Part-11(Follow me)⚠

4.1K 311 15
                                    

(Unicode)

(Follow me)
ရှောင်းကျန့် သူ့ပေါင်ပေါ်ကနေPeonyကိုယ်လေးကိုစားပွဲပေါ်ပင့်တင်လိုက်တော့Peonyကခုမှအလန့်တကြားသူ့နာမည်ကိုမုန့်တွေဝါးနေရင်းပလုတ်ပလောင်းအသံလေးနဲ့တတယ်။

"ဘာခုမှကျန့်ကျန့်လဲ...ကိုယ်ကကျားနော်ယုန်လေးမဟုတ်ဘူး...အရင်မစခင်ကိုယ့်အန္တရာယ်ကိုယ်မြင်သင့်တယ်..."

"ဟမ်...ကျန့်ကျန့် ကကျား..."

"အင်း...ကျားမှအသားသိပ်ကြိုက်တတ်တဲ့ကျား..."

Peonyကအခုထိသဘောမပေါက်သေးပုံမျက်လုံးလေးတွေတောင်ကြည့်မြောက်ကြည့်နဲ့နားမလည်သလိုစဥ်းစားဟန်ပြုပြီးမှတွေးတွေးစစနဲ့သူ့ကိုမေးခွန်းထုတ်တယ်။

"ကျားကဘယ်လိုမျိုးလဲဟင်ကျန့်ကျန့်..."

"အဟွန်း...ကျားဆိုတာ ဒီလိုဝေါင်း!!!ဆိုပြီးသားကောင်ကိုခုန်အုပ်တတ်တဲ့အကောင်ကြီး..."

"အ...အဟိ...ကျန့်ကျန့် ယားတယ်...ခစ်..."

ရှောင်းကျန့် Peonyအမေးကိုထိုင်နေရာမှထကာPeonyလည်တိုင်မှာမျက်နှာအပ်လို့ဝေါင်းလို့ဆိုကာတိုးဝှေ့ပြတော့Peonyကကလေးပေါက်စလေးလိုတခစ်ခစ်နဲ့။ရှောင်းကျန့်မျက်နှာကိုPeonyလည်တိုင်ကမခွာသေးဘဲPeonyလက်နှစ်ဖက်ကိုယူကာသူ့လည်တိုင်မှာရစ်သိုင်းစေလိုက်တယ်။

လက်တစ်ဖက်ကPeonyခါးကိုဖက်ကာနောက်တစ်ဖက်နဲ့Peonyခေါင်းကိုထိန်းကိုင်လိုက်ပြီးစားပွဲမျက်နှာပြင်နဲ့Peonyကျောပြင်တသားတည်းဖြစ်သွားတဲ့အထိဖြည်းဖြည်းချင်းလှဲချလိုက်တယ်။ရှောင်းကျန့်Peonyလည်တိုင်ကျော့ကျော့ကိုနမ်းရှိုက်နေရာကနေတစ်ချက်စုပ်နမ်းလိုက်တော့Peonyကိုယ်လေးကတွန့်ခနဲ။

"ကျန့်ကျန့်... အာ့...အဲ့ အဲ့ဒါကထူးဆန်းတယ်...ကျွန်တော်မနေတတ်ဘူး..."

ရှောင်းကျန့် Peonyစကားကြောင့်တစ်ချက်ပြုံးလိုက်မိကာလည်တိုင်ကအနမ်းဆက်ကိုPeonyနှုတ်ခမ်းထက်ကူးပြောင်းလိုက်တယ်။ရှောင်းကျန့်Peonyနှုတ်ခမ်းတခုလုံးကိုငုံထွေးကာနှုတ်ခမ်းလွှာလေးတွေကိုအပေါ်တလှည့်အောက်တလှည့်ညင်ညင်သာသာလေးစုပ်နမ်းသည့်တိုင်Peonyကဘာတုံ့ပြန်မှုမှမရှိဘဲငြိမ်ငြိမ်လေးခံယူနေတာကြောင့်ရှောင်းကျန့်အနမ်းတွေခတ္တရပ်တန့်ကာPeonyကိုအုပ်မိုးကြည့်ရင်း

ALIEN LOVER[Complete]Where stories live. Discover now