Part 17

8.6K 378 12
                                    

ညရောက်တော့ messengerမှာနက်ရှိုင်းစာပို့သည်။

"ကျွန်တော် မ ကို လာကြိုလို့ရမလား"

"ကိုယ့်ဘာသာပဲသွားလိုက်မယ်လေ"

လောလောဆယ် အမေတို့ကို မပြောရဲသေးတာကြောင့် ရှင်း ငြင်းလိုက်သည်။

စိတ်ဆိုးသွားတာလားပဲ။ စာဆက်မပြန်တော့ပေ။

ရည်းစားထားရတာ တကယ်ခက်လိုက်တာ။ ဘယ်လိုထားရတာလဲ။

ကျောင်းသွားကျောင်းပြန်က ပုံမှန်ဖြစ်နေတာမို့ ရှင်းနက်ရှိုင်းကို သတိမပေးဖြစ်။နက်ရှိုင်းကတော့ သူကျောင်းသွားကြောင်း ရောက်ကြောင်းအမြဲ msgပို့သည်။ သူပို့လျှင်တော့ ရှင်းလဲ ပြန်ပြောပြပါသည်။

နေ့လယ်ထမင်းစားချိန်ရောက်တော့နက်ရှိုင်းဖုန်းဆက်ပါသည်။

" မ ထမင်းစားပြီးပြီလား "

" အွန်းစားပြီးပြီး"

" စားပြီးရင် အောက် ခနလောက်ဆင်းခဲ့ဦး"

"အွန်း လာခဲ့မယ်"

ရှင်း ဆင်းလာတော့ ဒုတိယထပ်အကျော်လှေကားထောင့်မှာ နံရံကို မှီရပ်ပြီး ဖုန်းကြည့်နေသောကောင်လေး တွေ့ပါသည်။ ကျောပိုးလွယ်အိတ်ကို တစ်ဖက်သာလွယ်ထားပြီး
အနက်ရောင် ဟူဒီလေးဇစ်ခွဲ‌အောက်မှာ တီရှပ် အဖြူကို အနက်ရောင်ဂျင်းဘောင်းဘီရှည် နဲ့ ရိုးရိုးလေးဝတ်ထားတာတောင် တကယ်ပြီးပြည့်စုံနေပါသည်။

လှေကားအဆင်းအတတ်ကမိန်းကလေးများက နက်ရှိုင်းကြည့်သွားသော်လည်း နက်ရှိုင်းမှာ ဖုန်းအပေါ်သာ အာရုံထားနေသည့်ပုံ။

ရှင်းသူ့အနားကို သွားလိုက်ပြီး

"ဘာကိစ္စရှိလို့လဲ"

နက်ရှိုင်းသည် ‌သူ့ဘေးနားလာရပ်သော လူပိစိလေးကို မျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်။ စိတ်ထဲမှာလည်း အလိုမကျ။

"ကိစ္စရှိမှ လာရမှာလား ကိုယ့်ကောင်မလေးဆီကိုယ်လာတာ"

ကောင်မလေးဆိုသောအသုံးနှုန်းကြောင့် ရှင်းရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ ရှင်းမှာ ဘာပြန်ရမှန်းတောင်မသိ။ နက်ရှိုင်းကို ကြည့်ရတာ မနေ့က ကိစ္စကြောင့် စိတ်ကောက်နေပုံ။

မမWhere stories live. Discover now