အချစ်ဟူသည်...(Part-10)

1.6K 105 3
                                    

အချစ်ဟူသည်...

Part(10)

ရိပေါ် နိုးလာ‌တော...မျက်လုံးဖွင့်ကြည့်လိုက်တော့... အဖြူရောင်မျက်နှာကျက်ကြီး ချက်ချင်းဆိုသလိုပင် သူ့ခေါင်းထဲသို့၀င်လာသော မှတ်ဉာဏ်များ...သူမှတ်မိသလောက်ဆိုရင် သူကျန်ကော့အိမ်ပြန်လာပြီ ထင်၍ တခါးသွားဖွင့်ကြည့်တော့ လီရှင်းကော....

ရိပေါ်-"ကျန့်ကော...ဘာလို့ဘဲလ်တီး...ဟင်!!"

လီရှင်း-"ရိပေါ်ဘာဖြစ်လို့လဲ"

ရိပေါ်-"ဘာ....ဘာမှမဖြစ်ပါဘူး...ကောကဒီကိုဘာလာလုပ်တာလဲ"

လီရှင်း-"ကောကဒီကိုမလာရဘူးလား"

ရိပေါ်-"အဲ့.....အဲ့လိုတော့မဟုတ်ပါဘူး"

လီရှင်း-"ကောရိပေါ်ကိုအပြင်ခနခေါ်သွားမလို့....အဲ့တာလာခေါ်တာ"

ရိပေါ်အကျပ်တွေ့သွားသည်....ကျန့်ကောက သူ့ကိုမခေါ်ဖို့ ပြောထားသောကြောင့်ပင်။

လီရှင်း-"ခနလေးပါပဲရိပေါ်ရယ်....ပြီးရင်ကောပြန်ပို့ပေးမယ်"

ရိပေါ်-"ဟင်း...အင်းလိုက်ခဲ့မယ်"

ရိပေါ် pov*"ခနလေးပါပဲလေ....ခနလေးလိုက်သွားတာဘာမှမဖြစ်လောက်ပါဘူးဟု...တွေးကာလိုက်လာခဲ့သည်။"*

ကားပေါ်ရောက်တော့ လီရှင်းကောက သူ့ကိုရေတိုက်တော့ သောက်လိုက်ရာ....နောက်ပိုင်းဘာဆက်ဖြစ်သွားမှန်းသူမသိ...

ကျွီ........

သူအတွေးထဲနစ်မြောနေစဉ်...ကြားရသောတခါးသံကြောင့် ကြည့်လိုက်မိတော့...လီရှင်းကောပင်

ရိပေါ်-"လီရှင်းကော....ကျွန်တော်အခုဘယ်မှာလဲဟင်??"

လီရှင်း-"ကောမပြောပြနိုင်ဘူး...ရိပေါ်"

ရိပေါ်-"ကျန်...ကျန့်ကောဆီသွားရမယ်...ကျန့်ကောစိတ်ပူနေတော့မှာပဲ...ကောကျွန့်တော့်ကို ကျန့်ကောဆီ ပြန်ပို့ပေးပါနော်..."

ရိပေါ်မျက်ရည် များအတားအဆီးမဲ့စွာကျလျက် လီရှင်း ရှေ့တွင်ဒူးထောက်လျက်တောင်းပန်နေသည်.....သူကျန့်ကောစကားနားမထောင်မိတာမှားသည် ဟုလည်း စိတ်ထဲ၌အကြိမ်ကြိမ်အခါခါ ရေရွတ်ကာ ကျန့်ကောကိုသာ မျော်နေမိသည်....

အချစ်ဟူသည်.....(Complete)Where stories live. Discover now