Part 5(Zawgyi&Unicode)

191 18 0
                                    

Part 5(Zawgyi)

ညနေစောင်းအချိန် မြစ်ဘေးနားကပန်းခြံအဟောင်းလေးမှာ လုံးဝကိုလူရှင်းနေပါတယ် လက်ထဲအိတ်တစ်လုံးဆွဲလာတဲ့ကောင်လေးတစ်ယောက်

သူ့ရင်ထဲမှာကြောက်လန့်မှု စိတ်လှုပ်ရှားမှုတွေရောယှက်နေပါတယ်

မြက်ပင်ရှည်တွေအုပ်စိုင်းနေတဲ့နေရာအရောက်
"မင်းက ကတိတည်တဲ့ကောင်ပဲ ပိုက်ဆံပါလား"
ံ
အသံကြောင့်ကြည့်လိုက်တဲ့အခါ လူငါးယောက် လက်ထဲမှာတုတ်တွေနဲ့ ပုံစံ​တွေကလူမိုက်လူဆိုး​တွေ

"ဒီမှာ ခင်ဗျားတို့လို..လိုချင်တဲ့ပိုက်ဆံ ယူ..ယူလိုက်"
ကြောက်ကြောက်နဲ့စကားတွေထစ်နေတဲ့Seungriကိုလူမိုက်များကကြည့်ပြီး

"မင်းနဲ့အဲ့ကောင်နဲ့ကဘာတွေလည်းမသိပေမယ့် ငါတို့တော့ရွှေတွင်းတွေ့တာပဲကွ ဟားဟားဟား"

"ဟေ့ကောင်တွေ'' အသံနဲ့အတူSeungriရဲ့ခေါင်းကကျင်ခနဲဖစ်သွားပြီး မြေပြင်ပေါ်လဲကျသွားပါတော့တယ်

~~🏠~~

"Bae ya....ပန်ဒါဘယ်ရောက်သွားလဲ''

"သူ့အခန်းထဲရှိမှာပေါ့ အခုထိအပေါ်ထပ်ကဆင်းလာတာမတွေ့ဘူး"

Youngbaeစကားကြောင့်GDနောက်တစ်ခေါက်တစ်အိမ်လုံးကိုပတ်ရှာမိသည် Seungriအားမတွေ့

စိတ်ပူလာတာ​ကြောင့်ဖုန်း​ခေါ်လိုက်သည်
Dialing...........
Dialing...........

"Ya GD မတွေ့ရတာကြာပြီနော် ဟားဟားဟား"

ဖုန်းပြန်ဖြေလာတဲ့အသံကြောင့်GDလန့်သွားသည် ဒီအသံကိုသူကောင်းကောင်းသိသည် လူမိုက်တွေ ငွေရဖို့ဘာမဆိုလုပ်တဲ့ကောင်တွေ

"ဟေ့ကောင် ငါ့Seungriရောဘယ်မှာလဲ ပြောစမ်း"

GDရဲ့အော်သံကြောင့်Youngbaeပါရောက်လာသည်

"မလောပါနဲ့ကွာ ဖုန်းပေးလိုက်မယ်"

"GDသူတို့မင်းကိုလာခိုင်းရင် မင်းမလာနဲ့နော်...ကျေးဇူးပြုပြီး ငါအဆင်ပြေတယ် မင်းလာရင်မင်းကိုသတ်မှာ...အား!!!"

Seungriရဲ့အသံကအခြေအနေမကောင်းတော့ အလွန်ပင်ပန်းပြီးနာကျင်နေတဲ့အသံ GDဒေါသတွေထွက်လာသည်

One day(Completed)Where stories live. Discover now