Part-17(Don't Cry Peony)

2.2K 226 0
                                    

(Unicode)

(Don't Cry Peony)
"ဟုတ်ပါတယ်Mr.Xiao...Mr.Xiaoအနေနဲ့ Mr.Xiaoရဲ့ချစ်သူကို silentတွဲနေတယ်ဆိုတာမဖြစ်သင့်ပါဘူး...ဒါမှမဟုတ် Mr.Xiaoရဲ့ချစ်သူမှာ လူအသိမခံနိုင်တဲ့အားနည်းချက်တခုခု ရှိနေလို့များလားခမျ..."

"မဟုတ်ဘူး!...အဲ့လိုလုံးဝမဟုတ်ဘူး...ကျွန်တော့်ချစ်သူမှာဘာချို့ယွင်းချက်မှမရှိဘူး..."

ရှောင်းကျန့် သတင်းmediaသမားတွေရဲ့အပြောကိုအကြောက်ကန်ငြင်းဆန်နေမိတယ်။ဟုတ်တယ် Peonyကအရမ်းပြည့်စုံတာ။ဂြိုလ်သားလေးဖြစ်နေတာကလွဲလို့ပေါ့။

"ဟုတ်ကဲ့...ဒါဆိုMr.Xiaoရဲ့ချစ်သူကဘယ်သူလဲဆိုတာသိပါရစေလားခမျ..."

ရှောင်းကျန့် တော်တော်စဥ်းစားရကျပ်နေလေပြီ။mediaတွေကလည်းသူPeonyကိုချမပြမချင်းရပ်ကြမယ့်ပုံမပေါ်ဘူး။ကျန်းချန်တို့အဖွဲ့ကိုလှမ်းကြည့်လိုက်တော့Peonyကဘာမှမသိလို့ပကတိငြိမ်သက်နေပေမဲ့ဟောက်ရွှမ်းတို့ကျိရန်တို့ကတော့ကိုယ်စီမျက်နှာပေါ်မှာစိုးရိမ်စိတ်တွေဖြတ်ပြေးနေတာသိသာလွန်းတယ်။

ဝမ်ချင်ကPeonyကိုတလှည့်ကြည့်လိုက်သူ့ကိုပြန်ကြည့်လိုက်နဲ့ခေါင်းတခါခါ။ဒေါ်ရိုစီကရှောင်းကျန့်မူပျက်နေတာကိုမြင်ပြီးတခုခုကိုရိပ်စားမိသလိုmediaတွေရှေ့မှာမို့ဟန်ဆောင်အပြုံးလေးနဲ့ခနဲ့တဲ့တဲ့ပြောတယ်။

"ဟုတ်သားပဲ...သားကျန့်ရဲ့ တခါတည်းXiaoလုပ်ငန်းစုဆက်ခံသူရဲ့အနာဂတ်သတို့သမီးလောင်းလေးကို မိတ်ဆက်ပေးလိုက်ရင်းမကောင်းဘူးလား... ဘာလဲ အဲ့ကိစ္စတွက်သားကျန့်မှာအခက်ခဲရှိနေလို့လား..."

ရှောင်းကျန့် ဒေါ်ရိုစီ့စကားကြောင့်စုပ်တစ်ချက်သပ်ကာ မျက်လုံးအစုံကိုမှိတ်လို့ ဦးနှောက်ကိုအ​ပြေးအလွှားအလုပ်ပေးလိုက်တယ်။Peonyကလူသားမဟုတ်ဘူးဆိုတာတော့ဘယ်နည်းနဲ့မှလူတွေကိုပေးသိလို့ဖြစ်မှာမဟုတ်ဘူး။

အဲ့လိုဆိုPeonyမှာအန္တရာယ်တွေဝိုင်းဝိုင်းလည်လာမှာ။ဒါမဲ့ခုခြေနေကလည်းPeonyကိုထုပ်ပြမှဖြစ်မယ့်အခြေနေ။ရှောင်းကျန့်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလို့လူအုပ်ကြီးကိုကျော်ကာPeonyကိုလှမ်းကြည့်လိုက်တယ်။

ALIEN LOVER[Complete]Where stories live. Discover now