အချစ်ဟူသည်...(Part-3)

2.4K 201 2
                                    

[Unicode]အချစ်ဟူသည်....

Part-3

ရှောင်းကျန့်ဒီနေ့စိတ်လှုပ်ရှားနေမိသည်။သူရိပေါ်ကို စိတ်ဆိုးပြေအောက်ဘယ်လိုပြောမလဲ ဆိုတာစိတ်ထဲတွင်စကားဖွဲ့ နေမိသည်။သူမနက်စာအမြန်စားပြီ ရိပေါ်အိမ်သို့အပြေး သွားခဲ့သည်။

ရှောင်းကျန့်-"အဒေါ်(အိမ်တော်ထိန်းကိုပြောတာပါ)
ရိပေါ်......ရိပေါ်ရောဟင်??မတွေ့ပါလား??"

အိမ်တော်ထိန်း-"ဟို...ဟိုသခင်လေးက...."

ရှောင်းကျန့်-"ကျွန်တော်အပေါ်ထပ်သွားကြည့်လိုက်မယ်နော်...."

ရှောင်းကျန့်အိမ်တော်ထိန်းပြောသည်ကိုမစောင့်ဘဲ...အပေါ်ထပ်သို့ဖြေသုတ်တင်ပြေးတတ် လာခဲ့သည်။အပေါ်ရောက်တော့မြင်ရသည်က သူ့ကိုထိတ်လန့်စေသည်။(ဘာတွေ့တာပါလိမ့်🙃)

သူကြည့်တော့ရိပေါ်အခန်းသည်တိတ်ဆိတ်နေသည်။အ၀တ်ဗီရိုတွင်အ၀တ်အနည်းငယ်သာ ကျန်တော့သည်။
ရေချိုးခန်းကို၀င်ကြည်...နေရာအနှံ့ရှာသော်လည်း ရိပေါကို‌မတွေ့.......။

သူအိမ်အောက်သို့ဆင်း၍ အိမ်တော်ထိန်းအား ရိပေါ်ဘယ်မှာလဲဟုမေးလိုက်သောအခါ ဖြေလိုက်သည့်စကားကြောင့်သူ့ကမ္ဘာကြီး တစ်ခုလှုပ်ခါသွားသကဲ့သို့ပင် သူနားကိုပင်သူမယုံနိုင်အောင်ဖြစ်နေမိသည်။

ရှောင်းကျန့်-"ရိ....ရိပေါ်က သူတို့အမေနေတဲ့ နိုင်ငံခြားကိုလိုက်သွားတယ်...မ...မဖြစ်နိုင်တာ....သူ...သူငါ့ကိုစိတ်ကောက်ပြီးစနေတာပဲနေမယ်...ဟုတ်..ဟုတ်တယ်။"

ဟုအထပ်ထပ်အခါခါပြောကာ ရိပေါ် ရိပေါ် ဟုသာတစ်အိမ်လုံးကို မယုံကြည်နိုင်စွာဖြင့်လိုက်ရှာနေမိသည်။မတွေ့ပါအရိပ်အယောင်ပင်မတွေ့ နေလယ်လောက်ရောက်တော့ ခြံထဲရှိဒန်းတွင်ထိုင်ရင်ရိပေါ်အကြောင်းများတွေးနေမိသည်။

ဘယ်နေရာကြည့်ကြည့် ရိပေါ်နှင့်အတူလုပ်ခဲ့ဖူးသည် များကိုပဲပြန်မြင်ယောင်နေမိသည်။ခြံကြီးသည်လည်းခြောက်ကပ်နေသည်။ရုတ်တရက်မျက်စိထဲမြင်လာသည်က ရိပေါ်၏အပြုံးလေးများ၊ဆေးဆိုးစရာမလိုပဲဖူးရောင်နေသည့်နှုတ်ခမ်းလေးများနှင့်ဖြူးဖွေးသောအသားအရေနှင့်သူ့ကလေးလေးကိုသာမြင်ရောင်နေမိသည်။

အချစ်ဟူသည်.....(Complete)Where stories live. Discover now