဘာဖြစ်သွားသေးလဲပန်ဒါ​ကောင် မင်းအဆင်ပြေရဲ့လား မျက်လုံးထိသွားတာလား ဘယ်နားထိသွားလဲ''

GDရဲ့အမေးများကြောင့်Seungriရယ်မိသည်

"GD shi တော်တော်စိတ်ပူသွားလား ဟားဟား"
"မင်းကသက်သက်ဟန်ဆောင်နေတာလား"
"ဟီးဟီး"

Seungriရဲ့ပုံစံကချစ်ဖို့ကောင်းနေတာကြောင့် GDက ဖောင်းနေတဲ့Seungriပါးကိုလက်နဲ့ညှစ်ပြီး Baeရောဟုမေးကာအခန်းပြင်ထွက်သွားသည်

ကျန်နေခဲ့တဲ့Seungriကတော့ ကိုယ့်ပါးကိုပြန်ကိုင်ကြည့်ကာ ရင်တွေခုန်နေမိသည်

Seungri's pov
"ငါဘယ်လိုတွေတောင်ရင်ခုန်နေတာလား ငါတကယ်ကြီးGDကိုရင်ခုန်နေမိတာလား"

~~~~🍜

အောက်ထပ်ဆင်းလာတဲ့အခါ မီးဖိုချောင်ထဲမှာGDကိုပဲတွေ့ရပြီးYoungbaeကပျောက်နေသည်

"GD ,Bae hyung ကဘယ်သွားလဲ"

"ဈေးသွားဝယ်တယ် မင်းကချမ်းသာပြီးရေခဲ​သေတ္တာထဲဘာမှလည်းမရှိဘူး"

One day(Completed)Where stories live. Discover now