Chapter - 1 (System moon)

29K 2.1K 94
                                    

Zawgyi

[System: စာချုပ်ချုပ်ဆိုသူ တွေ့ရှိသည် ၊စနစ်ယန္တရားအသက်ဝင်စေ] ဆိုသည့် အသံဟာ လီရှန်းဟွာရဲ့နားထဲကို စူးစိုက်စွာဝင်လာတာကြောင့် မျက်မှောင်ကြုတ်ကာ...သူမျက်လုံးများဟာ ပွင့်လာတော့သည်၊အနည်းငယ်မှောင်နေတဲ့အခန်းမှာ ကြယ်ကပ်ခွာများလင်းလက်နေသည့် မျက်နှာကြက်ကို မြင်တွေ့လိုက်ရသည့်အချိန်မှာ လီရှန်းဟွာမျက်ဝန်းများဟာ ထိတ်လန့်သွားပြီး ချက်ချင်းထထိုင်ကာ... အခန်းပတ်ဝန်းကျင်ကို ကြည့်မိလိုက်ပြီး...

"ငါ ကားတိုက်ခံလိုက်ရပြီး သေသွားပြီမဟုတ်ဘူးလား...တစ်ယောက်ယောက်က ငါ့ကိုကယ်တင်ခဲ့တာလား..."တစ်ယောက်ထဲ ရေရွတ်လိုက်ရင်း သူ့ကိုယ်သူ ကြည့်လိုက်တော့ သူရဲ့ကြမ်းတမ်းတဲ့လက်ကြီးကြီးတွေအစား သွယ်လျပြီး ဖြူဖွေးတဲ့လက်လေးတွေအစားထိုးသွားတာကို မြင်လိုက်ရသည်၊သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း နာကျင်မှုကိုမခံစားရပေ၊ဒါထက်! သူခန္ဓာကိုယ်က ပိုပြီးနူးအိနေသလိုပဲ... အရင်က ကုမ္ပဏီလုပ်ငန်းတွေဦးစီးခဲ့တဲ့ ကြံ့ခိုင်သည့်သူရဲ့ကိုယ်ခန္ဓာကိုယ်ဟာ ပျောက်ကွယ်သွားပြီး...ဒီခန္ဓာကိုယ်သေးသေးလေးအစားထိုးဝင်ရောက်နေတယ်... ငါအချိန်တွေ နောက်ပြန်ဆုတ်သွားတာလား...မဟုတ်သေးပါဘူး ဒီအခန်းက ငါ့အခန်းမှ မဟုတ်တာ... ငါဘယ်ရောက်နေတာလဲ

[System : System Moon ရဲ့အချစ်ကိုခိုးယူခြင်း စနစ်အသက်ဝင်လာသည်]

[Moon:  Hello ကျုပ်က မင်းကို ကယ်တင်ခဲ့တဲ့သူပဲ] လို့ စက်ရုပ်လိုအသံမျိုးထွက်လာတာကြောင့် လိုက်လံရှာဖွေပေမယ့် မတွေ့တာကြောင့်

"ဘယ်သူလဲ...လာနောက်နေတာလား"လို့ မာမာထန်ထန်ပြောလိုက်တော့... ခပ်တိုးတိုး စက်ရုပ်ရယ်သံထွက်လာကာ...

[Moon: မင်းလက်တွေ့ကြုံနေတာတောင် နောက်နေတယ်ထင်နေသေးလား... ]

"ငါ့ကို ဘာလို့ ကယ်တင်တာလဲ"လို့ မရှိသည့်နေရာကို လီရှန်းဟွာ စူးစိုက်ကြည့်ကာ မေးလိုက်တော့...

[Moon: ဟုတ်တယ်... မင်း ကလဲ့စားပြန်ချေချင်လား]လို့ မေးလိုက်တော့ လီရှန်းဟွာရဲ့မျက်ဝန်းများဟာ နားကျဉ်းရိပ်များပြည့်သိပ်သွားပြီး ခေါင်းညိတ်ကာ  

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)Where stories live. Discover now