အချစ်ဟူသည်...(Part-1)

3.8K 198 1
                                    

[Unicode]အချစ်ဟူသည်....

Part-1

မနက်ခင်းနေရောင်ခြည် မျက်နှာပေါ် လို့ဖြန့်ကျလာသည်နှင့် မျက်မှောင်ကျုံကာထလာသောရှောင်းကျန့်။သူအိမ်ယာထထချင်း ပြတင်းပေါက်ကိုကြည့် ကာဘေးတွင်ဘယ်သူမှမရှိတော့သော အိမ်ကြီးကိုကြည့်ကာ တစုံတစ်ဦးကိုသတိရလျက်ရှိနေသည်။ အတိတ်ကအဖြစ်အပျက် အတွက်လည်းနောင်တ ရနေမိသည်။သူ၏မှားယွင်းသော ခံယူချက်တစ်ခုကြောင့် ချစ်ရသူကိုဆုံးရှုံးရသည့် အဖြစ်ကိုအမှတ်ရနေမိ တော့သည်။

__________Flashblack_________

၀မ်အိမ်တော်နှင့်ရှောင်အိမ်တော်တို့သည် အလွန်ရင်းနှီးသောစီးပွားဖက်များဖစ်သည့် အပြင် အလွန်ရင်းနှီးသောမိတ်ဆွေကောင်းများလည်း ဖစ်ကြသည်။သူတို့တွင်သားတယောက်စီ ရှိကြသည်။

‌ရှောင်အိမ်တော်၏တဦးတည်းသောသား ရှောင်းကျန့်...အသက်-15 ,တည်ငြိမ်တတ်သူ ,စာတော်သူ

၀မ်အိမ်တော်၏တဦးတည်းသောအပေအတေအချစ်ခံလေး ၀မ်ရိပေါ်...အသက်-10 ,စအနောက်သန်သူ ,အားကစား,စာအကုန်တော်သော်လည်း အရမ်းဆိုးသည်။

၀မ်ရိပေါ်နှင့်ရှောင်းကျန့်သည် ငယ်ငယ်ထဲကပေါင်းလာသူများ ဖစ်သည်။ရှောင်းကျန့်သည် ၀မ်ရိပေါ်ကိုညီလေးသဖွယ်ချစ်သော်လည်း ၀မ်ရိပေါ်က ရှောင်းကျန်းကိုကြီးလျှင် လက်ထပ်မည်ဟုသာ တသွတ်သွတ်ပြောတတ်သည်။သို့သော်ရှောင်းကျန့်သည် btb များကို မကြိုက်ပါ။သဘာ၀တရားကိုဆန့်ကျင်နေသည် ဟူ၍ ရိပေါ်ကိုအမြဲဆုံးမတတ်သည်။ရိပေါ်ကနားမထောင်ပါ။သူထင်တာငယ်တုန်းဖို့ပြောသည် ကြီးလျှင်အမြန်မှန်ရလိမ့်မည် ဟုထင်ထားသည်။သို့သော်....လက်တွေ့နဲ့စိတ်ကူး ထပ်တူမကျပါ ကြီးလာလေထိုအကျင့်သည်ပိုဆိုးလေးဖစ် လာသည်။
အခုဆိုရင် ရှောင်းကျန့်ဟာအသက်20ပင်ရှိနေလေပြီ။တက္ကသိုလ်နောက်ဆုံးနှစ်ပါ။ရိပေါ်ကတော့အသက်
15နှစ် အထက်တန်းရောက်နေပီ ခုထိဆိုးလို့ကောင်းတုန်း။ရိပေါ်12အရွယ်တွင် သူမိဘများကစီးပွားရေးကြောင့် နိုင်ငံခြားသွားကြသည်။သူကိုခေါ်သော်လည်း သူကသူ့အချစ်တော်ကြီး ကျန့်ကောနှင့် မခွဲနိုင်လို့နေခဲ့လေသည်။

အချစ်ဟူသည်.....(Complete)Where stories live. Discover now